close
Connect with us

Hi, what are you looking for?

သတင်း

နယ်မြေမဆုံးရှုံးစေရေးနဲ့ ပြည်သူ့အကာအကွယ်ပေးရေး ဦးစားပေးသွားမယ်လို့ အထူးတိုင်းစစ်ဌာန အသိပေး

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအကြောင်းပြ နယ်မြေချဲ့ထွင်ရေး ထိုးစစ်ဆင်နေတဲ့အပေါ် နယ်မြေလုံးဝမဆုံးရှုံးရေးနှင့် ပြည်သူ့လုံခြုံရေး၊ ပြည်သူလူထုအား အကာအကွယ်ပေးရေးကို ဦးစားပေးလုပ်ဆောင်သွားမယ်လို့ အထူးတိုင်းစစ်ဌာနက ဒီကနေ့ စက်တင်ဘာ ၃ ရက်မှာ အသိ ပေးထုတ်ပြန်ပါတယ်။

​ရွှေကျင်မြို့နယ်ရှိ ခမရ (၅၉၈) တပ်ရင်းဌာနချုပ်သိမ်းတိုက်ပွဲမှာ သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေ ကို ရဲ​ဘော်​အောင်စံရှားအပါအဝင်တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေကို​တွေ့ရစဥ်။ ဓါတ်ပုံ-SOF

စက်တင်ဘာ-၃၊၂၀၂၅။ကျော်ဇော/People’s Spring

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအကြောင်းပြ နယ်မြေချဲ့ထွင်ရေး ထိုးစစ်ဆင်နေတဲ့အပေါ် နယ်မြေလုံးဝမဆုံးရှုံးရေးနှင့် ပြည်သူ့လုံခြုံရေး၊ ပြည်သူလူထုအား အကာအကွယ်ပေးရေးကို ဦးစားပေးလုပ်ဆောင်သွားမယ်လို့ အထူးတိုင်းစစ်ဌာနက ဒီကနေ့ စက်တင်ဘာ ၃ ရက်မှာ အသိ ပေးထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF စစ်ရုံးချုပ်၏ မဟာဗျူဟာ စစ်ရေးရည်မှန်းချက်များ၊ EROs များ၏ စစ်ရေးရည်မှန်းချက်များအား အတူတကွ လက်တွဲဖော်ဆောင်သွားမှာဖြစ်သလို စစ်တောင်းမြစ်ဝှမ်းအခြေပြု၍ ပဲခူး၊ ရန်ကုန် စစ်ဆင်ရေးများကိုလည်း နီးစပ်ရာတိုင်းစစ်ဌာနများနှင့်အတူ လက်တွဲချိတ်ဆက် ဖော်ဆောင်သွားမယ်လို့ ဖော်ပြပါတယ်။

“အဓိကကတော့ အထူးတိုင်းစစ်ဌာနအောက်မှာရှိတဲ့ ဗျူဟာတွေ၊ တပ်ရင်းတပ်ဖွဲ့တွေအကုန်လုံးက တောင်ပိုင်းမှာဆိုလို့ရှိရင် လက်ရှိစစ်ဆင်ရေးတွေဆောင်ရွက်နေတယ်။ အောင်မြင်မှုလည်းရထားပြီးသား တပ်ရင်းတပ်ဖွဲ့တွေဖြစ်တာပေါ့နော်။ ဒါကြောင့်ပြည်သူလူထုအနေနဲ့လည်း ကျနော်တို့အားလုံးရဲ့ စုစည်းပြီးတော့ ရှေ့ဆက်ဆောင်ရွက်မယ့် စစ်ဆင်ရေးတွေမှာ ဝန်းရံအားဖြည့်ပေးဖို့ အဲဒါလေးကိုလည်း အဓိကပြောလိုပါတယ်။ တိုင်းစစ်ဌာနအနေနဲ့ဆိုရင်လည်း ပြည် သူလူထုကို အကာအကွယ်ပေးရေးကို အဓိကဆောင်ရွက်သွားမယ်ဆိုတာကို ပြောလိုပါတယ်” လို့ တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားက လူထူနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

အထူးတိုင်းစစ်ဌာနဟာ ကရင်ပြည်နယ်နှင့်မွန် ပြည်နယ်တွင် အခြေပြုဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF နည်းဗျူဟာများ၊ တပ်ရင်း/တပ်ဖွဲ့များ၊ ဒရုန်းလက်ရုံးတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များဖြင့် စုဖွဲ့ထားတဲ့ တိုင်းစစ်ဌာနတခုဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလထဲက စတင်ခဲ့တာဖြစ်ပြီး ယခုမှသာ ပြည်သူထံအသိပေးချပြတာလို့ ဆိုပါတယ်။

စစ်ရေးလှုပ်ရှားမှုများအနေဖြင့် KNU/KNLA တပ်များနှင့်အတူ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နဲ့ ရေး – ထားဝယ်ဒေသများအပြင် ပဲခူးတိုင်းစစ်ဌာန၊ ရန်ကုန်တိုင်းစစ်ဌာနများနှင့်ပါ ပူး ပေါင်း၍ ပဲခူးတိုင်းအတွင်းရှိ နယ်မြေတချို့တွင် စစ်ရေးဖော်ဆောင်ကာ နယ်မြေစိုးမိုးရေးလုပ် ငန်းများ ဆောင်ရွက်လျက်ရှိတယ်လို့ အသိပေးပါတယ်။

အထူးတိုင်းစစ်ဌာနရဲ့စစ်ဆင်ရေးကွပ်ကဲမှုအောက်မှာ ကာကွယ်ရေးဝန်ကြီးဌာန၊ တပ်ရင်းအတည်ပြုကုတ် မကျသေးပဲ (စိစစ်ဆဲ) PDF တပ်ရင်း ၃ ရင်းနှင့် ဒရုန်းတပ်ဖွဲ့ (၂)ဖွဲ့၊ ပကဖများအနေဖြင့် မွန် ပကဖ၊ ရန်ကုန် ပကဖ၊ ပဲခူးခရိုင်ပက တို့လည်း စစ်ဆင်ရေးကွပ်ကဲမှုအောက်မှာ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ပါတယ်။

အထူးတိုင်းစစ်ဌာနမဖွဲ့မီ စတင်စုဖွဲ့ချိန်မှစပြီး စစ်ရေးအောင်မြင်မှုများအနေဖြင့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မဲပလီဗျူဟာ စခန်းကုန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း၊ လှဂွန်းပျိုစခန်းမှ တပ်ရင်းမှူးအပါ အခြားအဆင့် တပ်သား (၁၆)ဦး လက်နက်များနှင့် အလင်းဝင်ရောက်နိုင်အောင် စည်းရုံးနိုင်ခြင်း၊ ပဲခူးတိုင်း ရွှေကျင်မြို့ နယ်ရှိ ခမရ-၅၉၈ တပ်ရင်းဌာနချုပ်အား တိုက် ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ထိစပ်နေသော ထိုင်းမြန်မာနယ်စပ်ရှိ ရန်သူ့အထိုင်စခန်းများအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

အခုလက်ရှိမှာလည်း KNLA တပ်ဖွဲ့များနှင့်အတူ ထိုင်းမြန်မာနယ်စပ်စခန်းသိမ်းတိုက်ပွဲများ၊ ဖာပွန်မြို့သိမ်းတိုက်ပွဲနှင့် အနန်းကွင်းဗျူဟာစခန်းသိမ်း တိုက်ပွဲများလည်း ဆက် လက်ဖော်ဆောင်လျက်ရှိနေတယ်လို့ အထူးတိုင်းစစ်ဌာနမှ အသိပေးထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံက အကြမ်းဖက်စစ်အုပ်စုကိုအသိမှတ်ပြုခြင်းအား ဆိုင်းငံ့ထားဖို့ကိစ္စအပါအဝင် အချက် ၃ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က စက်တင်ဘာ ၁ ရက်​မှာ တိုက်တွန်းစာ ပေးပို့လိုက်တယ်လို့ သိရပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီ ကြိုးပမ်းနေသည့် ရွေးကောက်ပွဲအပေါ် မည်သည့် ပူးပေါင်းဆောင်ရွက်မှုမျိုး လုပ်ဆောင်သည့်ဖြစ်စေ အရေးယူမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အထူးတိုင်းစစ်ဌာန ကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားက သတိပေး ပြောကြားလိုက်သည်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ဒီကနေ့ (စက်တင်ဘာ ၂)မှာ "ဖက်ဆစ်ရွေးကောက်ခွေးထွက်ပေါက် မဲမပေးနဲ့သပိတ်မှောက်" ကြွေးကြော်ပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို မဲမပေးပဲ ဆန့်ကျင်ကြဖို့ ဆန္ဒပြခဲ့ပါတယ်။

သတင်း

လူချွန်လူကောင်းသီချင်းအား ပါတီမဲဆွယ်သီချင်းအဖြစ် အသုံးပြုမည်ကို ကန့်ကွက်ကြောင်းဆရာမြို့မငြိမ်း၏မိသားစုကယနေ့စက်တင်ဘာ ၂ ရက်တွင် အသိပေးကြေညာသည်။

Facebook