Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်မြို့တွင် မေလကုန်အထိ စစ်ဆင်ရေးပြုလုပ်မည်ဖြစ်၍ ပြည်သူများအနေဖြင့် သတိထားသွားလာရန် SNF အသိပေး

SNF အနေဖြင့် မေလ ၂၂ မှ ၃၁ရက်အထိ ရန်ကုန်မြို့အတွင်း စစ်ဆင်ရေးများပြုလုပ်ရန် ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်မြို့တွင် မေလကုန်အထိ စစ်ဆင်ရေးများပြုလုပ်ရန်ရှိ၍ ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် သက်ဆိုင်သည့်နေရာများနှင့် ဈေးဝယ်စင်တာများကို ရှောင်ရှားသွားလာရန် Special Ninja Force -SNFက အသိပေးထားသည်။

“စစ်ကောင်စီနှင့်သက်ဆိုင်သော နေရာများ ၊စျေးရောင်းစင်တာများအား မလိုအပ်ဘဲသွားလာချင်းကိုမပြုလုပ်ဖို့ဘဲသတိပေးအပ်ပါတယ်ခင်ဗျာ။ကျွန်တော်တို့အဖွဲ့သတိပေးစာထုတ်ပြန်ရတဲ့အကြောင်းအရင်းက ပြည်သူတွေ အတတ်နိုင်ဆုံးထိခိုက်မှုမရှိအောင် အသိပေးရချင်းဖြစ်ပါတယ်ခင်ဗျာ ၊”ဟု SNF မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

SNF အနေဖြင့် မေလ ၂၂ မှ ၃၁ရက်အထိ ရန်ကုန်မြို့အတွင်း စစ်ဆင်ရေးများပြုလုပ်ရန် ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

SNF အဖွဲ့ကို ဧပြီ ၁ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ပထမဆုံး စစ်ဆင်ရေးကို ဧပြီ ၂၄ ရက်က နိုင်ငံရေးအကျဉ်းသားများအား နှိပ်စက်နေသည့် ထောင်ဝန်ထမ်းများကို သတိပေးသည့် အနေဖြင့် အင်းစိန်အကျဥ်းထောင်အတွင်း လက်လုပ်မိုင်းပစ်၍ တိုက်ခိုက်ခဲ့သည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

နပတ DRONE တပ်ရင်းမှလည်း YRPA နှင့်အတူ ပူးပေါင်း ပါဝင် တိုက်ခိုက်ခဲ့ခြင်း၊ PDF တပ်ပေါင်းစုမှ နယ်မြေကျွမ်းကျင်ခြင်းနှင့် ပြောက်ကျားစစ်၏ သဘောသဘာ၀အရ ရဲဘော် ၁ ဦးသာ လက်နက်ကြီး ထိမှန်ဒဏ်ရာရခဲ့သည်ဟု အသိပေးထားသည်။

သတင်း

မေလ ၁၅ရက်က ဖြစ်ခဲ့သည့် တိုက်ပွဲတွင် မြိုင်၊ ရေစကြိုနှင့် ပခုက္ကူမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးအဖွဲ့များစုပေါင်း၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ခုနှစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့သည်။ယင်းနေ့ကတိုက်ပွဲတွင် စစ်ကောင်စီတပ် ပစ်ခတ်၍ အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့သည်။

သတင်း

"(၈)မိုင်တံတားမှာ ပစ်ခတ်သံတွေကြားနေရတယ်။ လမ်းကြောင်းတွေလည်း အတော်ပိတ်ပါတယ်။ YBS စီးရင်း ဘူမသိကိုးမသိ ဝပ်နေလိုက်ရတယ်"ဟု ခရီးသွားပြည်သူတစ်ဦးက ကိုယ်တွေ့ကြုံရပုံကို ပြောသည်။

နိုင်ငံတကာ

ပညာရှင်တွေကတော့ ပူနွေးတဲ့ အရည်တွေ များများ သောက်တာက ကိုဗစ်ရောဂါကို အမှန်တကယ် မသက်သာစေပေမယ့် ကိုဗစ်ကြောင့် ဖြစ်ပွားတဲ့ လက္ခဏာ တချို့ကိုတော့ လျော့ပါးသွားစေကြောင်း၊ ဒါပေမဲ့ ခန္ဓာကိုယ်ထဲမှာ ရေဓာတ် ဆုံးရှုံးမှုကို သာမန်ထက် မြန်ဆန်သွားစေကြောင်း သတိပေးထားပါတယ်။