close
Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ဆိုင်းတောင်၌ သုံးရက်ဆက် တိုက်ပွဲပြင်းထန်ပြီး ရဲစခန်းအား KIA ထိုးစစ်ဆင်

ကချင်ပြည်နယ် ဖားကန့်မြို့ ဆိုင်းတောင်တွင် တိုက်ပွဲသုံးရက်ဆက်ပြင်းထန်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

စက်တင်ဘာ ၉ရက်က ဆိုင်းတောင်ဒေသ၌ တိုက်ပွဲဖြစ်ပြီး နေအိမ်များထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - MANW

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ဖားကန့်မြို့ ဆိုင်းတောင်တွင် တိုက်ပွဲသုံးရက်ဆက်ပြင်းထန်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

ဖားကန့်မြို့နယ် ဆိုင်းတောင်တွင် စက်တင်ဘာ ၇ရက်ကစတင်ပြီး KIA ပူးပေါင်းတပ်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားနေခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ ၉ရက်အထိ KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့ အပြန်အလှန်တိုက်ခိုက်မှု ဖြစ်ပြီး တိုက်ပွဲပြင်းထန်နေကြောင်း၊ KIA ပူးပေါင်းတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း KIAက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၉ရက်အထိ ဆိုင်းတောင် ရဲစခန်းကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်ဟုလည်း အသိပေးသည်။ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံး အခြေအနေများကို ဖော်ပြထားခြင်းမရှိပေ။

ဒေသခံအချို့က တိုက်ပွဲဖြစ်ပွားမှု ရုပ်သံမှတ်တမ်းများကိုဖော်ပြရာ လက်နက်ငယ်ပစ်ခတ်မှု၊ လက်နက်ကြီး ပစ်ခတ်မှု အသံများကိုကြားရသည်။ ထို့ပြင် ဆိုင်းတောင်ဒေသခံများ ဘေးလွတ်ရာ ရှောင်တိမ်းနေကြရသည်ဟုဆိုသည်။

စက်တင်ဘာ ၉ရက်က ဆိုင်းတောင်ဒေသ၌ တိုက်ပွဲဖြစ်ပြီး နေအိမ်များထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – MANW

စစ်ကောင်စီဘက်က ပြည်သူများကို မြို့အတွင်း ပိတ်ဆို့ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်ခဲ့ခြင်းသာမက လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ပြည်သူလူထုထိခိုက်မှု၊ နေအိမ်ထိခိုက်မှုများ ရှိခဲ့ကြောင်း KIAက အသိပေးသည်။

စစ်ကောင်စီသည် စက်တင်ဘာ ၇ရက်တွင် ဖမ်းဆီးခဲ့သည့် ပြည်သူများအား ယမန်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်ဟု ဒေသခံအချို့က အသိပေးထားသကဲ့သို့ KIA သတင်းပြန်ကြားရေးကလည်း ဖော်ပြခဲ့သည်။

ဆိုင်းတောင်ရှိ ဟိုတယ်တစ်ခု၌ စစ်ကောင်စီ ဖမ်းထားသည့် ပြည်သူ ၂၀၀ကျော် ယမန်နေ့တွင် ပြန်လွှတ်ပေးခဲ့သော်လည်း အချို့ကို PDFဟု စွပ်စွဲကာ စစ်ကောင်စီက ပစ်သတ်ခဲ့ကြောင်း သတင်းများထွက်ပေါ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ လက်အောက်ခံနယ်ခြားစောင့်တပ်(BGF)နှင့် ပြည်သူ့စစ်ခေါင်းဆောင် ဦးစခုန်တိန့်ယိမ်းက ထုတ်ပြန်ခဲ့သည့် စစ်မိန့်မှာ မထုတ်ပြန်သင့်သည့် စစ်မိန့်ဖြစ်ကြောင်း ကချင်လွတ်လပ်ရေး အဖွဲ့(KIO)ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ယနေ့ လူမှုကွန်ရက်တွင် ဖော်ပြရေးသားခဲ့သည်။

သတင်း

တိုက်ပွဲတွင် PCGခေါင်းဆောင် ဦးယွပ်ဇော်ခေါင် လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရဟုဆို

သတင်း

ဖားကန့်၊ ဆိုင်းတောင်ကျေးရွာတွင်ယနေ့(စက်တင်ဘာလ ၈ရက်)ညနေ ၃နာရီခွဲမှစ၍စစ်ကောင်စီတပ်နှင့်ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ၊KPDF ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားနေသည်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့တွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားလျှက်ရှိရာ အင်အား ၅၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခုပြန်ဆုတ်သွားစဥ် ဒဏ်ရာရသူများကိုပါ ရေကြောင်းမှတဆင့် ပုလောမြို့ဘက်သို့ ပြန်လည်ခေါ်ဆောင်သွားကြောင်း ပုလောမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Facebook