Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နယ်စပ်က လိုဏ်ဂူတစ်ခုထဲမှာ မြန်မာလုပ်သားတွေဖမ်းမိ

ဖမ်းမိထားတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ထာ့ဆောက်ရမ်းမြို့နယ်ရဲစခန်းကို ပို့ဆောင်လိုက်ပြီး ထိုင်းနိုင်ငံဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ မဲဆောက်မီဒီယာရဲ့ ရေးသားဖော်ပြချက်အရ သိရပါတယ်။

ထိုင်းနိုင်ငံထဲကို ပုံစံအမျိုးမျိုး နည်းလမ်းအမျိုးမျိုးနဲ့ တရားမဝင်နယ်စပ်ဖြတ်ကျော်ပြီး ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဒီကနေ့မနက်မှာ ထိုင်းအာဏာပိုင်က နယ်စပ်တနေရာမှာရှိတဲ့ လိုဏ်ဂူတခုအတွင်းမှာ ဖမ်းဆီးရမိခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ် တာ့ခရိုင် ထာ့ဆောင်မြို့နယ်ထဲက လိုဏ်ဂူထဲမှာ ပုန်းခိုနေထိုင်တဲ့ တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသား ၁၅ ဦး အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၂၅ ဦးကို ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး အဲ့ဒီမြန်မာနိုင်ငံသားတွေဟာ ဂူထဲမှာပုန်းခိုနေထိုင်တာ ရက်ပေါင်းအတန်ကြာပြီလို့လည်း လို့ မဲဆောက်မီဒီယာထံကနေ သိရပါတယ်။

ထာ့ဆောက်ရမ်းမြို့နယ် မဲ့၀လိုဝမ်တိုက်နယ် တောထဲမှာရှိတဲ့ အဆိုပါလိုဏ်ဂူဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို တရားမဝင်လမ်းကြောင်းကနေ ပို့ဆောင်ပေးမယ့် လူကုန်ကူးသူတွေရဲ့ ခရီးတထောက်နားခိုရာစခန်းအဖြစ် အသုံးပြုနေတဲ့နေရာလည်းဖြစ်တယ်လို့ ဒေသတွင်းသတင်းဖော်ပြချက်အရ သိရပါတယ်။

ဖမ်းမိထားတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ထာ့ဆောက်ရမ်းမြို့နယ်ရဲစခန်းကို ပို့ဆောင်လိုက်ပြီး ထိုင်းနိုင်ငံဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ မဲဆောက်မီဒီယာရဲ့ ရေးသားဖော်ပြချက်အရ သိရပါတယ်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမား ၂၀ဦးကို ဆာဒါအိုဆေးရုံတွင် COVID-19 စစ်ဆေးစောင့် ကြည့်ရန် ပို့ဆောင်ထားပြီး နေရပ်ပြန်ပို့ရေး ဥပဒေကြောင်းဆိုင်ရာ လုပ်ငန်းစဉ်စတင်ရန် ဆာဒါအို ရဲစခန်းသို့ လွှဲပြောင်းမည်ဖြစ်သည်။

ဗီဒီယို

ယာဉ်တန်းဟာ ဖင်လန်နဲ့ နယ်စပ်နားက ရုရှားမြို့ဖြစ်တဲ့ ဗိုင်ဘော့ဂ်ဆီ ဦးတည်နေခဲ့တာပါ။ ဖင်လန် အစိုးရက သူတို့ဟာ NATOနဲ့ ပေါင်းစည်းသွားမယ်လို့ ပြောကြားခဲ့ပြီး မကြာခင်မှာပဲ ဒီယာဉ်တန်းကို တွေ့ရတာလို့ မျက်မြင်တွေက ဆိုပါတယ်။

သတင်း

ထိုင်းအစိုးရသည် ကိုဗစ်ကပ်ရောကူးစပ်မှုထိန်းချုပ်ရန်အတွက် နယ်စပ်ဝင်ပေါက်များကို တင်းကြပ်ထားပြီး တရားမဝင်လာရောက်သူများအား စောင့်ကြည့်၍ နေ့စဥ်ဖမ်းဆီးမှုများပြုလုပ်နေကြောင်း မြန်မာအဖွဲ့အစည်းများက ပြောသည်။

နိုင်ငံတကာ

ဝမ်ရဲ့ ခရီးစဉ်ကို တရုတ်ရော၊ အိန္ဒိယကပါ ကြိုတင် ကြေညာမှု မရှိခဲ့ပါဘူး။ ဝမ်ဟာ အာဖဂန် နစ္စတန်ကနေတဆင့် ဒေလီမြို့တော်က လေဆိပ်တစ်ခုကို တိတ်တိတ်ဆိတ်ဆိတ်ပဲ ဆိုက်ရောက်လာတာပါ။ သူရောက်ရှိပြီးမှ ဒီသတင်းကို အိန္ဒိယနဲ့ တရုတ် မီဒီယာတွေမှာ ဖော်ပြလာကြတာ ဖြစ်ပါတယ်။