Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကသာတွင်​လေးရက်အတွင်း ​​ရှေ့တန်းမှစစ်ကောင်စီတပ်သား ၅ဦး CDM ပြုလုပ်၊ CDM ရဲနှင့် စစ်သား ၆၀ ကျော်ရှိလာဟု ကသာပကဖ အသိပေး

အကြမ်းဖက် စစ်တပ်၏ လုပ်ရပ်များကို လက်မခံတော့သည့် စစ်သားနှင့်ရဲများသည် စစ်တပ်ရှေ့ တန်းစခန်းများမှ ထွက်ပြေးကြပြီး နီစပ်ရာ ပြည်သူများမှတဆင့် ပြည်သူ့ရင်ခွင်သို့ဆက်သွယ်ကာ CDM လုပ်ပေးရန် ပြောဆိုမှုများကြောင့် ကသာမြို့နယ် ပြည်သူ့ရင်ခွင်သို့ ရောက်ရှိခိုလှုံလာသော CDM ရဲနှင့်စစ်သား ၆၁ဦးရှိလာပြီဟု ကသာ ပကဖက အသိပေးထားသည်။

(ပြည်သူနှင့်ပူး​ပေါင်းလာ​သော တပ်မ​တော်သား​လေးဦး ဓါတ်ပုံ-ကသာ ပကဖ )

စစ်ကိုင်းတိုင်း ကသာမြို့နယ်အတွင်း စစ်ကြောင်းလှည့်နေသည့် စစ်ကောင်စီတပ်မှ တပ်သား ၅ဦး CDM ပြုလုပ်လာကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က ယနေ့ သတင်းထုတ်ပြန်သည်။

မေလ ၁၆ရက်က ကသာမြို့နယ်၌ စစ်ကြောင်းလှည့်နေသည့် စစ်ကောင်စီတပ်၏ ခမရ ၄၁၆ မှ တပ်သား ၄ဦးနှင့် မေလ ၁၉ရက်တွင် ခမရ ၃၈၅ မှ တပ်သား ၁ဦး တို့ ထွက်ပြေးလာပြီး CDM ပြုလုပ်လာကြောင်း ဖော်ပြထားသည်။

ထွက်ပြေးလားသည့် စစ်ကောင်စီတပ်သားများ၌ လက်နက်ခဲယမ်းများ ပါဝင်ခြင်းရှိမရှိကိုမူဖော်ပြမထားပေ။

အကြမ်းဖက် စစ်တပ်၏ လုပ်ရပ်များကို လက်မခံတော့သည့် စစ်သားနှင့်ရဲများသည် စစ်တပ်ရှေ့ တန်းစခန်းများမှ ထွက်ပြေးကြပြီး နီစပ်ရာ ပြည်သူများမှတဆင့် ပြည်သူ့ရင်ခွင်သို့ဆက်သွယ်ကာ CDM လုပ်ပေးရန် ပြောဆိုမှုများကြောင့် ကသာမြို့နယ် ပြည်သူ့ရင်ခွင်သို့ ရောက်ရှိခိုလှုံလာသော CDM ရဲနှင့်စစ်သား ၆၁ဦးရှိလာပြီဟု ကသာ ပကဖက အသိပေးထားသည်။

(ပြည်သူနှင့်ပူး​ပေါင်းလာ​သော တပ်မ​တော်သား​လေးဦး ဓါတ်ပုံ-ကသာ ပကဖ )

စစ်ကောင်စီတပ်သည် ကသာအပါအဝင် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်များမှ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသကဲ့သို့ ဒေသခံ ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်။

Click to comment

Leave a Reply

Your email address will not be published.

Facebook

You May Also Like

သတင်း

တပ်မ(၆၆)လက်အောက်ခံ တပ်ရင်းတစ်ခုမှ တပ်သားသက်စိုးပိုင်( ကိုယ်ပိုင်အမှတ် ၅၇၂၈၃၄)သည် လက်နက်အပြည့်အစုံဖြင့် CDM ပြုလုပ်ခဲ့ခြင်းဟု ကရင်နီပြည်သူ့ရင်ခွင်က ယနေ့(မေ ၂၁ရက်) သတင်းထုတ်ပြန်ထားသည်။

သတင်း

နပတ DRONE တပ်ရင်းမှလည်း YRPA နှင့်အတူ ပူးပေါင်း ပါဝင် တိုက်ခိုက်ခဲ့ခြင်း၊ PDF တပ်ပေါင်းစုမှ နယ်မြေကျွမ်းကျင်ခြင်းနှင့် ပြောက်ကျားစစ်၏ သဘောသဘာ၀အရ ရဲဘော် ၁ ဦးသာ လက်နက်ကြီး ထိမှန်ဒဏ်ရာရခဲ့သည်ဟု အသိပေးထားသည်။

သတင်း

"သူတို့ဘက်က ပစ်ကူတွေတောက်လျှောက်ထွက်လာတော့ ကျွန်တော်တို့ပြန်ဆုတ်ခဲ့တယ်။ လက်နက်ကြီးရော လက်နက်ငယ်တွေနဲ့ပါ နာရီဝက်လောက်ကြာတယ်။ သူတို့ဘက်က တစ်ဖက်သတ်ပြန်ပစ်တာ"ဟု စစ်ဆင်ရေးတွင်ပါဝင်သူက ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လက်နက်ကြီးအသုံးပြု၍ ပြန်လည်ပစ်ခတ်ခဲ့သော်လည်းကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု အသိပေးသည်။