close
Connect with us

Hi, what are you looking for?

သတင်း

တရားမဝင်ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြဖို့ စစ်ကိုင်းဒေသခံတွေ ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို လူထုအားနဲ့ တိုက်ဖျက်ဖို့ ဒီကနေ့ (စက်တင်ဘာ ၁)မှာ အသီးသီး ဆန္ဒပြခဲ့ပါတယ်။

စက်တင်ဘာ-၁၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို လူထုအားနဲ့ တိုက်ဖျက်ဖို့ ဒီကနေ့ (စက်တင်ဘာ ၁)မှာ အသီးသီး ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာ နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ် စစ်ကြောင်းမှ စစ်ကောင်စီကပြုလုပ်မယ့် တရားမဝင်ရွေးကောက်ပွဲကို ပြည်သူတစ်ရပ်လုံးက ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ် ဆိုင်းဘုတ်နဲ့ပုသိမ်မုံရွာလမ်းမကြီးတနေရာမှာ ၅/ဆလကလူထုသပိတ်စစ်ကြောင်းဖော်ဆောင်ရေးကွန်ရက်မှ ဆားလင်းကြီးမြို့နယ်ပလဖ၊ မျိုးဆက်သစ်လူသစ်လူငယ်LPDF အဖွဲတို့နဲ့ ပူးပေါင်းကာ “တရားမဝင်တဲ့အတုအယောင်ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ၊ သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့” စာသားတွေကို ရေးသားဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းနဲ့ ပြည်သူ့အားမာန်သပိတ်စစ်ကြောင်းက “သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့” စာသားဖြင့် စစ်ကောင်စီရဲ့ တရားမဝင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း စစ်တပ်ကစစ်ကြောင်းတွေထိုးနေတဲ့ ကြားက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်

ဆက်စပ်သတင်းများ

သတင်း

ဖားကန့်မြို့တွင် စစ်ကောင်စီတပ်က အရပ်သားများအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF တပ်ဖွဲ့ဝင်များဟုစွပ်စွဲ ဖမ်းဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။

ဆောင်းပါး

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုနဲ့ ကျောက်မဲကြားက သမိုင်းဝင် ဂုတ်ထိပ်တံတားကြီး မနေ့က သြဂုတ် ၂၄ ရက်နေ့မှာ မိုင်းခွဲခံခဲ့ရပါတယ်။ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ် ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ မသိရသေးပေမဲ့ စစ်အုပ်စုက TNLA လက်ချက်ဆိုပြီး ဦးအောင်ဝါဒဖြန့်ပါတယ်။TNLA ကလည်းစစ်တပ်လက်ချက်ဆိုပြီး​ပြောပါတယ်။

သတင်း

စစ်အာဏာရှင်သက်ဆိုးရှည်မည့် ရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်တိုက်ပွဲဝင်ကြရန် ကယန်းအမျိုးသားတပ်မတော်(KNA)က ယနေ့ ဩဂုတ်၂၀ရက်တွင် ထုတ်ပြန်သည်။

သတင်း

စစ်​ကောင်စီလက်​အောက်တွင် ရုပ်ရှင်ရုံတင်စနစ်အရ တစ်လလျှင် မြန်မာဇာတ်ကား ရှစ်ကားခန့် ရုံတင်ပြသနေသောကြောင့် ကြည့်ရှုသူနည်းလာပြီးထုတ်လုပ်သူများအရှုံးပေါ်နေကြောင်း ရုပ်ရှင်လောကသားအချို့က ပြောသည်။