Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“နန်းထိုက်​အောင်စစ်ဆင်​ရေး”အဖြစ် KNLA ပူးပေါင်းအဖွဲ့က ခမရ(၂၀၇)အား တိုက်ခိုက်

စစ်ကောင်စီလက်အောက်ခံများအနေဖြင့် အချိန်မီနှုတ်ထွက်နှင့် လက်ပါးစေများ၊ သတင်းပေးဒလန်များနှင့် ဒေါက်တိုင်များကို တိုက်ခိုက်ချေမှုန်းသွားမည်ဟုလည်း စစ်ဆင်ရေးတွင်ပါဝင်သည့် ကျိုက်ထိုတော်လှန်ရေးအင်အားစုက သီးခြားထုတ်ပြန်ထားသည်။

တပ်ကြပ်ကြီးတစ်ဦးသေပြီး နှစ်ဦးပြင်းထန်စွာဒဏ်ရာရရှိဟု စစ်ဆင်ရေးဦးဆောင်သူပြော

“နန်းထိုက်​အောင်စစ်ဆင်​ရေး”၏ စစ်​ရေးပစ်မှတ်အဖြစ် မွန်ပြည်နယ် သိမ်ဇရပ်အ​ခြေစိုက် တပ်မ(၄၄)လက်​အောက်ခံ ခမရ(၂၀၇)အား ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးတစ်ဦးသေကာ နှစ်ဦးပြင်းထန်စွာဒဏ်ရာရရှိကြောင်း အဆိုပါစစ်ဆင်ရေးဦးဆောင်သူက People’s Springသို့ ပြောသည်။

ယနေ့ (မေ ၂၄ ရက်) နံနက် ၃နာရီခွဲခန့်က ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ PDF နှင့်ပကဖ တော်လှန်ရေးအင်အားစုများ ပူးပေါင်းအဖွဲ့မှ အဆင့်မြင့်နည်းပညာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“ကျွန်​တော်တို့ ထပ်တိုက်လို့ရတဲ့အခွင့်အ​ရေး​တွေရှိ​ပေမယ့် တပ်ရင်းက မိသားစု​တွေကို လူကိုလူလိုမြင်တတ်တဲ့ စိတ်နဲ့အပြစ်မရှိတဲ့ မိသားစုဝင်​တွေအတွက် ငဲ့ညာလိုက်တာပါ။ အကြမ်းဖက်စစ်​ကောင်စီ​အောက်က ရုန်းထွက်ချင်ကြတဲ့သူ​တွေ ကျိုက်ထို​တော်လှန်​ရေးအင်အားစုနဲ့ အမြန်ဆုံးဆက်သွယ်ဖို့ အသိ​ပေးထားပါတယ်။ ​နောက်တစ်ကြိမ်ဆိုရင်​တော့ စကစနဲ့ပတ်သက်သူမှန်သမျှ ဘယ်သူ့ကိုမှသက်ညှာ​တော့မှာမဟုတ်ဘဲ တိုက်ခိုက်​ချေမှုန်း​သွား​ပါ့မယ်”လို့ စစ်ဆင်​ရေးမှာဦး​ဆောင်ပါဝင်ခဲသူက ရှင်းပြသည်။

ထို့အတူ တပြိုင်နက်တည်းမှာပင် သိမ်ဇရပ်မြို့မရဲစခန်းအား ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်မှုကို အ​သေးစိပ်စုံစမ်းဆဲဟု အသိပေးသည်။

“အဆင့်မြင့်နည်းပညာနဲ့ပတ်သက်လို့ လောလော ဆယ်ပြောလို့ မရသေးတဲ့ လျှို့ဝှက် အခြေ အနေ ဖြစ်နေပါသေးတယ်။သေတာ၊ဒဏ်ရာရတာတွေကတော့ ကျိန်းသေတယ်”ဟု စစ်ဆင်ရေးတွင်ပါဝင်သူက People’s Springသို့ ပြောသည်။

စစ်ကောင်စီလက်အောက်ခံများအနေဖြင့် အချိန်မီနှုတ်ထွက်နှင့် လက်ပါးစေများ၊ သတင်းပေးဒလန်များနှင့် ဒေါက်တိုင်များကို တိုက်ခိုက်ချေမှုန်းသွားမည်ဟုလည်း စစ်ဆင်ရေးတွင်ပါဝင်သည့် ကျိုက်ထိုတော်လှန်ရေးအင်အားစုက သီးခြားထုတ်ပြန်ထားသည်။

ယမန်နေ့ကလည်း ပဲခူးတိုင်း၊သာယာဝတီမြို့တွင် “နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေးအဖြစ် “တပ်မ (၆၆) ၏ ခလရ (၃၅)တပ်ရင်းသို့ ဆန်ရိက္ခာများထောက် ပံ့ပေးနေသောဆန်စက်အား မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း စစ်ဆင်ရေးတာဝန်ခံက People’s Springသို့ ပြောထားသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ဆန်စက်ပိုင်ရှင်၏ အိမ်စီးကားနှင့် ကုန်ကားတစ်စီးလည်း ထိခိုက်ပျက်စီးခဲ့သည်။

လက်ရှိတွင်”နန်းထိုက်အောင်မြို့ပြစစ်ဆင် ရေး”မှာ ရန်ကုန်တွင်သာမက ပဲခူးတိုင်းနှင့် မွန်ပြည် နယ်အတွင်း၌ပါ ဆောင်ရွက်နေခြင်းဖြစ်သည်။

ထို့အပြင် စစ်ဆင်ရေးတစ်လအတွင်း အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီထောက်တိုင် စုစုပေါင်း ၅၅ဦးကို သုတ်သင်ရှင်းလင်းထားပြီး ၆၀ကျော်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ယခုနှစ် ဧပြီ၈ရက်က စတင်ခဲ့သော “နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး”သည် မေလ၈ ရက်က တစ်လပြည့်မြောက်​ခဲ့ခြင်း ဖြစ်သည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

ထိတွေ့တိုက်ပွဲတွင် ချိုမိုင်မိုင်အဖွဲ့မှ ရဲဘော်အားလုံး ဘေးကင်းခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးရှိနိုင်ပြီး စာရင်းအတိအကျမသိရသေးကြောင်းဖော်ပြသည်။

သတင်း

တစ်ပြိုင်တည်း၌ သိမ်ဇရပ်မြို့မ ရဲစခန်းအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှု စုံစမ်းနေဆဲဖြစ်သည်ဟု ဆိုသည်။

သတင်း

အကြမ်းဖက်စစ်တ​ပ်သည် မိုးကောင်းရွာအတွင်းရှိ နေအိမ် ၂၀ကျော်ကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

သတင်း

ယနေ့နံနက် ၉နာရီခွဲတွင် ပုလဲမြို့နယ် သာယာကုန်းရွာပြည်သူများထံမှ ဆိုင်ကယ်နှစ်စီ၊ စက်ဘီးတစ်စီး၊ ဆန်၊ ဆီ၊ ဒီဇယ်နှင့် ကလေးကစားစရာများပါ လုယက်လာသော အင်းမထီးရွာမှပျူစောထီးအဖွဲ့ကို ၁နာရီကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။