Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာတွင်အနက်​ရောင်စစ်ဆင်​ရေး အရှိန်မြှင့်မည်ဖြစ်၍ ယ​နေ့ပြည်သူများ မလို အပ်ဘဲအပြင်မထွက်ရန် သတိ​ပေး

စစ်ဆင်ရေးများကိုသာ အဓိကထား၍ လုပ်ဆောင်မည်ဖြစ်သောကြောင့်ကြေညာချက်ကို လိုက်နာပေးရန် မြို့ပြပြောက်ကျားအဖွဲ့များက မေတ္တာရပ်ခံသည်။

မုံရွာမြို့ကို အ​ပေါ်စီးမှ ​တွေ့ရစဥ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် အကြမ်းဖက်စစ်ကောင်စီကိုတိုက်ခိုက်နေသည့် အနက်ရောင်စစ်ဆင်ရေး အရှိန်မြှင့်မည်ဖြစ်၍ ပြည်သူများ မလိုအပ်ဘဲ အပြင်မထွက်ကြရန် မြို့ပြပြောက်ကျားအဖွဲ့ ၉ ဖွဲ့က သတိပေးသည်။

Monywa UG တပ်​ပေါင်းစု၏ ​ကြေညာချက်

ယနေ့ မေလ၂၅ ရက်နေ့မှစ၍ အနက်ရောင်စစ်ဆင်ရေးအရှိန်မြှင့်မည်ဟု မုံရွာအခြေစိုက် ဒေသတွင်း ပြောက်ကျားအဖွဲ့များက ပြောသည်။ ထို့ကြောင့် အရေးကြီးကိစ္စမရှိဘဲ အပြင်မထွက်ရန်၊ အကြမ်းဖက်စစ်တပ်များရှိရာနေရာများသို့ ဖြတ်သန်းသွားလာခြင်းမပြုရန်၊ ကားမှန်ချမောင်းနှင်ရန် ၎င်းတို့က သတိပေးသည်။

စစ်ဆင်ရေးများကိုသာ အဓိကထား၍ လုပ်ဆောင်မည်ဖြစ်သောကြောင့်ကြေညာချက်ကို လိုက်နာပေးရန် မြို့ပြပြောက်ကျားအဖွဲ့များက မေတ္တာရပ်ခံသည်။

စစ်​ကောင်စီက ယမန်နေ့က မုံရွာမြို့တွင်လ​ည်း ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများအားလုံးကို နံနက် ၇ နာရီမှစတင်ကာ ၆ နာရီကြာ ပိတ်ထားခဲ့ပြီး ​မွန်းလွဲ ၁ နာရီတွင် ပြန်ဖွင့်ပေးခဲ့သည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

စစ်ကောင်စီလက်အောက်ခံများအနေဖြင့် အချိန်မီနှုတ်ထွက်နှင့် လက်ပါးစေများ၊ သတင်းပေးဒလန်များနှင့် ဒေါက်တိုင်များကို တိုက်ခိုက်ချေမှုန်းသွားမည်ဟုလည်း စစ်ဆင်ရေးတွင်ပါဝင်သည့် ကျိုက်ထိုတော်လှန်ရေးအင်အားစုက သီးခြားထုတ်ပြန်ထားသည်။

သတင်း

အကြမ်းဖက်စစ်တပ်သည် စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အချို့တွင် ယနေ့နံနက်ပိုင်းမှစတင်ကာ ဖုန်းလိုင်းများအား ဖြတ်တောက်ထားသည်။

သတင်း

မြန်မာ့သစ်လုပ်ငန်း(မုံရွာ)သည် အာဏာသိမ်းပြီးချိန်ကစ၍ အချိန်ပြည့်လုပ်ငန်းလည်ပတ်လျက်ရှိပြီး စက်ရုံအရာရှိများကလည်း ဝန်ထမ်းများကို CDM မဝင်စေရေး၊ ဖိနှိပ်မှုများ၊ စောင့်ကြည့်ထိန်းချုပ်မှုများ လုပ်ဆောင်လျက်ရှိနေကြောင်း DGF(L.C)က ပြောသည်။

သတင်း

မေလ ၂၂ရက်နေ့ကလည်း မွန်းလွဲ ၂ နာရီခွဲခန့်တွင် မုံရွာမြို့နယ်၊ တောပုကျေးရွာနေ ပျူစောထီးအဖွဲ့ဝင် အမျိုးသားနှစ်ဦးအား မုံရွာ-ချောင်းဦးလမ်းဘေးတစ်နေရာတွင် Monywa Black Hunter People's Task Forceက ရှင်းလင်းခဲ့သည်။