Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကော်ဘရာစစ်ကြောင်းနဲ့ ဗိုလ်စောအယ်စေးဝါးတို့ တပ်ဖွဲ့ကို ပြည်သူတွေက သပြေပန်းနဲ့ကြို

အောင်ပွဲရဲ ကော်ဘရာစစ်ကြောင်းနဲ့ KNDO က ဗိုလ်စောအယ်စေးဝါးတပ်ဖွဲ့ဝင်ကို ဒေသခံပြည်သူတွေက အောင်သပြေ ပန်းကုံးတွေနဲ့ကြိုဆိုဂုဏ်ပြုခဲ့ပြီး မနက်စာနဲ့တည်ခင်းဧည့်ခံပေးခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းပြောခွင့်ရသူထံကနေ သိရပါတယ်။

သေဘောဘိုးစခန်းသိမ်းတိုက်ပွဲမှာ ဦးဆောင်ပါဝင်တဲ့ ကော်ဘရာစစ်ကြောင်းနဲ့ ကရင်အမျိုးကာကွယ်ရေးတပ်ဖွဲ့(KNDO) က ဗိုလ်စောအယ်စေးဝါးတို့ တပ်ဖွဲ့ကို ဒီကနေ့မနက်မှာ ဒေသခံပြည်သူတွေက ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။

အောင်ပွဲရဲ ကော်ဘရာစစ်ကြောင်းနဲ့ KNDO က ဗိုလ်စောအယ်စေးဝါးတပ်ဖွဲ့ဝင်ကို ဒေသခံပြည်သူတွေက အောင်သပြေ ပန်းကုံးတွေနဲ့ကြိုဆိုဂုဏ်ပြုခဲ့ပြီး မနက်စာနဲ့တည်ခင်းဧည့်ခံပေးခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းပြောခွင့်ရသူထံကနေ သိရပါတယ်။

“ဒီလိုအောင်ပွဲရစစ်သည်တွေကို ​ကောင်းကောင်းသာသာကြိုဆိုတဲ့အတွက် ကျနော်တို့အနေနဲ့ ဝမ်းပန်းတသာဖြစ်ရပါတယ်။ ကျနော်တို့စစ်ကြောင်းတွေလည်း တိုက်ပွဲတွေအများကြီးတိုက်ခိုက်ပေမယ့်လည်း ဒါပထမဆုံး ပြည်သူလူထုရဲ့ကြိုဆိုခံရတဲ့ အမှတ်တရအနေနဲ့ရှိတဲ့ ပွဲလေးတစ်ခုပဲဖြစ်ပါတယ်” လို့ ကော်ဘရာစစ်ကြောင်းပြောခွင့်ရသူက ဆိုပါတယ်။

“တစ်နေ့ ကိုယ့်ဇာတိချက်ကြွေမှာ ဒီလိုမျိုး ကြိုဆိုခွင့်လေးရချင်တယ်”လို့ ကော်ဘရာစစ်ကြောင်းတပ်ဖွဲ့ဝင်တစ်ဦးက သူ့ရဲ့လူမှုကွန်ယက်မှာ ရေးသားထားကိုလည်း တွေ့ရပါသေးတယ်။

စစ်ကောင်စီရဲ့ သေဘောဘိုးစခန်းကို မေလ ၁၈ ရက်နေ့က KNLA တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်း(၂၇)တပ်ခွဲ ၂ က ဒုခွဲမှူးဗိုလ်ဒါ​ဘော(ကော်ဘရာစစ်ကြောင်းမှူး)နဲ့ KNDO က ဗိုလ်စောအယ်စေးဝါးတို့အဖွဲ့က တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ဒုရင်းမှူးတစ်ဦး တပ်ခွဲမှူးတစ်ဦးအပါအဝင် အလောင်းငါးလောင်းတွေ့ရှိရကာ ၇ ဦးကို အရှင်ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းအမြောက်အများကိုလည်း KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က သိမ်းဆည်းရခဲ့တယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ထားချက်အရ သိရပါတယ်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

အကြမ်းဖက်စစ်တပ်၏ မီးရှို့သတ်ဖြတ်ခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခံရခြင်းများကြောင့် အရပ်သားပြည်သူ ၁၇ဦးထက်မနည်းသေဆုံးခဲ့ရပြီး အသက် ၇၅နှစ်အရွယ် အဘိုးအိုတစ်ဦးကိုပင် မီးရှို့သတ်ဖြတ်သွားခဲ့သည်။

သတင်း

ယနေ့နံနက် ၉နာရီခွဲတွင် ပုလဲမြို့နယ် သာယာကုန်းရွာပြည်သူများထံမှ ဆိုင်ကယ်နှစ်စီ၊ စက်ဘီးတစ်စီး၊ ဆန်၊ ဆီ၊ ဒီဇယ်နှင့် ကလေးကစားစရာများပါ လုယက်လာသော အင်းမထီးရွာမှပျူစောထီးအဖွဲ့ကို ၁နာရီကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

သတင်း

SNF အနေဖြင့် မေလ ၂၂ မှ ၃၁ရက်အထိ ရန်ကုန်မြို့အတွင်း စစ်ဆင်ရေးများပြုလုပ်ရန် ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

သတင်း

ယနေ့ နံနက် ၅နာရီ ၁၅တွင် ကသာမြို့ ပေကုန်းမှ ကပ်ပလိပ်​ကျေးရွာသို့ ချီတက်လာသည့် အင်အား ၁၅၀ခန့်ပါ စစ်ကောင်စီတပ်ကို ကပ်ပလိပ်မှ ကသာမြို့သို့သွားရာ တာရိုး လမ်းပေါ်၌ ရှေ့ထွက်မိုင်းနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။