Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေကူမြို့နယ်တိုက်ပွဲ စစ်ကောင်စီခြေလျှင်စစ်ကြောင်း ထိခိုက်သေဆုံးမှုများဟုဆို

လက်ရှိတွင် စစ်ကောင်စီတပ်မှ သေဆုံးသူနှင့် ဒဏ်ရာရသူများအား ပေါက်ကုန်းကျေးရွာဦးမှတစ်ဆင့် ရေကြောင်းမှ မော်တော်ဖြင့် ရွှေကူမြို့သို့ သယ်ဆောင်သွားခဲ့သည်ဟုလည်း သိရသည်။

(၄၀)မမဗုံးသီးများ သိမ်းဆည်းရမိကြောင်း မြို့လှKPDF ထုတ်ပြန်

ကချင်ပြည်နယ် ရွှေကူမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ခြေလျှင်စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများပြီး (၄၀) မမဗုံးသီးများ သိမ်းဆည်းရမိကြောင်း မြို့လှ KPDF က ထုတ်ပြန်သည်။

ယနေ့ (မေ ၂၂ ရက်) နံနက် ၈နာရီခွဲခန့်တွင် အင်အား ၄၀ခန့်ပါ စစ်ကောင်စီတပ်သည် ရွှေကူမြို့ နယ် သင်္ဘောအင်းရွာမှ မိုးစစ်ကျေးရွာဖက်သို့ ခြေလျှင်ဆုတ်ခွာလာစဥ် H-22 လက်လုပ်ရှေ့ထွက်မိုင်း ခြောက်လုံးဖြင့် စောင့်ကြိုမိုင်းဆွဲ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှထိခိုက် ကျဆုံးမှုအများအပြားရှိခဲ့ကြောင်း ဖော်ပြသည်။

ထို့အပြင် တိုက်ပွဲဖြစ်ရာနေရာသို့ မြို့လှ KPDF အရံတပ်ဖွဲ့မှ နယ်မြေရှင်းလင်းရာ လက်ထောက်ကျည် (40 – mm) ၁၃လုံး သိမ်းဆည်းရမိခဲ့ သည်ဟု အသိပေးသည်။

လက်ရှိတွင် စစ်ကောင်စီတပ်မှ သေဆုံးသူနှင့် ဒဏ်ရာရသူများအား ပေါက်ကုန်းကျေးရွာဦးမှတစ်ဆင့် ရေကြောင်းမှ မော်တော်ဖြင့် ရွှေကူမြို့သို့ သယ်ဆောင်သွားခဲ့သည်ဟုလည်း သိရသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေ - ဖယ်ခုံနယ်စပ် တိုက်ပွဲများ၌ ပါဝင်တိုက်ခိုက်နေသည့် အမှတ် - ၁၀၀၈ တပ်ရင်းသည် ရှမ်း၊ အင်းသား၊ ကယန်း၊ ပအိုဝ်း လူငယ်များစွာဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု အသိပေးထားသည်။

သတင်း

မေလ ၂၂ရက် နံနက် ၈နာရီခွဲတွင် Eagles Army၊ Tagung PDF၊ MGZ PDF၊ Fox Army ၊ KIA PDF များ ပူးပေါင်းကာ အင်ဒေါင်းရွာမှ စစ်ကြောင်းထိုး ပြန်လာသည့် စစ်ကောင်စီတပ်ကို စောင့်ကြို၍ အနီးကပ် တိုက်ခိုက်ခဲ့သည်ဟု...

သတင်း

မြန်မာနိုင်ငံဆေးကောင်စီသည် ကျန်းမာရေးလောကတွင် အရေးပါသည့်အခန်းကဏ္ဍတစ်ခုမှပါဝင်နေပြီး ဆရာဝန်များအား ဆေးကုသခွင့် ဆမလက်မှတ်ထုတ်ပေးခြင်း၊ ဆေးကုသခွင့်ရုတ်သိမ်းခြင်းတို့ကို ပြုလုပ်နိုင်သည့် အာဏာ ပိုင်အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။

သတင်း

အသက် (၂၁) နှစ်အရွယ် မောင်ကျော်ညီဇင်သည် မေလ ၂၀ရက်တွင် မန္တလေး-မုံရွာကားလမ်းမပေါ်၊ မြင်းမူမြို့နယ်အတွင်း၌ မိသားစုနှင့်အတူ အိမ်စီးကားတစ်စီးဖြင့် သွားလာနေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။