Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီတပ်က မြိုင်မြို့နယ်တွင်စစ်​ကြောင်းထိုး၍ ဆက်လက်ဖျက်ဆီး၊ လူငယ်တစ်ဦးကို ပစ်သတ်သွား

“ရွာထဲက ပရဟိတ ကားတစ်စီးကို မီးရှို့ဖျက်ဆီးပြီး ဖောကားတစ်စီးကိုလည်း လုယက်ယူဆောင်သွားတယ်။ ရွာထဲက လုယက်လာသမျှ ပစ္စည်းတွေကို အဲဒီကားနဲ့ တင်သွားတယ်။”ဟု မြိုင်နယ်ခံတစ်ဦးက ပြောသည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့​သော​​ကျေးရွာများမှနေအိမ်များ နှင့် စစ်တပ်စခန်းချခဲ့​သော​နေရာ၊ ပစ္စည်းများလုယက်ယူ​ဆောင်သွားပြီး​နောက်မြင်ကွင်းများ။ ဓါတ်ပုံ-CJ)

​မေလသုံးပါတ်အတွင်းမြိုင်တွင် ​ကျေးရွာ ၆ရွာမှ​နေအိမ်​ပေါင်းရာချီမီးရှို့ဖျက်ဆီးထား

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင်စစ်​ကောင်စီတပ်ကကျေးရွာများအား စစ်ကြောင်းထိုးဖျက်ဆီးနေပြီး လူငယ်တစ်ဦးအား​သေနတ်ဖြင့်ပစ်သတ်သွားကြောင်း ဒေသခံများက ပြောသည်။

မြိုင်မြို့နယ်အနောက်ပိုင်းတွင်စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်ကောင်စီတပ်များသည်ယမန်နေ့ (မေလ ၂၁ ရက်နေ့)က ဆင်စိန်ရွာမှ အသက် ၂၀ အရွယ်လူငယ်တစ်ဦးကို ပစ်သတ်သွားပြီး အမျိုးသားနှစ်ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

နံနက် ၁၁ နာရီခန့်တွင် မြိုင်မြို့နယ်အနောက်ပိုင်း တဲကြီးရွာသို့ အင်အားတစ်ရာခန့်ဖြင့် ဝင်ရောက်မွှေနှောက်ဖျက်ဆီးပြီး ရွာထဲရှိဈေးဆိုင်များအတွင်းသို့ တံခါးများကို ဖျက်ဆီးဝင်ရောက်ကာ အဖိုးတန်ပစ္စည်းမှန်သမျှကို လုယက်ယူဆောင်သွားကြောင်း ဒေသခံတို့က ပြောသည်။

“ရွာထဲက ပရဟိတ ကားတစ်စီးကို မီးရှို့ဖျက်ဆီးပြီး ဖောကားတစ်စီးကိုလည်း လုယက်ယူဆောင်သွားတယ်။ ရွာထဲက လုယက်လာသမျှ ပစ္စည်းတွေကို အဲဒီကားနဲ့ တင်သွားတယ်။”ဟု မြိုင်နယ်ခံတစ်ဦးက ပြောသည်။

ထို့အပြင် ဘောင့်ဘင်ရွာနှင့် ခွေးမွှေးရွာအနီးရှိကြက်ခြံများနှင့် နေအိမ်အချို့ကိုလ​ည်း မီးရှို့ဖျက်ဆီးသွားကြောင်း၊ အကြမ်းဖက်စစ်တပ်သည် ကျောက်ခွက်ရေနံမြေဘက်သို့ စစ်ကြောင်းထိုးမည်ဟု ခန့်မှန်းရပါသဖြင့် ရေနံမှော်ဘက်မှ ပြည်သူများ ကြိုတင်ပြင်ဆင်ထားရန် မြိုင်ဒေသတွင်းအဖွဲ့များက သတိပေးထားသည်။

စစ်ကောင်စီတပ်များသည် မြိုင်မြို့နယ်အတွင်း မေလ ၁ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျေးရွာ ၆ရွာမှနေအိမ်ရာချီ မီးရှို့ဖျက်ဆီးထားကြောင်း မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ (BEGSC-MYAING) က ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

ထိုစစ်ကြောင်းကို (၁၀၀၈) တပ်ရင်း၊ ဖယ်ခုံ PDF တပ်ရင်း -၂ ၊ အင်းလေး PDF ၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆေးရေးအဖွဲ့၊ တပ်ရင်း (၁၀၀၅)၊ KNDF နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ကာကွယ် ရေးတပ်များ ပူးပေါင်းတိုက်ခိုက်နေသည်။

သတင်း

မဟာလူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ်ရှိနေသမျှ ကာလပတ်လုံး ဖက်ဒရယ်မွန်ပြည် ရောက်ရှိနိုင်မည် မဟုတ်ဟု အပြည့်အ၀ယုံကြည်သောကြောင့် မဟာလူမျိုးကြီး ဝါဒ၊ အာဏာရှင်စနစ်ကျရှုံးရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို လိုလားသော မည်သည့်အင်အားစုများနှင့်မဆို အတူတကွ လက်တွဲတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း မွန်အဖွဲ့အစည်းသုံးခုက ကြေညာသည်။

သတင်း

ဝေခါကျေးရွာတွင် စစ်ကောင်စီ၏ ရဲတပ်ရင်း(၃၀)ရှိနေပြီး ယမန်နေ့(မေ ၂၁ရက်) ညတွင် ရဲတပ်ရင်းဘက်မှ သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်သံများ ကြားခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

သတင်း

ယခုလ တတိယပတ်သုံးရက်အတွင်း စစ်ကောင်စီတပ်က မြောင်မြို့နယ်ကျေးရွာ ရှစ်ရွာကို မီးရှို့ခဲ့ပြီး စစ်ဘေးရှောင်ပြည်သူ ၅,၀၀၀ ကျော်အထိ ရှာလာကြောင်းလည်း ဒေသခံသတင်းရင်းမြစ်များက ထုတ်ပြန်ထားသည်။