Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုနယ် ဗြိဘအနောက်ရွာကို စစ်အုပ်စုမီးရှို့ဖျက်ဆီး၍ နေအိမ် ၆၀ကျော် ပြာကျ

ယနေ့(ဒီဇင်ဘာလ ၁၈ ရက်) နံနက် ၅နာရီခန့်တွင် ဗြိဘ(အနောက်)ရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြရာ နေအိမ်အလုံး ၆၀ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း Yesagyo Township INFO Committeeက ပြောသည်။

(မီးရှို့ဖျက်ဆီးခံနေရသည့် ရေစကြိုနယ် ဗြိဘအနောက်ရွာအားတွေ့ရစဥ်၊ ဓာတ်ပုံ- Yesagyo Township INFO Committee)
(မီးရှို့ဖျက်ဆီးခံနေရသည့် ရေစကြိုနယ် ဗြိဘအနောက်ရွာအားတွေ့ရစဥ်၊ ဓာတ်ပုံ- Yesagyo Township INFO Committee)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဗြိဘ(အနောက်)ကျေးရွာတွင် စစ်ကောင်စီတပ်နှင့်ပျူစောထီး များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၆၀ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ​ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့(ဒီဇင်ဘာ ၁၇ ရက်)က ရေစကြိုမြို့နယ်၊ ဗြိဘကျေးရွာအုပ်စု၊ ဗြိဘ(အနောက်)ရွာကို ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းတွင် တပ်စွဲကာ ကျေးရွာအတွင်းမှ နေအိမ်များကို မွှေနှောက်ဖျက်ဆီးပြီး ကျေးရွာနေပြည်သူများ၏ ပစ္စည်းများအား သိမ်းယူသွားခဲ့ကြသည်။

ယနေ့(ဒီဇင်ဘာလ ၁၈ ရက်) နံနက် ၅နာရီခန့်တွင် ဗြိဘ(အနောက်)ရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြရာ နေအိမ်အလုံး ၆၀ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း Yesagyo Township INFO Committeeက ပြောသည်။

“ရွာမီးရှို့ပြီး ထွက်သွားတဲ့ စစ်တပ်နဲ့ပျူတွေ ကမ်းဖြူရွာနဲ့ ဆင်ဖြူရှင်တံတားဘက် ရောက်နေတယ်လို့ သိရတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ (ဒီဇင်ဘာ၁၇ရက်) နံနက်ပိုင်းက ဗြိဘ(အနောက်)ကျေးရွာကို ဝင်ရောက်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို နံနက် ၁၀နာရီဝန်းကျင်ခန့်က မဟာမိတ်အဖွဲ့များပူးပေါင်းပြီး (၄၀) မမများ၊ အီနာဂါများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးခန့်ထိခိုက်သေဆုံးနိုင်ပြီး ဘုန်းကြီးကျောင်းထဲ၌ ဆေးကုနေရကြောင်း ရေစကြို(ပကဖ)အဖွဲ့က သတိပေးသည်။

ပြီးခဲ့သည် ဇူလိုင် ၂ရက်ကလည်း စစ်ကောင်စီတပ်နှင့်ပျူများသည် ဗြိဘ (အရှေ့) ရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၆၅လုံး မီးလောင်ပျက်စီးခဲ့သေးသည်။

You May Also Like

သတင်း

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးခန့် ထိခိုက်သေဆုံးနိုင်ပြီးဘုန်းကြီးကျောင်းထဲတွင် ဆေးကုနေကြောင်း သိရသည်ဟု ရေစကြို(ပကဖ)အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

ရလဒ်ကောင်းများရှိခဲ့သော်လည်း အဖွဲ့၏ တာဝေးပစ် (၆၀)မမ လက်နက်ကြီး ပြောင်းတစ်ပြောင်း ကွဲကာ ပျက်စီးခဲ့ရပြီး အူစီ(Gun)တစ်လက်မှာ ပြေးရင်းပြုတ်ကျကာ ကျိုးကြေပျက်စီးခဲ့ကြောင်း TBKတောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သတင်း

လက်ရှိတွင် စစ်ကောင်စီတပ်ဝင်ရောက်ရာ လမ်းကြောင်းရှိ ကျေးရွာများမှ ပြည်သူများ စစ်ဘေးတိမ်းရှောင်နေကြရပြီဖြစ်သည်ဟု ဆိုသည်။

သတင်း

ထီးချိုင့်ဒေသခံ၏ ပြောဆိုချက်အရ ပြီးခဲ့သည့် တစ်လအတွင်းထီးချိုင့်မှ ရွာပေါင်း ၂၀ကျော် အိမ်ခြေ တစ်ထောင်နီးပါးကို စစ်ကောင်စီတပ်က မီးရှို့သွားသည်ဟု ဆိုသည်။