Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

တူရကီ လွှတ်တော်ထဲမှာ အမတ်တွေ ထိုးကြိတ်ကြရင်း သွေးထွက်သံယိုတွေဖြစ်

စကားစစ်ထိုးရင်း အမတ်တွေ လက်သီးစွမ်း ပြကြလို့ တူရကီ လွှတ်တော်ကို ယာယီ ဆိုင်းငံ့ခဲ့ရပါတယ်။

ဩဂုတ်လ ၁၆ ရက်နေ့က အတိုက်အခံ အမတ်တစ်ဦးဟာ ထောင်ဒဏ်ကျခံနေရတဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် ရွေးကောက်ခံ အမတ်ကို လွှတ်တော်တက်ခွင့် ပြုသင့်ကြောင်း အဆိုပြု ပြောဆိုနေချိန် အာဏာရ AKP ပါတီရဲ့ အမတ်တွေက စင်ပေါ်ထိ တက်ပြီး ထိုးကြိတ်ခဲ့တာ ဖြစ်ပါတယ်။

အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ဦးဆောင် စုစည်းခဲ့လို့ ထောင်ချခံထားရတဲ့ ပါတီ လုပ်ဖော်ကိုင်ဖက် ဆာဖာတင် ကန်အက်တလေအတွက် ခုခံ ပြောဆိုပေးနေတဲ့ အချိန်မှာ အာမက်ဆစ်ခ်ကို AKP ပါတီဝင်တွေက ဝိုင်းထိုးခဲ့ကြတာပါ။ အဲဒီဖြစ်ရပ်မှာ ဆစ်ခ် စကားပြောနေခဲ့ရာ စင်မြင့်ရဲ့ အဖြူရောင် ခြေနင်းမှာ သွေးတွေ စွန်းထင်းကုန်တာကိုပါ တွေ့ခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

အက်တလေဟာ အစိုးရကို ဖြုတ်ချ အာဏာသိမ်းဖို့ အားထုတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုနဲ့ ၂၀၂၂ ခုနှစ်မှာ ထောင်ဒဏ် ၁၈ နှစ် ကျခံထားခဲ့ရပါတယ်။ ဆစ်ခ်က AKP ပါတီအနေနဲ့ အက်တလေကို အကြမ်းဖက်သမားလို့ စွပ်စွဲနေကြတဲ့အပေါ် မအံ့ဩတော့ကြောင်း၊ AKPဟာ သူတို့နဲ့ အတူတူ မရပ်တည်တဲ့ သူတိုင်းကို အဲဒီလိုမျိုးပဲ စွပ်စွဲတတ်ကြကြောင်း ပြောကြားခဲ့ပါတယ်။

ဆစ်ခ်ကို AKP အမတ်တွေက ဝိုင်းဝန်းထိုးကြိတ်ကြတဲ့ ဖြစ်စဉ်အပြီး နှစ်ဖက် နိုင်ငံရေး အင်အားစုတွေကြားမှာ ဝရုန်းသုန်းကားတွေ ဆက်ဖြစ်နေတာကြောင့် လွှတ်တော်ရဲ့ ဒုတိယ ဥက္ကဋ္ဌက လွှတ်တော်ကို ၄၅ မိနစ်ကြာ ရပ်နားစေခဲ့ရပါတယ်။

အတိုက်အခံတွေကတော့ အက်တလေဟာ ခြွင်းချက်မရှိ ထောင်ကနေ ပြန်လွတ်သင့်တယ်လို့ အခိုင်အမာ ဆက်လက် တောင်းဆိုခဲ့ကြပါတယ်။

တူရကီ လွှတ်တော်မှာ လက်သီးထိုးပွဲတွေ မြင်ရတာမျိုး ရှားပေမယ့် လုံးဝ မကြုံဖူးတာတော့ မဟုတ်ပါဘူး။ ဇွန်လတုန်းကလည်း AKP အမတ်တွေဟာ ကာ့ဒ်မျိုးနွယ်စု ပါတီတစ်ခုဖြစ်တဲ့ DEM အမတ်တွေနဲ့ လွှတ်တော်ထဲ ကိုယ်ထိလက်ရောက် ရန်ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက DEM ပါတီဝင် မြို့တော်ဝန် တစ်ဦးဟာ စစ်သွေးကြွတွေနဲ့ ဆက်နွှယ်မှု ရှိတယ်လို့ အစိုးရက စွပ်စွဲပြီး ဖယ်ရှားခဲ့တဲ့အပေါ် DEMက လွှတ်တော်ထဲမှာ ကန့်ကွက်ခဲ့ရာက ပြဿနာ တက်ခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: Reuters⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အဖိနှိပ်ခံ ပါလက်စတိုင်းတွေကို ကာကွယ်ဖို့အတွက် လိုအပ်လာရင် ပါလက်စတိုင်း နယ်မြေတွေထဲ တပ်တွေ စေလွှတ်ရလိမ့်မယ်လို့ တူရကီ သမ္မတက သတိပေး ခြိမ်းခြောက်ခဲ့တဲ့အပေါ် အစ္စရေးဖက်က တင်းတင်းမာမာ တုံ့ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

ဆန္ဒပြမှုတွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ခပ်ကြမ်းကြမ်း တုံ့ပြန် ဖြိုခွင်းခဲ့ရာမှာ ကျည်အစစ်တွေအပြင် ရာဘာကျည်တွေနဲ့ မျက်ရည်ယိုဗုံးတွေကိုပါ အသုံးပြုခဲ့တာကြောင့် ဒဏ်ရာရသူ ရာနဲ့ချီ ရှိခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

တရားရေးဝန်ကြီး ယီလ်မက်ဇ် တွန်းခ်က ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးမှုတွေ စတင်နေပြီလို့ ပြောပါတယ်။ ဒီလို တိုက်ခိုက်မှုမျိုးတွေကြောင့် တူရကီရဲ့ အကြမ်းဖက် တိုက်ဖျက်ရေး အားထုတ်မှုတွေ ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ သူက ကြုံးဝါးသွားခဲ့ပါတယ်။