Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုလဲမြို့နယ်တွင် အများပြည်သူထံမှ ပစ္စည်းများလုယက်လာသည့် ပျူအဖွဲ့ကို PDFများ တိုက်ခိုက်

ယနေ့နံနက် ၉နာရီခွဲတွင် ပုလဲမြို့နယ် သာယာကုန်းရွာပြည်သူများထံမှ ဆိုင်ကယ်နှစ်စီ၊ စက်ဘီးတစ်စီး၊ ဆန်၊ ဆီ၊ ဒီဇယ်နှင့် ကလေးကစားစရာများပါ လုယက်လာသော အင်းမထီးရွာမှပျူစောထီးအဖွဲ့ကို ၁နာရီကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် အများပြည်သူထံမှ ပစ္စည်းများ လုယက်ခိုးယူလာသော ပျူစောထီးအဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တော်ဝင်လင်းယုန်တပ်ဖွဲ့က ယနေ့(မေ ၂၃) ထုတ်ပြန်သည်။

ယနေ့နံနက် ၉နာရီခွဲတွင် ပုလဲမြို့နယ် သာယာကုန်းရွာပြည်သူများထံမှ ဆိုင်ကယ်နှစ်စီ၊ စက်ဘီးတစ်စီး၊ ဆန်၊ ဆီ၊ ဒီဇယ်နှင့် ကလေးကစားစရာများပါ လုယက်လာသော အင်းမထီးရွာမှပျူစောထီးအဖွဲ့ကို ၁နာရီကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

တိုက်ခိုက်ခံရမှုကြောင့် ပျူစောထီးအဖွဲ့မှ အထိနာပြီး ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အသေအပျောက်စာရင်းအား အတည်မပြုနိုင်သေးဟု ဆိုသည်။

ထို့အပြင် ပျူစောထီးများလုယက်လာသောပစ္စည်းများကို ပြန်လည်သိမ်းယူနိုင်ခဲ့ပြီး ကာယကံရှင်ပြည်သူများထံ ပြန်လည်အပ်နှံပေးနိုင်ခဲ့ကြောင်း ဖော်ပြသည်။

အထက်ပါတိုက်ခိုက်မှုကို ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း-၁(Royal Eagle Squadron၊ပုံ‌တောင်Tiger တပ်ခွဲ၊ တောင်ပေါ်ပုဏ္ဏကတပ်ခွဲ) ၊ တပ်ရင်း-၂၊ တပ်ရင်း-၆(Guerilla Ranger)၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပျောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် ယနေ့နံနက်တွင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ရာ အသက် ၁၁နှစ်အရွယ် ကလေးတစ်ဦးနှင့် အသက် ၄၀ကျော်အရွယ် အမျိုးသမီးတစ်ဦးလက်နက်ကြီးကျည် ထိမှန်ပြီးဒဏ်ရာပြင်းထန်ခဲ့သည်ဟု ဆိုသည်။

သတင်း

မေလ ၂၂ရက်နေ့ကလည်း မွန်းလွဲ ၂ နာရီခွဲခန့်တွင် မုံရွာမြို့နယ်၊ တောပုကျေးရွာနေ ပျူစောထီးအဖွဲ့ဝင် အမျိုးသားနှစ်ဦးအား မုံရွာ-ချောင်းဦးလမ်းဘေးတစ်နေရာတွင် Monywa Black Hunter People's Task Forceက ရှင်းလင်းခဲ့သည်။

သတင်း

ယနေ့(မေ ၂၃ရက်) နံနက် ၁၀နာရီ ၄၅မိနစ်ခန့်က ရိုးခွကျေးခွနှင့်အေးရွာလေးကျေးရွာကြားတွင် စစ်ကောင်စီထောက်တိုင် ပျူစောထီးအဖွဲ့ဝင် ဦးသောင်းမြင့်နှင့် ၎င်း၏ သားဖြစ်သူ သက်ဇင်ဆိုသူတို့ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

သတင်း

လက်ရှိတွင် ရေးမြို့နယ် မဟာမိတ်တပ် ဦးမှ တပ်စိပ် (၁၀) ခုဖြင့် မိုးထဲလေထဲ၌ စစ်ကောင်စီတပ်ကို ဆက်လက်ပိတ်ဆို့တိုက်ပွဲဝင်နေကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။