Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ယောဒေသ PDF တပ်ပေါင်းစု၏ ပထမဆုံးပူးပေါင်း စစ်ဆင်ရေးစစ်ကောင်စီတပ်မှ ၅ဦးသေ၊ PDF တစ်ဦး ဒဏ်ရာရ

နပတ DRONE တပ်ရင်းမှလည်း YRPA နှင့်အတူ ပူးပေါင်း ပါဝင် တိုက်ခိုက်ခဲ့ခြင်း၊ PDF တပ်ပေါင်းစုမှ နယ်မြေကျွမ်းကျင်ခြင်းနှင့် ပြောက်ကျားစစ်၏ သဘောသဘာ၀အရ ရဲဘော် ၁ ဦးသာ လက်နက်ကြီး ထိမှန်ဒဏ်ရာရခဲ့သည်ဟု အသိပေးထားသည်။

(ပူး​ပေါင်းစစ်ဆင်​ရေးအတွက် တာဝန်ရှိသူများ​ဆွေး​နွေး​နေကြစဥ်။ ဓါတ်ပုံ-YRPA)

ယောဒေသက ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု(YRPA)၏ ပထမဆုံး ပူးပေါင်းစစ်ဆင်ရေးကိုယမန်နေ့က ထီးလင်းမြို့နယ် ရေမျက်နီရွာနီးတွင် စတင်ခဲ့ရာတိုက်ပွဲ ပြင်းထန်ပြီး စစ်ကောင်စီတပ်မှ ၅ဦးသေဆုံးခဲ့သည်ဟု YRPAက သတင်းထုတ်ပြန်သည်။

စစ်အာဏာရှင်ကို စည်းလုံးညီညွတ်စွာ တိုက်ခိုက်တွန်းလှန်နိုင်ရန် ရည်ရွယ်ပြီး လောင်းရှည် PDF၊ ကျောက်ထု PDF ၊ ထီးလင်း PDF၊ ယောဒေသ PDFနှင့် ဂန့်ဂေါ PDF တို့ ပူးပေါင်းကာ YRPAကို ဧပြီလအတွင်းက ဖွဲ့စည်းခဲ့ရာ ပထမဆုံးပူးပေါင်း စစ်ဆင်ရေးမှာ မေလ ၂၀ရက်က ထီးလင်း မြို့နယ် ရေမျက်နီရွာအနီး တွင် စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(ပူး​ပေါင်းစစ်ဆင်​ရေးအတွက် တာဝန်ရှိသူများ​ဆွေး​နွေး​နေကြစဥ်။ ဓါတ်ပုံ-YRPA)

အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်များနှင့် ၁နာရီခွဲကြာ လက်နက်ကြီး လက်နက်ငယ် များ အပြန်အလှန်ပစ်ခတ်ခဲ့ရာ PDF ပူးပေါင်းတပ်၏ စနိုက်ပါလက်ချက်ကြောင့် စစ်ကောင်စီတပ်သား ၃ဦးသေဆုံးခြင်းအပါအဝင် ရန်သူ့စစ်ကောင်စီတပ်သား ၅ဦး သေဆုံးခဲ့သည်ဟု YRPAက ထုတ်ပြန်သည်။ ထို့ပြင် စစ်ကောင်စီတပ်သား အများအပြား ဒဏ်ရာရခဲ့ကြောင်းလည်း ဖော်ပြထားသည်။ တိုက်ပွဲတွင် ​သေဆုံးဒဏ်ရာရ အ​​ခြေအ​နေနှင့်ပတ်သပ်၍ People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

တိုက်ပွဲအတွင်း အနီးကပ်သွားရောက်တိုက်ခိုက်ခဲ့သလို စစ်ကောင်စီတပ်များကို လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်ဆုံးရှုံးပိုများနိုင်သည်ဟုဆိုသည်။

နပတ DRONE တပ်ရင်းမှလည်း YRPA နှင့်အတူ ပူးပေါင်း ပါဝင် တိုက်ခိုက်ခဲ့ခြင်း၊ PDF တပ်ပေါင်းစုမှ နယ်မြေကျွမ်းကျင်ခြင်းနှင့် ပြောက်ကျားစစ်၏ သဘောသဘာ၀အရ ရဲဘော် ၁ ဦးသာ လက်နက်ကြီး ထိမှန်ဒဏ်ရာရခဲ့သည်ဟု အသိပေးထားသည်။

Click to comment

Leave a Reply

Your email address will not be published.

Facebook

You May Also Like

သတင်း

အကြမ်းဖက် စစ်တပ်၏ လုပ်ရပ်များကို လက်မခံတော့သည့် စစ်သားနှင့်ရဲများသည် စစ်တပ်ရှေ့ တန်းစခန်းများမှ ထွက်ပြေးကြပြီး နီစပ်ရာ ပြည်သူများမှတဆင့် ပြည်သူ့ရင်ခွင်သို့ဆက်သွယ်ကာ CDM လုပ်ပေးရန် ပြောဆိုမှုများကြောင့် ကသာမြို့နယ် ပြည်သူ့ရင်ခွင်သို့ ရောက်ရှိခိုလှုံလာသော CDM ရဲနှင့်စစ်သား ၆၁ဦးရှိလာပြီဟု ကသာ ပကဖက အသိပေးထားသည်။

သတင်း

"သူတို့ဘက်က ပစ်ကူတွေတောက်လျှောက်ထွက်လာတော့ ကျွန်တော်တို့ပြန်ဆုတ်ခဲ့တယ်။ လက်နက်ကြီးရော လက်နက်ငယ်တွေနဲ့ပါ နာရီဝက်လောက်ကြာတယ်။ သူတို့ဘက်က တစ်ဖက်သတ်ပြန်ပစ်တာ"ဟု စစ်ဆင်ရေးတွင်ပါဝင်သူက ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လက်နက်ကြီးအသုံးပြု၍ ပြန်လည်ပစ်ခတ်ခဲ့သော်လည်းကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု အသိပေးသည်။

သတင်း

တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်သည် ယမန်နေ့(မေ ၂၀ ရက်)က မင်းကင်းမြို့နယ် မြစ်ရိုးအထက် တရာ၊ ရွာဘ နှင့် ရှမ်းတောရွာများကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း ဖော်ပြ သည်။