Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြောင်မြို့နယ် ရဲတပ်ဖွဲ့မှူးနေအိမ်နှင့် မီးသတ်ရုံးတို့ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအဖွဲ့ဝင် လေးဦးသေ

ယခုလ တတိယပတ်သုံးရက်အတွင်း စစ်ကောင်စီတပ်က မြောင်မြို့နယ်ကျေးရွာ ရှစ်ရွာကို မီးရှို့ခဲ့ပြီး စစ်ဘေးရှောင်ပြည်သူ ၅,၀၀၀ ကျော်အထိ ရှာလာကြောင်းလည်း ဒေသခံသတင်းရင်းမြစ်များက ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ စစ်ကောင်စီ၏ ရဲတပ်ဖွဲ့မြို့နယ်မှူးနေအိမ်နှင့် မီးသတ်ရုံးတို့ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအဖွဲ့ဝင် လေးဦးသေဆုံးကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ – CDSOMက ထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ်က သာလွန်အင်အားဖြင့်မြောင်မြို့နယ်ရှိ ကျေးရွာများကို နေ့စဥ် မီးရှို့ဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ခြင်းများအတွက်တန်ပြန်တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

ယမန်နေ့(မေ ၂၁ ရက်) တိုက်ခိုက်ခဲ့သော စစ်ကောင်စီအဖွဲ့ဝင် မြို့နယ်မှူးအိမ်အနီးရှိ ကင်းတဲအတွင်းသို့ အီနာဂါစစ်ဆင်ရေးဆောင်ရွက်ခဲ့ရာ စစ်ကောင်စီအဖွဲ့ဝင်သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသည်ဟု ဖော်ပြသည်။

အလားတူ မီးသတ်ဌာနကိုလည်း အီနာဂါစစ်ဆင်ရေး ဆောင်ရွက်ခဲ့ရာ မီးသတ်ကားတစ်စီးပျက်စီးသွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကာ နှစ်ဦးဒဏ်ရာရရှိကြောင်း အသိပေးထားသည်။

အဆိုပါစစ်ဆင်ရေးကို မြောင်မြို့နယ်ပြည်သူ့ကာကွယ် ရေးနှင့်လုံခြုံရေးအဖွဲ့ – CDSOM အရှေ့မြောက်ပိုင်းတိုက်ခိုက်ရေးနှင့် ကာကွယ်ရေးအဖွဲ့ ကိုမင်းယက္ခ၊ ကိုဆင်ရိုင်း၊ ကိုမင်းဒေဝါတို့ ဦးဆောင်မှုဖြင့် CDSOM မြောက်ပိုင်းတိုက် ခိုက်ရေးနှင့်ကာကွယ်ရေးအဖွဲ့ ကိုနတ်မြင်း၊ စစ်ကိုင်းခရိုင်တပ်ရင်း (၁)၊ (၂) တပ်ခွဲ – ၃ ပြည်သူ့တပ်မတော် (မြောင်)– Myaung Union Army၊ ကန္တာရသိမ်းငှက်၊ Young Fighter People’s Defense Force Of Myaung၊ Black Eagle Defense Force နှင့် Myinmu Civil Revolu tion Force – CRF တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခုလ တတိယပတ်သုံးရက်အတွင်း စစ်ကောင်စီတပ်က မြောင်မြို့နယ်ကျေးရွာ ရှစ်ရွာကို မီးရှို့ခဲ့ပြီး စစ်ဘေးရှောင်ပြည်သူ ၅,၀၀၀ ကျော်အထိ ရှာလာကြောင်းလည်း ဒေသခံသတင်းရင်းမြစ်များက ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

Your email address will not be published.

Facebook

You May Also Like

သတင်း

မဟာလူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ်ရှိနေသမျှ ကာလပတ်လုံး ဖက်ဒရယ်မွန်ပြည် ရောက်ရှိနိုင်မည် မဟုတ်ဟု အပြည့်အ၀ယုံကြည်သောကြောင့် မဟာလူမျိုးကြီး ဝါဒ၊ အာဏာရှင်စနစ်ကျရှုံးရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို လိုလားသော မည်သည့်အင်အားစုများနှင့်မဆို အတူတကွ လက်တွဲတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း မွန်အဖွဲ့အစည်းသုံးခုက ကြေညာသည်။

သတင်း

ဝေခါကျေးရွာတွင် စစ်ကောင်စီ၏ ရဲတပ်ရင်း(၃၀)ရှိနေပြီး ယမန်နေ့(မေ ၂၁ရက်) ညတွင် ရဲတပ်ရင်းဘက်မှ သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်သံများ ကြားခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

သတင်း

ယနေ့ နံနက် ၅နာရီ ၁၅တွင် ကသာမြို့ ပေကုန်းမှ ကပ်ပလိပ်​ကျေးရွာသို့ ချီတက်လာသည့် အင်အား ၁၅၀ခန့်ပါ စစ်ကောင်စီတပ်ကို ကပ်ပလိပ်မှ ကသာမြို့သို့သွားရာ တာရိုး လမ်းပေါ်၌ ရှေ့ထွက်မိုင်းနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သတင်း

PDF(မန္တလေး)မှ ရဲဘော်အာကာစိုး(ခ) မိစိုးသည်လည်း စစ်မြေပြင်၌ အာဇာနည်သူရဲကောင်းပီသစွာ အသက်ပေးသွားခဲ့ရကြောင်း၊ မြင့်မြတ်စွာ အသက်ပေးလှူခဲ့သော ရဲဘော်အာကာစိုးအား ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးမှ အစဉ်ဂုဏ်ယူအောက်မေ့နေမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။