Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖယ်ခုံအရှေ့ဘက်ကမ်း ဆီးမီးလော့ရွာတိုက်ပွဲ စစ်ကောင်စီတပ် လေးဦးထက်မနည်းသေ

ထိုစစ်ကြောင်းကို (၁၀၀၈) တပ်ရင်း၊ ဖယ်ခုံ PDF တပ်ရင်း -၂ ၊ အင်းလေး PDF ၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆေးရေးအဖွဲ့၊ တပ်ရင်း (၁၀၀၅)၊ KNDF နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ကာကွယ် ရေးတပ်များ ပူးပေါင်းတိုက်ခိုက်နေသည်။

ဖယ်ခုံမြို့ အရှေ့ဘက်ကမ်း ဆီးမီးလော့ရွာတိုက်ပွဲ၌ စစ်ကောင်စီတပ်သား လေးဦးထက်မနည်း သေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တပ်ရင်း – ၃က ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်စဥ်မှာ ယမန်နေ့(မေ ၂၁ ရက်) နေ့လယ် ၁ နာရီခွဲခန့်ကစတင်ခဲ့ပြီး ညနေ ၄နာရီခွဲ အထိကြာမြင်ခဲ့ကာ KNDF တပ်ရင်း -၃ ၊တပ်ရင်း -၁၁ နှင့် ကရင်နီတပ်မတော်(KA)တို့ ပူးပေါင်း တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“နှစ်ဖက်ထိတွေ့မှုက မီတာ ၃၀၊ ၄၀ သာကွာတယ်။အဲဒါကြောင့် စစ်ကောင်စီတပ်က သေဆုံး မှုကို အတည်ပြုရတယ်”ဟု KNDF တပ်ရင်း -၃ တာဝန်ရှိသူက ပြောသည်။

ယမန်နေ့တိုက်ပွဲ၌ ကရင်နီပူးပေါင်းတပ်မှ ရဲဘော်များထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

ထို့အပြင် ညောင်ရွှေမြို့နယ်၊ ထီရိကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို ယခုလ ၁၂ ရက်က ကရင်နီပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက်တစ်ရက်တွင် စစ်ကောင်စီတပ်က သာလွန်အင်အားဖြင့် ညောင်ရွှေမြို့နယ် တောင်ပို့ကွဲ ၊ဆောင်နန်းခဲရွာဖက်မှစတင် စစ် ကြောင်းထိုးခဲ့သည်။

ထိုစစ်ကြောင်းကို (၁၀၀၈) တပ်ရင်း၊ ဖယ်ခုံ PDF တပ်ရင်း -၂ ၊ အင်းလေး PDF ၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆေးရေးအဖွဲ့၊ တပ်ရင်း (၁၀၀၅)၊ KNDF နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ကာကွယ် ရေးတပ်များ ပူးပေါင်းတိုက်ခိုက်နေသည်။

မေလ ၁၅ ရက် နှင့် ၁၆ ရက်တိုက်ပွဲများ၌ စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့်အပါအဝင် ရှစ်ဦးထက်မနည်းသေဆုံးသည်ကို တပ်ရင်း (၁၀၀၅က အတည်ပြုထားသည်။

သို့သော် ထိုရက်နောက်ပိုင်းတွင် တိုက်ပွဲများဆက်လက်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးသူအရေအတွက် ကို မသိရှိခဲ့ရပေ။

မေလ၂၁ ရက်အထိ ဖယ်ခုံမြို့၊ အရှေ့ဘက်ကမ်း တိုက်ပွဲများ၌ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များမှ ရဲဘော်လေးဦးကျဆုံးခဲ့သည်။

တိုက်ပွဲများဆက်လက်ပြင်းထန်နိုင်သောကြောင့် ကျည်၊ခဲယမ်းလိုအပ်ချက် များလာပြီး ပြည်သူ လူထုအနေဖြင့် ဝိုင်းဝန်းကူညီပေးရန်လည်း KNDF တပ်ရင်း -၃ က မေတ္တာရပ်ခံထားသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

မြန်မာနိုင်ငံဆေးကောင်စီသည် ကျန်းမာရေးလောကတွင် အရေးပါသည့်အခန်းကဏ္ဍတစ်ခုမှပါဝင်နေပြီး ဆရာဝန်များအား ဆေးကုသခွင့် ဆမလက်မှတ်ထုတ်ပေးခြင်း၊ ဆေးကုသခွင့်ရုတ်သိမ်းခြင်းတို့ကို ပြုလုပ်နိုင်သည့် အာဏာ ပိုင်အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။

သတင်း

လက်ရှိတွင် စစ်ကောင်စီတပ်မှ သေဆုံးသူနှင့် ဒဏ်ရာရသူများအား ပေါက်ကုန်းကျေးရွာဦးမှတစ်ဆင့် ရေကြောင်းမှ မော်တော်ဖြင့် ရွှေကူမြို့သို့ သယ်ဆောင်သွားခဲ့သည်ဟုလည်း သိရသည်။

သတင်း

အသက် (၂၁) နှစ်အရွယ် မောင်ကျော်ညီဇင်သည် မေလ ၂၀ရက်တွင် မန္တလေး-မုံရွာကားလမ်းမပေါ်၊ မြင်းမူမြို့နယ်အတွင်း၌ မိသားစုနှင့်အတူ အိမ်စီးကားတစ်စီးဖြင့် သွားလာနေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

သတင်း

"ရွာထဲက ပရဟိတ ကားတစ်စီးကို မီးရှို့ဖျက်ဆီးပြီး ဖောကားတစ်စီးကိုလည်း လုယက်ယူဆောင်သွားတယ်။ ရွာထဲက လုယက်လာသမျှ ပစ္စည်းတွေကို အဲဒီကားနဲ့ တင်သွားတယ်။"ဟု မြိုင်နယ်ခံတစ်ဦးက ပြောသည်။