Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကြားအင်းဆိပ်ကြီးအခြေစိုက် စစ်ကောင်စီတပ်မှ တပ်သားတစ်ဦး လက်နက်နှင့်အတူ KNUထံပူးပေါင်းလာ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)တပ်မဟာ (၆)တပ်ရင်း (၁၇)ထံသို့ ခလရ-၃၂ တပ်ရင်းမှ တပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ လာရောက်ပူးပေါင်းခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။

ခလရ-၃၂တပ်ရင်းမှ တပ်သားတစ်ဦး ယူဆောင်လာသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - KNU

ဟန်နွေ/People’s Spring

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)တပ်မဟာ (၆)တပ်ရင်း (၁၇)ထံသို့ ခလရ-၃၂ တပ်ရင်းမှ တပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ လာရောက်ပူးပေါင်းခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။

သြဂုတ်လ ၁၉ ရက်တွင် ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံတပ် ခလရ-၃၂ တပ်ရင်းမှ အသက် (၂၁)နှစ် အရွယ်ရှိ တပ်သား ဇင်မင်းအောင်က လက်နက်၊ ကျည်နှင့် စစ်အသုံးအဆောင်ပစ္စည်းများနှင့်အတူ ပူးပေါင်းလာခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

MA-1 ၂လက်၊ ကျည်ဘောက် (၈) ခု၊ ကျည် ၂၀၀ ကျော်၊ အီနာဂါ (၁)လုံး နှင့် အီကွေးမင့် (၁) စုံ တို့ ယူဆောင်လာသည့် အဆိုပါတပ်သားကို ငွေကြေးထောက်ပံ့ပေးခဲ့ကြောင်း အသိပေးထားပြီး ထောက်ပံ့မှု ပမာဏကို ဖော်ပြမထားပေ။

ထို့ပြင် တပ်သား ဇင်မင်းအောင်အား ၎င်း၏ ဘဝရှေ့ရေးအတွက် ကူညီဆောင်ရွက်စီစဥ် ပေးခဲ့ကြောင်းလည်း KNUက ထုတ်ပြန်သည်။

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်များကို KNLA နှင့် ပူးပေါင်းတပ်များက မကြာခဏ တိုက်ခိုက်မှုများ၊ စခန်သိမ်းတိုက်ပွဲများ ဆင်နွှဲလေ့ရှိခဲ့ပြီး ယခုရက်ပိုင်းများတွင်လည်း အဆိုပါဒေသ၌ တိုက်ပွဲဖြစ်ပွားမှု ရှိနေကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က အတည်ပြုသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က မိုးမောက်မြို့ ခမရ(၄၃၇) တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်စဉ် စခန်းမှ ဆုတ်ခွာထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများအား ကြားဖြတ်တိုက်ခိုက်ခံရပြီး သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက်တော်လှန်ရေးအင်အားစုများအကြားပူးပေါင်းဆောင်ရွက်နေမှုကို ကန်နိုင်ငံခြားရေးဌာန၊အတိုင်ပင်ခံပုဂ္ဂိုလ်ချီးကျူးဟုCNFထုတ်ပြန်

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်အတွင်းရှိ ကျောက်ကြီး(လယ်ဒို)မြို့နယ်နှင့် မုန်း(မူး)မြို့နယ်တို့တွင် စစ်ကောင်စီက ​ဒေသခံပြည်သူများကို ပစ်ခတ်တိုက်ခိုက်​​နေသည့်အပြင် ရေဘေးပါကြုံ​နေ၍ အ​ရေး​ပေါ်အကူအညီများလိုအပ်​နေ​ကြောင်း လယ်ဒိုနှင့်မူး မြို့နယ်ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီ တို့က ထုတ်ပြန်သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ဖာပွန် ခရိုင်(မူတြော်ခရိုင်)တွင် ယခု ဩဂုတ်အတွင်း တိုက်ပွဲ အကြိမ် ၆၀နီးပါးဖြစ်ပွားခဲ့ရာစစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများ ရှိခဲ့ကြောင်း KNUဗဟိုက သတင်းထုတ်ပြန်သည်။