Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စဉ့်ကူးမြို့သို့ ထိုးစစ်ဆင်လာသည့် စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲ သုံးကြိမ်ဖြစ်ရာ စစ်ကောင်စီတပ် ခုနစ်ဦးသေ၊ PDF မန္တလေးမှ ရဲဘော်တစ်ဦးကျဆုံး

PDF(မန္တလေး)မှ ရဲဘော်အာကာစိုး(ခ) မိစိုးသည်လည်း စစ်မြေပြင်၌ အာဇာနည်သူရဲကောင်းပီသစွာ အသက်ပေးသွားခဲ့ရကြောင်း၊ မြင့်မြတ်စွာ အသက်ပေးလှူခဲ့သော ရဲဘော်အာကာစိုးအား ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးမှ အစဉ်ဂုဏ်ယူအောက်မေ့နေမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်များ အင်အား ၃၅၀ခန့်ဖြင့် ဝင်ရောက်လာ၍ ယမန်နေ့က ထိတွေ့တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြားခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်(PDF)- မန္တလေးက သတင်းထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးမြို့မှ လုံခြုံရေးယူထားသော နယ်မြေအတွင်း စစ်ကောင်စီတပ်များ ဝင်ရောက်လာ၍ တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ ခုနစ်ဦးခန့် သေဆုံးပြီး များစွာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

PDF(မန္တလေး)မှ ရဲဘော်အာကာစိုး(ခ) မိစိုးသည်လည်း စစ်မြေပြင်၌ အာဇာနည်သူရဲကောင်းပီသစွာ အသက်ပေးသွားခဲ့ရကြောင်း၊ မြင့်မြတ်စွာ အသက်ပေးလှူခဲ့သော ရဲဘော်အာကာစိုးအား ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးမှ အစဉ်ဂုဏ်ယူအောက်မေ့နေမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးသည် စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် ဦးလည်မသုန် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်သည်ဟုဆိုသည်။ ပြည်သူများအနေဖြင့်လည်း နွေဦးတော်လှန်ရေးအတွက် နိုင်ရာတာဝန် ကျရာကဏ္ဍ၌ ပါဝင်ဆောင်ရွက်ပေးရန်လည်း PDF (မန္တလေး)က တိုက်တွန်းခဲ့သည်။

Click to comment

Leave a Reply

Your email address will not be published.

Facebook

You May Also Like

မေးမြန်းခန်း

စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုပများဆုံးခံရ​သော​ဒေသမှာစစ်ကိုင်းတိုင်းဖြစ်ပြီး ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ဧပြီလကုန်အထိ့ Data For Myanmar ပြုစုထား​သောစာရင်းအရ နိုင်ံတစ်ဝန်း​နေအိမ်​ပေါင်း ၁၁,၄၀၀ ​ကျော်မီးရှို့ဖျက်ဆီးခံခဲ့ရ ရာတွင် စစ်ကိုင်းတိုင်းမှာ ၇၅၀၀ ​ကျော်ရှိခဲ့သည်။

သတင်း

တိုက်ပွဲများအတွင်းတွင် မဟာမိတ်တော်လှန်ရေးအင်အားစုများ စုပေါင်းတိုက်ခိုက်မှုကြောင့် ပြည်သူများ အားတက်ဖွယ် အောင်မြင်မှုများရှိခဲ့သလို တော်လှန်ရေးအင်အားစုများဖက်မှလည်း ရဲ​ဘော်တစ်ဦးကျဆုံး၊ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

သတင်း

နပတ DRONE တပ်ရင်းမှလည်း YRPA နှင့်အတူ ပူးပေါင်း ပါဝင် တိုက်ခိုက်ခဲ့ခြင်း၊ PDF တပ်ပေါင်းစုမှ နယ်မြေကျွမ်းကျင်ခြင်းနှင့် ပြောက်ကျားစစ်၏ သဘောသဘာ၀အရ ရဲဘော် ၁ ဦးသာ လက်နက်ကြီး ထိမှန်ဒဏ်ရာရခဲ့သည်ဟု အသိပေးထားသည်။

သတင်း

အကြမ်းဖက် စစ်တပ်၏ လုပ်ရပ်များကို လက်မခံတော့သည့် စစ်သားနှင့်ရဲများသည် စစ်တပ်ရှေ့ တန်းစခန်းများမှ ထွက်ပြေးကြပြီး နီစပ်ရာ ပြည်သူများမှတဆင့် ပြည်သူ့ရင်ခွင်သို့ဆက်သွယ်ကာ CDM လုပ်ပေးရန် ပြောဆိုမှုများကြောင့် ကသာမြို့နယ် ပြည်သူ့ရင်ခွင်သို့ ရောက်ရှိခိုလှုံလာသော CDM ရဲနှင့်စစ်သား ၆၁ဦးရှိလာပြီဟု ကသာ ပကဖက အသိပေးထားသည်။