Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖယ်ခုံမြို့ အရှေ့ဘက်ကမ်းဒေသ ၁၀ရက်ကြာတိုက်ပွဲ စစ်ကောင်စီတပ် ၃၀ထက်မနည်းသေဟု KNDF ထုတ်ပြန်

စခန်းနယ်မြေရှင်းလင်းစဥ်တွင်လည်းမိုးဗြဲမြို့ အခြေစိုက် ခမရ – ၄၂၂ တပ်ရင်းမှ လက်နက်ကြီးများပစ်ခတ်ခြိမ်းခြောက်ခဲ့သည်ဟု ဖော်ပြသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့ အရှေ့ဘက်ကမ်းဒေသ ၁၀ရက်ကြာတိုက်ပွဲတွင် စစ်ကောင် စီတပ်မှ ၃၀ ထက်မနည်းသေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ် ရင်း – ၃က ယနေ့ (မေ ၂၄ ရက်)တွင် ထုတ်ပြန်သည်။

ထို့အပြင် ယနေ့ နံနက်၄ နာရီ မိနစ် ၂၀ခန့်တွင် ဆီးမီးလော့ရွာအောက်ဘက်ရှိ စစ်ကောင်စီတပ်စခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့များမှ သွား ရောက်ရှင်းလင်းခဲ့ကြောင်း အသိပေးသည်။

စခန်းချနေသောစစ်သားများ ပြန်လည်ဆုတ်ခွာသွားသော်လည်း မှိုင်းထောင်ထားခဲ့ခြင်းကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖယ်ရှားကာ ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

စခန်းနယ်မြေရှင်းလင်းစဥ်တွင်လည်းမိုးဗြဲမြို့ အခြေစိုက် ခမရ – ၄၂၂ တပ်ရင်းမှ လက်နက်ကြီးများပစ်ခတ်ခြိမ်းခြောက်ခဲ့သည်ဟု ဖော်ပြသည်။

ညောင်ရွှေမြို့နယ်၊ထီရိကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို ယခုလ ၁၂ ရက်က ကရင်နီပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက်တစ်ရက်တွင် စစ်ကောင်စီတပ်
ကသာလွန်အင်အားဖြင့် ညောင်ရွှေမြို့နယ် တောင်ပို့ကွဲ ၊ဆောင်နန်းခဲရွာဖက်မှစတင်စစ် ကြောင်းထိုးခဲ့သည်။

ထိုစစ်ကြောင်းနှင့် မေလ ၁၅ ရက်တွင် စတင်ထိတွေ့မှုဖြစ်ပွားပြီးနောက် နေ့စဥ် တိုက်ပွဲများဖြစ်ပေါ်ခဲ့သည်။

တိုက်ပွဲအတွင်း KNDF တပ်ရင်း ၃ မှ ရဲဘော်တစ် ဦးအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လေးဦးကျဆုံးခဲ့ကာ (၁၀၀၈)တပ်ရင်း၊ ဖယ်ခုံ PDF တပ်ရင်း -၂ ၊ အင်းလေး PDF ၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆေးရေးအဖွဲ့၊ တပ်ရင်း (၁၀၀၅)၊ KNDF နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ကာကွယ် ရေးတပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်အား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ခုခံတိုက်ခိုက်လျက်ရှိသည်။

သတင်း

KIAနှင့် စစ်ကောင်စီတပ်တို့သည် ရှမ်းမြောက် ကွတ်ခိုင်နှင့် မုံးကိုးဒေသများ၌လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

သတင်း

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုများတွင် ကနီမြို့နယ်တွင် ၅၅ ဦး၊ ဆားလင်းကြီးမြို့နယ်တွင် ၁၀ ဦး၊ ဖရူဆိုမြို့နယ်တွင် ၄၉ ဦး၊ မတူပီမြို့နယ်တွင် ၁၁ ဦး၊ မြင်းမူမြို့နယ်တွင် ရှစ်ဦး၊ ကလေးမြို့နယ်တွင် သုံးဦး၊ ဂန့်ဂေါမြို့နယ်တွင် ငါးဦး၊ ရေဦးမြို့နယ်တွင် ၃၂ ဦးနှင့် ရွာငံမြို့နယ်တွင်...

သတင်း

အကြမ်းဖက်စစ်တပ်သည် မြောင်မြို့နယ်အတွင်း မေလ ၁၈ရက်မှ ယနေ့အထိ ရွာစဉ်လှည့်လည် မီးရှို့နေပြီး တစ်ပတ်အတွင်း ရွာပေါင်း ၁၈ ရွာနှင့် နေအိမ် ၃၉၃လုံးကိုဖျက်ဆီးခဲ့ကြသည်။