Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်တွင် KIA၊ PDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်​နေ

ဝေခါကျေးရွာတွင် စစ်ကောင်စီ၏ ရဲတပ်ရင်း(၃၀)ရှိနေပြီး ယမန်နေ့(မေ ၂၁ရက်) ညတွင် ရဲတပ်ရင်းဘက်မှ သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်သံများ ကြားခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

ကချင်ပြည်နယ် ဖားကန့်မြို့တွင် ယနေ့ နံနက် ၅နာရီခန့်မှစတင်ကာ ကချင် လွတ်လပ်​ရေးတပ်မ​တော် (KIA)၊ PDF ပူးပေါင်းအဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေသည်ဟု ဒသခံများပြောသည်။

ဖားကန့်မြို့နယ် ဝှေခါကျေးရွာနှင့် ဆိုင်းတောင်ကျေးရွာကြားတွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

“မနက် ၅နာရီလောက်က စဖြစ်တာ။ တိုက်ပွဲကြီးတယ်။ သေနတ်ပစ်ခတ်သံတွေ ကြမ်းတယ်။ ၆ နာရီလောက်ကျတော့ ရပ်သွားတယ်။ ဒါပေမယ့် အခုထိ သေနတ်သံ တစ်ချက် တစ်ချက် ကြားနေရတုန်းပဲ”ဟု ယနေ့( မေလ ၂၂ရက်)နံနက် ၈ နာရီခန့်က အခြေအနေကို ဒေသခံတစ်ဦးကပြောသည်။

ဝေခါကျေးရွာတွင် စစ်ကောင်စီ၏ ရဲတပ်ရင်း(၃၀)ရှိနေပြီး ယမန်နေ့(မေ ၂၁ရက်) ညတွင် ရဲတပ်ရင်းဘက်မှ သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်သံများ ကြားခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

“ရဲတပ်ရင်းက တစ်ညလုံး​ခြောက်ပစ်နေတာ။ မနက် ဝေလီဝေလင်းမှာတော့ ကေအိုင်အေနဲ့ PDF က ဝင်ဆော်တာ” ဟု ဝေခါကျေးရွာမှ ဒေသခံတစ်ဦးက ​ပြောသည်။

သို့​သော် တိုက်ပွဲနောက်ဆက်တွဲ အခြေအနေကို စုံစမ်းနေဆဲဖြစ်သည်။

ရဲတပ်ရင်း(၃၀)မှ ဒုရဲအုပ်တစ်ဦးနှင့် ရဲတပ်သားတစ်ဦးသည် မေလ ၂၁ရက် နံနက်ပိုင်းတွင် လက်နက်ကိုင်အဖွဲ့တစ်ခု၏ ဖမ်းဆီးခြင်းခံလိုက်ရသေးသည်။ မည်သည့်အဖွဲ့က ဖမ်းသွားသည်ကို အတည်မပြုနိုင်သေးပေ။

Click to comment

Leave a Reply

Your email address will not be published.

Facebook

You May Also Like

သတင်း

မဟာလူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ်ရှိနေသမျှ ကာလပတ်လုံး ဖက်ဒရယ်မွန်ပြည် ရောက်ရှိနိုင်မည် မဟုတ်ဟု အပြည့်အ၀ယုံကြည်သောကြောင့် မဟာလူမျိုးကြီး ဝါဒ၊ အာဏာရှင်စနစ်ကျရှုံးရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို လိုလားသော မည်သည့်အင်အားစုများနှင့်မဆို အတူတကွ လက်တွဲတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း မွန်အဖွဲ့အစည်းသုံးခုက ကြေညာသည်။

သတင်း

ယခုလ တတိယပတ်သုံးရက်အတွင်း စစ်ကောင်စီတပ်က မြောင်မြို့နယ်ကျေးရွာ ရှစ်ရွာကို မီးရှို့ခဲ့ပြီး စစ်ဘေးရှောင်ပြည်သူ ၅,၀၀၀ ကျော်အထိ ရှာလာကြောင်းလည်း ဒေသခံသတင်းရင်းမြစ်များက ထုတ်ပြန်ထားသည်။

သတင်း

ယနေ့ နံနက် ၅နာရီ ၁၅တွင် ကသာမြို့ ပေကုန်းမှ ကပ်ပလိပ်​ကျေးရွာသို့ ချီတက်လာသည့် အင်အား ၁၅၀ခန့်ပါ စစ်ကောင်စီတပ်ကို ကပ်ပလိပ်မှ ကသာမြို့သို့သွားရာ တာရိုး လမ်းပေါ်၌ ရှေ့ထွက်မိုင်းနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သတင်း

PDF(မန္တလေး)မှ ရဲဘော်အာကာစိုး(ခ) မိစိုးသည်လည်း စစ်မြေပြင်၌ အာဇာနည်သူရဲကောင်းပီသစွာ အသက်ပေးသွားခဲ့ရကြောင်း၊ မြင့်မြတ်စွာ အသက်ပေးလှူခဲ့သော ရဲဘော်အာကာစိုးအား ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးမှ အစဉ်ဂုဏ်ယူအောက်မေ့နေမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။