Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်ပစ်သတ်ခဲ့သည့် CDM ဆေးကျောင်းသားနှင့် ပြည်သူများအတွက် တရားမျှတမှု ပြန်ယူပေးမည်ဟု NUG ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

အသက် (၂၁) နှစ်အရွယ် မောင်ကျော်ညီဇင်သည် မေလ ၂၀ရက်တွင် မန္တလေး-မုံရွာကားလမ်းမပေါ်၊ မြင်းမူမြို့နယ်အတွင်း၌ မိသားစုနှင့်အတူ အိမ်စီးကားတစ်စီးဖြင့် သွားလာနေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်၍ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဦးခေါင်းကျည်ထိမှန် ကျဆုံးခဲ့ရသည့် ဆေးတက္ကသိုလ်-မန္တလေး CDM ကျောင်းသား မောင်ကျော်ညီဇင် အပါအဝင် ပြည်သူများအတွက် တရားမျှတမှု မဖြစ်မနေ ပြန်ယူပေးမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။

အသက် (၂၁) နှစ်အရွယ် မောင်ကျော်ညီဇင်သည် မေလ ၂၀ရက်တွင် မန္တလေး-မုံရွာကားလမ်းမပေါ်၊ မြင်းမူမြို့နယ်အတွင်း၌ မိသားစုနှင့်အတူ အိမ်စီးကားတစ်စီးဖြင့် သွားလာနေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

​သေနတ်ဖြင့်အပစ်ခံရ၍​ကွယ်လွန်ခဲ့သူမှာ ဆေးတက္ကသိုလ်-မန္တလေး၊၁၂/၂၀၁၇ Batch မှ ကျောင်းသား မောင်ကျော်ညီဇင်ဖြစ်ပြီး ဦးနှောက်ကျည်ထိမှန်ကာ သေဆုံးခဲ့ရကြောင်း၊ မောင်ကျော်ညီဇင်သည် ဓမ္မဘက်သို့ ပြတ်ပြတ်သားသားရပ်တည်ကာ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ခဲ့သူဖြစ်ကြောင်း ဆေးတက္ကသိုလ်-မန္တလေး(ကြားကာလ ယာယီကောင်စီ)၏ ဝမ်းနည်းကြောင်းသဝဏ်လွှာတွင် ရေးသားထားသည်။

“ချောင်းဦးနဲ့မုံရွာကြားလို့လည်း ပြောတယ်။ စခတွေကဝီစီမှုတ်ပြီးတားတာအရှိန်လဲပါနေတာမို့ချက်ချင်းရပ်လို့မရသေးဘဲလမ်းဘေးကိုချပြီးရပ်တဲ့အချိန်မှာပစ်လိုက်တာပါ။ ကားမှန်ကနေဖောက်ဝင်ပြီးနောက်ခန်းမှာထိုင်နေတဲ့မိသားစုလေးယောက်ထဲကဒီကလေးခေါင်းကိုမှန်သွားတာပါ မုံရွာဆေးရုံကြီးမှာမနက် ၁၁ခွဲ ဆုံးသွားတာပါ။ ခုမှဆေးကျောင်းတတိယနှစ်တက်ရမယ့်ကလေးပါ။”ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီသည် အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးလုပ်သားများ၊ ဆေးနှင့်ဆေးနှီးနွှယ် ကျောင်းသားကျောင်းသူများကို ဥပဒေမဲ့ ဖမ်းဆီးထောင်ချခြင်း၊ နှိပ်စက်သတ်ဖြတ်ခြင်း၊ ဆေးကုသခွင့်လိုင်စင်များကို အဓိပ္ပာယ်မဲ့ ရုပ်သိမ်းခြင်း၊ လူနာများ၏ လျှို့ဝှက်အပ်သော အချက်အလက်များကို ကျင့်ဝတ်နှင့် မလျော်ညီစွာ စောင့်ကြည့်ရယူခြင်း၊ ဆေးရုံ/ဆေးခန်းများကို အဓမ္မဝင်ရောက်စီးနင်းခြင်း၊ စစ်ဆေးအရေးယူခြင်းနှင့် လုယက်ချိတ်ပိတ်သိမ်းပိုက်ခြင်း အစရှိသည့် အကြမ်းဖက်လုပ်ရပ်များကို အစဉ်တစိုက် ကျူးလွန်လျက်ရှိကြောင်း ဖော်ပြထားသည်။

ယခု ကျဆုံးခဲ့သည့် မောင်ကျော်ညီဇင် အပါအဝင် ကျဆုံးပြည်သူများ၏ မိသားစုများနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး အပြစ်မဲ့ ကျဆုံးခဲ့ရသော ဆေးနှင့် ဆေးနှီးနွှယ် ကျောင်းသားကျောင်းသူများ၊ ကျန်းမာရေးလုပ်သားများ၊ ပြည်သူများအတွက် တရားမျှတမှုကို မဖြစ်မနေ ပြန်လည်ရယူပေးမည်ဖြစ်ကြောင်း ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီနှင့်အတူ အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်ခဲ့သူများအားလုံးကို ပြည်သူ့တရားဥပဒေနှင့်အညီ ပြင်းထန်ထိရောက်စွာ စီရင်မည်ဖြစ်ကြောင်းနှင့် စစ်အာဏာရှင်စနစ် ကျရှုံးပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ပေါက်ရေးအတွက် ပြည်သူလူထုတစ်ရပ်လုံးနှင့် လက်တွဲ၍ အစွမ်းကုန် ကြိုးပမ်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ မေလ ၁၉ရက် အထိ စစ်ကောင်စီသတ်ဖြတ်မှုများကြောင့် ပြည်သူ ၁၈၅၁ဦး ကျဆုံးခဲ့ရပြီး အမှန်တကယ်ကျဆုံးခဲ့သူများမှာအဆိုပါအရေအတွက်ထက် ပိုများနေနိုင်သည်ဟုဆိုသည်။ ထို့ပြင် ဖမ်းဆီးခံခဲ့ရသည့် ပြည်သူ ၁၀,၇၁၆ ဦးရှိသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေ - ဖယ်ခုံနယ်စပ် တိုက်ပွဲများ၌ ပါဝင်တိုက်ခိုက်နေသည့် အမှတ် - ၁၀၀၈ တပ်ရင်းသည် ရှမ်း၊ အင်းသား၊ ကယန်း၊ ပအိုဝ်း လူငယ်များစွာဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု အသိပေးထားသည်။

သတင်း

မေလ ၂၂ရက် နံနက် ၈နာရီခွဲတွင် Eagles Army၊ Tagung PDF၊ MGZ PDF၊ Fox Army ၊ KIA PDF များ ပူးပေါင်းကာ အင်ဒေါင်းရွာမှ စစ်ကြောင်းထိုး ပြန်လာသည့် စစ်ကောင်စီတပ်ကို စောင့်ကြို၍ အနီးကပ် တိုက်ခိုက်ခဲ့သည်ဟု...

သတင်း

မြန်မာနိုင်ငံဆေးကောင်စီသည် ကျန်းမာရေးလောကတွင် အရေးပါသည့်အခန်းကဏ္ဍတစ်ခုမှပါဝင်နေပြီး ဆရာဝန်များအား ဆေးကုသခွင့် ဆမလက်မှတ်ထုတ်ပေးခြင်း၊ ဆေးကုသခွင့်ရုတ်သိမ်းခြင်းတို့ကို ပြုလုပ်နိုင်သည့် အာဏာ ပိုင်အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။

သတင်း

လက်ရှိတွင် စစ်ကောင်စီတပ်မှ သေဆုံးသူနှင့် ဒဏ်ရာရသူများအား ပေါက်ကုန်းကျေးရွာဦးမှတစ်ဆင့် ရေကြောင်းမှ မော်တော်ဖြင့် ရွှေကူမြို့သို့ သယ်ဆောင်သွားခဲ့သည်ဟုလည်း သိရသည်။