Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သ​ပြေကန်ရဲစခန်း ပစ်ခတ်တိုက်ခိုက်မှု “နန်းထိုက်​အောင်စစ်ဆင်​ရေး”ဟု ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့​ကြေညာ

“နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး”စတင်ပြီး တစ်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီထောက်တိုင် စုစုပေါင်း ၅၅ဦးကို သုတ်သင်ရှင်းလင်းထားပြီး ၆၀ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ တာဝန်ရှိသူက People’s Springသို့ မေလ၈ရက်က ပြောထားသည်။

“နန်းထိုက်​အောင်မြို့ပြစစ်ဆင်​ရေး”အဖြစ် သန်လျင်မြို့နယ်ရှိ သ​ပြေကန်ရဲစခန်းအား ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ဟု ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့တာဝန်ရှိသူက People’s Springသို့ ပြောသည်။

အဆိုပါရဲစခန်းကို ယမန်နေ့(မေ ၂၀ ရက်)ည ၁၁နာရီခွဲခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲနှင့်စစ်ကောင်စီတပ်သားများထိခိုက်နိုင်သည်ဟု ဆိုသည်။

“အတိအကျ မသိရသေးပေမယ့်။သေချာတာတစ်ခုက​တော့ စခန်းတစ်ခုလုံး တုန်လှုပ်​ခြောက်ခြားသွားတာပါပဲ”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

ဘန်ကာများကို ပေ ၂၀ ခန့်ပြုလုပ်ထားသည့် ယင်းစခန်းရှိ ရဲနှင့်စစ်သားများသည်ပစ်ခတ်တိုက်ခိုက်စဥ် ခေါင်းပင် မဖော်ရဲကြောင်း စစ်ဆင်ရေးပါဝင်သူတစ်ဦးက အတည်ပြုသည်။

ယခုတိုက်ခိုက်မှုမတိုင်မီ ယခုခ ၁၄ ရက်က “နန်းထိုက်အောင်စစ်ဆင် ရေး”စစ်ရေးပစ်မှတ်အဖြစ် ရန်ကုန်မြို မင်္ဂလာဒုံမြိုနယ်ရှိ အမှတ်(၈၂) တပ်ရင်းကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲဝင် ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်းအဆိုပါ မစ်ရှင်ဦးဆောင်သည့် စစ်ရေးတာဝန်ခံက People’s Spring သို အတည်ပြုထားသည်။

ထို့အပြင် ဒဏ်ရာရရှိသူများအနက် အချိုမှာ သေဆုံးနိုင်ချေရှိကြောင်းလည်း ၎င်းက ဆိုသည်။

ထို့အပြင် မေလ၁၃ရက် ည​နေပိုင်းကလည်း ရန်ကုန်မြို့ ပြည်လမ်းနှင့်အင်းယားလမ်းထောင့်ရှိ ရဲကင်းအား “နန်းထိုက်အောင်စစ်ဆင်ရေး “အဖြစ် ပစ်ခတ်ရှင်းလင်းခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့သည်။

“နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး”စတင်ပြီး တစ်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီထောက်တိုင် စုစုပေါင်း ၅၅ဦးကို သုတ်သင်ရှင်းလင်းထားပြီး ၆၀ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ တာဝန်ရှိသူက People’s Springသို့ မေလ၈ရက်က ပြောထားသည်။

ယခုနှစ် ဧပြီ၈ရက်က စတင်ခဲ့သော “နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး”သည် မေလ၈ ရက်က တစ်လပြည့်မြောက်​ခဲ့ခြင်းဖြစ်သည်။

Click to comment

Leave a Reply

Your email address will not be published.

Facebook

You May Also Like

သတင်း

KNDO တပ်ရင်း(၄)နယ်မြေအတွင်းမှာ ဆယ်စုနှစ်ချီအခြေချထားတဲ့ စစ်ကောင်စီတပ်စခန်းတွေနဲ့ပတ်သက်ပြီး ထွက်ခွာပေးဖို့ နယ်မြေခံ KNU တပ်က စာထုတ်ပြန်ထားပေမယ့် စစ်ကောင်စီက လိုက်နာမှုမရှိတဲ့အပြင် တပ်အင်အားကိုပါ ထပ်မံတိုးချဲ့ထားတယ်လို့ သိရပါသေးတယ်။

သတင်း

အဆိုပါ ရဲတပ်သားသည် ပြည်သူလူထု၏ထောက်ခံအားပေးမှုမရှိသော အာဏာရှင်စနစ်ကို လက်မခံနိုင်၍ ထီးလင်း PDF ထံဆက်သွယ်ကာ ပြည်သူနှင့်အတူ ပူးပေါင်းလာခြင်းဖြစ်သည်ဟုဆိုသည်။

သတင်း

ရန်ကုန်တောင်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်၏ သုံးပွင့်အဆင့်ရှိ အရာရှိတစ်ဦးအပါ အဝင် နှစ်ဦးသေဆုံးခဲ့သည့် ကော့မှုးမြို့နယ် ငှက်အော်စမ်းကျေးရွာအနီး မကျီးကန်-ကျိုက်ထော်လမ်းပေါ်မှ စစ်ယာဉ်တန်းပစ်ခတ်တိုက်ခိုက်မှုသည်လည်း စစ်ကောင်စီကို အထိနာစေခဲ့သည်။

သတင်း

ကျည်ထိမှန်သော ရဲဘော်၏ ဒဏ်ရာပြင်းထန်မှု့ကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ထုတ်ပြန်ခဲ့ပြီး ရန်သူဘက်မှ ထိခိုက်ကျဆုံးမှု့ ရှိနိုင်ကြောင်း၊ အခြေအနေစုံစမ်းဆဲဖြစ်ကြောင်း ဖော်ပြထားသည်။