Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကုလအထူးကိုယ်စားလှယ် မြန်မာနိုင်ငံလာရောက်ဖို့ စစ်အုပ်စုခေါင်းဆောင်ဖိတ်ကြား

နိုလင်းဟေဇာဟာ မြန်မာနိုင်ငံကို မသွားခင် အာဆီယံ ဥက္ကဋ္ဌဖြစ်သူ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေးညီလာခံမှာ တွေ့ဆုံခဲ့ကြတယ်လို့ ဖနွမ်းပင်ပို့စ်ကဖော်ပြပါတယ်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်နဲ့မစ္စနိုလင်းဟေဇာ

နိုင်ငံတကာသံတမန်ဆက်ဆံရေးမှာပစ်ပယ်ခံရမှုတွေကြုံနေရတဲ့စစ်ကောင်စီဟာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာ မြန်မာနိုင်ငံကိုလာရောက်ဖို့ လမ်းဖွင့်ပေးလိုက်တယ်လို့သိရပါတယ်။

မကြာခင်ကာလမှာ လာရောက်ဖို့အတွက် စစ်ကောင်စီခေါင်းဆောင် က ကုလအထူးကိုယ်စားလှယ်ကို ဖိတ်ကြားလိုက်တာပါ။

နိုလင်းဟေဇာဟာ မြန်မာနိုင်ငံကို မသွားခင် အာဆီယံ ဥက္ကဋ္ဌဖြစ်သူ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေးညီလာခံမှာ တွေ့ဆုံခဲ့ကြတယ်လို့ ဖနွမ်းပင်ပို့စ်ကဖော်ပြပါတယ်။

မင်းအောင်လှိုင်ရဲ့ ဖိတ်ကြားချက်အရ သိပ်မကြာခင်မှာ မြန်မာကိုသွားရောက်ဖို့အတွက် ပြင်ဆင်နေတာကြောင့် မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဟွန်ဆန်ရဲ့အမြင်သဘောထားသိရအောင် ခရီးစဉ်မတိုင်ခင်တွေ့ဆုံရတာဖြစ်တယ်လို့ နိုလင်းဟေဇာက ပြောခဲ့ကြောင်း ဟွန်ဆန်ရဲ့ ကိုယ်စားလှယ်အဖွဲ့မှာပါဝင်တဲ့ ကမ္ဘောဒီးယားကိုယ်စားလှယ်တစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဖနွမ်းပင်ပို့စ်က ဖော်ပြပါတယ်။

တွေ့ဆုံမှုမှာ ဟွန်ဆန်ကမြန်မာ့အရေးကို ကူညီနိုင်ဖို့အတွက် ပထမဆုံး လုပ်ဆောင်ရမယ့်အချက်ဟာ အပစ်အခတ်ရပ်စဲရေးကနေ အကြမ်းဖက်မှုတွေရပ်စဲဖို့ ဖြစ်ပြီး ဒုတိယအနေနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို လိုအပ်နေသူတွေထံထောက်ပံ့ဖို့ဖြစ်တယ်လို့ နိုလင်းဟေဇာကိုပြောပြပါတယ်။

နောက်ဆုံးအချက်အနေနဲ့ သက်ဆိုင်တဲ့အစုအဖွဲ့တွေအားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်စေဖို့ ဖြစ်တယ်လို့ မြန်မာ့အရေးအတွက် အချက် ၃ ချက်ကို ဟွန်ဆန်က ကုလအထူးကိုယ်စားလှယ်ကို ပြောပါတယ်။

နိုလင်းဟေဇာရဲ့ခရီးစဉ်အကောင်အထည်ဖော်ဖြစ်ရင်ဒါဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် ကုလသမဂ္ဂအထူးကိုယ်စားလှယ်တစ်ဦး မြန်မာနိုင်ငံကို ပထမဆုံးလာရောက်တဲ့ခရီးစဉ်လည်းဖြစ်ပါတယ်။

မစ္စနိုလင်းဟေဇာကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားတာပါ။ ဒါပေမယ့် နိုလင်းဟေဇာ မြန်မာနိုင်ငံကိုလာရောက်ဖို့ ကို လနဲ့ချီပြီး စစ်အုပ်စုက ခွင့်မပြုခဲ့ပါဘူး။

ဒါအပြင် ပြီးခဲ့တဲ့ မေလအတွင်း ဖနွမ်းပင်မှာကျင်းပတဲ့ မြန်မာနိုင်ငံကိုလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး အာဆီယံအစည်းအဝေးမှာလည်း နိုလင်းဟေဇာ တက်ရောက်မှာကို စစ်အုပ်စုက ပိတ်ပင်ခဲ့တာတွေလုပ်ခဲ့ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မြန်မာနိုင်ငံမှာမြင့်တက်လာတဲ့ ပဋိပက္ခတွေ ၊အကြမ်းဖက်မှုတွေများလာတာ ၊ ဆင်းရဲမွဲတေမှုမြင့်တက်လာတာ ၊ပြည်သူ့ဝန်ဆောင်မှု တွေပြတ်တောက်တာတွေ ကြောင့် ကလေးငယ်တွေ အကူအညီလိုအပ်လာတာလို့ ယူနီဆက်က ဆိုထားပါတယ်။

News

သြစတြေးလျ နိုင်ငံခြားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စစ်ကောင်စီကို အသိအမှတ်မပြုဘဲ မြန်မာနိုင်ငံမှာရှိတဲ့ သြစတြေးလျ နိုင်ငံရဲ့အကျိုးစီးပွားတွေ ကာကွယ်နိုင်လိမ့်မယ်လို့မျှော်လင့်နေကြပါတယ်။

News

ဆက်လက်၍ ဖြစ်ပွားနေသော ပဋိပက္ခများ၊ အကြမ်းဖက်မှုများ ရပ်တန့်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာအသိုက်အဝန်းက ကူညီဆောင်ရွက်ပေးသင့်သည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

News

သံအမတ် အသစ် အဖြစ် ခန့်အပ်ခံရသူ မစ္စတာ ဗီနေးကူးမားဟာ သူရဲ့ သံအမတ် ခန့်အပ်လွှာကို အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင်ထံ ဒီနေ့ မနက်ပိုင်းက နေပြည်တော်မှာ ပေးအပ်ခဲ့တယ်လို့သိရပါတယ်။