close
Connect with us

Hi, what are you looking for?

သတင်း

ရေဖြူမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၍ အထိနာနေ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်တိုက်ခိုက်ခံရ၍ထိခိုက်သေဆုံးသူများနေကြောင်း ဒေါနစစ်ကြောင်း -၂ YGFက ယနေ့(ဩဂုတ် ၂၉ရက်) ထုတ်ပြန်သည်။

ဒေါနစစ်ကြောင်း-၂ YGF မှ ရဲဘော်များ။ ဓာတ်ပုံ - YGF

သြဂုတ်-၂၉၊ ၂၀၂၅။ဇော်ဝင်း /People’s Spring

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်တိုက်ခိုက်ခံရ၍ထိခိုက်သေဆုံးသူများနေကြောင်း ဒေါနစစ်ကြောင်း -၂ YGFက ယနေ့(ဩဂုတ် ၂၉ရက်) ထုတ်ပြန်သည်။

သြဂုတ် ၁၉ရက်မှ၂၅ရက်အထိ ကော့လှိုင် ကျေးရွာအနီး တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ် ကောင်စီတပ် အရာရှိနှင့် တပ်သား ၃၀ထက်မနည်း ထိခိုက်သေဆုံးမှုများရှိခဲ့သည်ဟု YGF ကဆိုသည်။

ယခု စစ်ကောင်စီတပ် စစ်ကြောင်းတွင် ခမရ (၄၀၉)၊ခမရ (၄၀၈)၊ခမရ (၄၁၀)၊ခလရ (၂၈၂)တပ်ရင်းနှင့် ခလရ(၂၇၃)တပ်ရင်းစသည့် တပ်ရင်း ငါးခုပေါင်း၍ စစ်ကြောင်းထိုးနေသည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“အမှတ်၈ ပြည်ထောင်စုလမ်း(မော်လမြိုင်-ရေး-ထားဝယ်)ကို ဒီ သုံးလအတွင်း သူတို့အပြီးထိန်းချုပ်ဖို့အစီစဥ်ရှိတယ်”ဟု စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ၏ ရည်ရွယ်ချက်ကို နည်းဗျူဟာ (၃၃)အထူးစစ်ဆင်ရေးမှူး စောဒါးကို က ပြောသည်။

ဩဂုတ် ၁၉ ရက်တိုက်ပွဲတွင် ခလရ (၂၈၂)တပ် ရင်းမှ လက်နက်ကြီးပစ်ကူပေးပြီးအင်အား ၁၅၀ ဖြင့်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်တပ် ကြောင်းကို ကော့လှိုင်နှင့် မရမ်းချောင်းကျေးရွာ ကြားတွင် တိုက်ခိုက်ခဲ့ကြောင်း အသိ​​ပေးသည်။

၂နာရီခန့်ကြာထိုတိုက်ပွဲတွင် စစ်ကောင်စီ တပ်သား ၂၀ ခန့်သေဆုံးပြီး ဒဏ်ရာရသူများကို ခမရ (၄၀၈)တပ်ရင်း သယ်ဆောင်သွားသည်ဟု ဆိုသည်။

သြဂုတ် ၂၀ ရက်တွင် စစ်ကောင်စီကအင်အားထပ်ဖြည့်ပြီး မရမ်းချောင်းကျေးရွာအတွင်း ထပ်မံဝင် ရောက်ခဲ့ပြီး ဒေသခံပြည်သူများအား လူသားဒိုင်းလုပ်ကာ ကျေးရွာသို့ထွက်လာစဥ် ထိတွေ့မှု ဖြစ်ခဲ့ကြောင်း သိရသည်။

မရမ်းချောင်းကျေးရွာ ဘုန်းကြီးကျောင်းအနီးနှင့် မရမ်းချောင်း -မိုင် ၆၀ ကျေးရွာကြားတွင် သြဂုတ် ၂၂ ရက်မှ ၂၅ ရက်အထိ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

စစ်ကောင်စီစစ်ကြောင်းထိုးရာ ကျေးရွာများရှိ ပြည်သူပိုင်ပစ္စည်းများဖောက်ထွင်းခိုးယူခံခဲ့ရသည့်အပြင် မိုင် ၆၀ ကျေးရွာမှ အသက်(၈၀) အရွယ် အဖိုး၊အဖွားနှစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း YGFက ပြောသည်။

ထို့အပြင် သေဆုံးသူရုပ်အလောင်းများသွားသယ်သည့် ရွာသား ၁၀ ဦးခန့်ကိုလည်း စစ် ကောင်စီတပ်က ဖမ်းဆီးထားကြောင်း အသိပေးသည်။

ထိုသို့ကျူးလွန်မှုများကိုခမရ(၄၀၉)တပ်ရင်းမှ ဗိုလ်မှူးစိုးမိုးကျော်၊ဒုတပ်ရင်းမှူး ဗိုလ်ကြီးဝင်းမင်းစိုး၊ဗိုလ်ကြီး အံ့ဘုန်းကျော်၊ခလရ (၂၈၂)တပ်ရင်းမှ ဗိုလ်ကျော်မိုးခိုင်တို့ လုပ်ဆောင်ခဲ့​ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

စစ်ကောင်စီထိုးစစ်ကို YGF ၊ဒေါနစစ်ကြောင်း ၃ KBDF၊မွန်ပြည်တော်လှန်ရေးတပ် MSRF၊KNLA တပ်မဟာ ၆ တပ်ရင်း ၂၇၊ရေးသိန်းငှက်တပ်ဖွဲ့၊ABSDF တပ်ရင်း ၁၊ရာမညမွန်တပ်တော်၊ရေးဘီလူး တပ်ရင်း၊နည်းဗျူဟာ ၃၃ အထူးစစ်ဆင်ရေး အဖွဲ့နှင့် ကြယ်လင်းရောင်(ဆာကပေါ)တပ်ရင်းတို့ ပူးပေါင်း တိုက်ခိုက်နေကြောင်း သိရသည်။

စစ်ကောင်စီသည် မြန်မာ-ထိုင်းနယ်စပ် နတ်အိမ်တောင် စခန်းကို စစ်အင်အားဖြည့်တင်းနိုင်ရန် ကြိုးပမ်းမှုကြောင့် ဩဂုတ်လဆန်းကစ၍ ရေဖြူမြို့နယ်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ် နေသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ ဩဂုတ် ၁၉ရက်မှ ၂၅ရက်အတွင်း တိုက်ပွဲများ နေ့စဉ် နီးပါး ဖြစ်ခဲ့ဟု မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်သည်။

သတင်း

ဝိုင်းမော်မြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ထိန်းချုပ်ထားသည့်လမြန်ကျေးရွာကို စစ်ကောင်စီက မြေပြင်စစ်ကြောင်းမထိုးနိုင်၍ လေကြောင်းမှ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

စစ်ကိိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် တောင်ဘက်၌ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့်ပျူစောထီး ပူးပေါင်းအဖွဲ့သည် (၆၀)ကျော်အရွယ်အမျိုးသမီးအချို့ကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

သတင်း

တနသ်ာရီတိုင်း၊သရက်ချောင်းမြို့နယ်မှာ စစ်တပ်က ရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာတွေလုပ်နေတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက People's Spring ကို ပြောပါတယ်။