Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအမှု ဒေါ်အောင်ဆန်းစုကြည် ကို အဂတိအမှု ၄ မှုနဲ့စွဲချက်တင်

ရန်ကုန်နဲ့ နေပြည်တော်မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် မြေနေရာရယူတာ ၊အဆောက်အအုံဌားရမ်းတာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အဂတိပုဒ်မ နဲ့အမှု ၄ မှု တရားစွဲဆိုထားတာပါ။

Photo: Getty Images

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်ပြီး စွဲဆိုထားတဲ့အဂတိမှုတွေနဲ့ စွဲချက်တင်ဖို့ တရားရုံးက ဒီနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။

ရန်ကုန်နဲ့ နေပြည်တော်မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် မြေနေရာရယူတာ ၊အဆောက်အအုံဌားရမ်းတာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အဂတိပုဒ်မ နဲ့အမှု ၄ မှု တရားစွဲဆိုထားတာပါ။

ဒီအမှုတွေကို စွဲဆိုထားတဲ့ အဂတိပုဒ်မနဲ့ပဲဆက်လက်စစ်ဆေးဖို့ တရားရုံးက ဒီနေ့မှာ စွဲချက်တင်အမိန့်ချ လိုက်တာဖြစ်ပါတယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်အမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဟာ NLD အစိုးရ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင် ၊ နေပြည်တော်ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး နဲ့ နေပြည်တော် စည်ပင်ကောင်စီကော်မတီဝင် ဦးမင်းသူတို့ကိုလည်း တရားစွဲဆိုထားပါတယ်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

တရားလိုဟာ စစ်ကောင်စီပြန်လည်ဖွဲ့စည်းလိုက်တဲ့အဂတိကော်မရှင်ကအရာရှိဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရုံးချိန်းမှာ တော့ တရားလို ကျန်းမာရေးအရခွင့်တိုင်ခဲ့တဲ့အတွက် စစ်ဆေးနိုင်ခြင်းမရှိခဲ့ပါဘူး။

သတင်း

တရားလိုဖြစ်သူ စစ်ကောင်စီလက်အောက်ခံ အဂတိကော်မရှင်က အရာရှိ ဦးအောင်ခန့်ဟာ ကျန်းမာရေးကြောင့် ဒီနေ့တရားခွင်ကိုရောက်မလာနိုင်တာလို့ တရားရုံးနဲ့ နီးစပ်သူတွေထံကသိရပါတယ်။

သတင်း

လာမယ့်ရုံးချိန်းကို မေလ ၁၆ ရက်ကို ချိန်းဆိုထားပြီး ဒီနေ့ ရုံးချိန်းမှာ သမ္မတ ဦးဝင်းမြင့် နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကျန်းမာရေးကောင်းကြတယ်လို့သိရပါတယ်။

သတင်း

ဦးဖြိုးမင်းသိန်း ထံက နေရွှေချောင်းနဲ့ဒေါ်လာတွေ လက်ခံတယ်ဆိုကာစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အဂတိပုဒ်မနဲ့တရားစွဲပြီး နေပြည်တော် အထူးတရားရုံးကလည်း တရားစွဲတဲ့ပုဒ်မနဲ့ပဲ စွဲချက်တင်ခဲ့ပါတယ်။