close
Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ(၄)နယ်မြေတွင် စစ်တပ် စစ်ရေးလှုပ်ရှားမှု ပြန်ငြိမ်

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄) နယ်မြေသို့ အာဏာသိမ်းစစ်ကောင်စီတပ်က ထိုးစစ်ဆင်နေမှုများ လတ်တလောပြန်ငြိမ်နေကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) သတင်းရင်းမြစ်က ပြောသည်။

တပ်မဟာ(၄)နယ်မြေ ရှေ့တန်းစစ်မြေပြင်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ရဲဘော်များ။ဓာတ်ပုံ − KNU - Mergui-Tavoy District

စက်တင်ဘာ−၁၊၂၀၂၅။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄) နယ်မြေသို့ အာဏာသိမ်းစစ်ကောင်စီတပ်က ထိုးစစ်ဆင်နေမှုများ လတ်တလောပြန်ငြိမ်နေကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ် သည် တနင်္သာရီတိုင်း မောတောင်လမ်းပိုင်း၊ ထားဝယ်-မေတ္တာလမ်း၊ ရေဖြူမြို့နယ် ကလိန်အောင်-နတ်အိမ်တောင် နယ်စပ်စခန်းသို့ စစ်ကောင်စီက စစ်အင်အားဖြည့်တင်းရန် စစ်ကြောင်းထိုး လှုပ်ရှားမှုများရှိခဲ့ရာ KNLAနှင့် မဟာမိတ်တပ်များ၏ တိုက်ခိုက်မှုကြောင့် ဩဂုတ်လအတွင်း တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

“စကစတို့ ဆက်ပြီး ထိုးဖောက်မရဘူး။ ကလိန်အောင်ဘက်ရော မေတ္တာဘက်ရော မောတောင်ဘက်ရော သူတို့ ငြိမ်နေတယ်။ ဆက်ထိုးရင်တော့ တိုက်ပွဲဖြစ်မှာ သေချာတယ်။” ဟု KNLA သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် တနင်္သာရီ – မောတောင်လမ်းပိုင်း ထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင်နေသည်မှာ တနှစ်နီးပါးရှိပြီဖြစ်သော်လည်း သိန်ခွန်းရွာမှ ရှေ့မဆက်နိုင်ဘဲ ဖြစ်နေသည်ဟု KNLA သတင်းရင်းမြစ်က ပြောသည်။

“သူတို့က မောတောင်ဘက်မှာတော့ တော်တော်များများ ဒရုန်း အသုံးပြုလာတာတွေ့တယ်”ဟု ၎င်းက ပြောသည်။

အလားတူ ထားဝယ်-မေတ္တာ-ထီးခီးသို့ ဦးတည်တက်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကိုလည်း KNLA ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အထိနာခဲ့ပြီး ယာဉ်ပျက်စီးမှုလက်နက်ခဲယမ်း ဆုံးရှုံးမှုများ ရှိခဲ့သည်။

” သူတို့က ဒီနယ်စပ် ပြန်စိုးမိုးဖို့အတွက် အင်အားဖြည့်တာ လုပ်မှာတော့ သေချာတယ်။ ဒါပေမဲ့သူတို့ဘယ်လောက်အထိ အတိုင်းအတာ လုပ်နိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပေါ့” ဟု KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းထိုး လှုပ်ရှားပါက တော်လှန်ရေးပူးပေါင်းတပ်ကလည်း ပြန်ခုခံရန် အသင့်ရှိသည်ဟု ပြောသည်။

“၂၈ရက်နေ့မှာ ကျနော်တို့ KNU/KNLAကို မတရားအသင်းအဖြစ်ကြေညာလိုက်တဲ့နောက်ပိုင်းကိုတော့ သူတို့ ဘယ်လို စစ်ရေးပြန်လည်ဖောဆောင်မလဲ ကျနော်တို့လည်းစောင့်ကြည့်မှာပေါ့” ဟု KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီသည် KNUကို အကြမ်းဖက်အုပ်စုအဖြစ်လည်းကောင်း၊ မတရားအသင်းအဖြစ်လည်းကောင်း ကြေညာခဲ့ရာ ပြည်သူကို သတ်ဖြတ်နှိပ်စက်နေသည့် စစ်ကောင်စီ၏လုပ်ရပ်သည် သူခိုးမှ လူပြန်ဟစ်ခြင်းဖြစ်ပြီး ဂရုစိုက်ရန်မလိုကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားမြစ်ပိတ်ပင်ခြင်းနှင့်ကျား/မ ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာကတိကဝတ်ပြုလွှာအားထပ်လောင်းအတည်ပြုခြင်းနှင့် အကောင်အထည်ဖော်ခြင်းအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများအားလုံးသို့ ညွှန်ကြားချက်ကို ကရင်အမျိုးသားအစည်း အရုံး(KNU) ဗဟိုက ယနေ့ စက်တင်ဘာ ၁ရက်တွင် ထုတ်ပြန်သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာကြောင်း အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ခဲ့ခြင်းမှာ သူခိုးက လူပြန်ဟစ်သည့် လုပ်ရပ်ဖြစ်သည်ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက တုံ့ပြန်ပြောကြားသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄) နယ်မြေ သရက်ချောင်းမြို့နယ်(ကစယ်ဒိုမြို့နယ်)တွင် အာဏာသိမ်းစစ်တပ်က အရပ်သား ပြည်သူ ၂ဦး သတ်ဖြတ်ပြီး နေအိမ်များ မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)ရှိ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) တပ်ရင်း(၈)ထံသို့ ကော်သူးလေအာမီ(KTLA)တပ်ဖွဲ့ဝင်များ ပြန်လည်ပူးပေါင်းလာဟု ကရင်သတင်းရင်းမြစ်က ပြောသည်။