Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်မြို့နယ်တွင် စစ်ကြောင်းထိုးရမ်းကားနေသည့် စစ်အုပ်စုကို မဟာမိတ်အဖွဲ့များက ကိုယ်တိုင်ထုတ် လက်နက်ကြီးများဖြင့်တိုက်ခိုက်

စစ်​ကောင်စီတပ်နှင့်ပျူစောထီးများမှ ပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိဘဲ ငြိမ်သက်သွားသည်ဟုဆိုပြီး အကြမ်းဖက်စစ်တပ်နှင့်ပျူစောထီးများဘက်မှ ဒဏ်ရာရသေဆုံးစာရင်းအား စုံစမ်းနေဆဲဖြစ်ကြောင်း 27 Revolution Forceက ပြောသည်။

မဟာမိတ်အဖွဲ့ ကိုယ်တိုင်ထုတ် လက်နက်ကြီး

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကြောင်းထိုးရမ်းကားနေသည့် အကြမ်းဖက်စစ်​ကောင်စီတပ်နှင့် ပျူစောထီးများအား ကိုယ်တိုင်ထုတ် လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း 27 Revolution Forceက အသိ​ပေးထုတ်ပြန်သည်။

မြင်းခြံမြို့နယ်အခြေစိုက် 27 Revolution Forceအဖွဲ့က မကွေးတိုင်း၊ မြိုင်မြို့နယ်အထိသွားရောက်ကာ ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့်အတူအကြမ်းဖက်စစ်​ကောင်စီတပ်အား သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မေလ ၂၄ ရက်က မြိုင်မြို့နယ်၊ ဝက်သုံးအိုင်ရွာမှ ဒေါင်အိုကြီးကျေးရွာသို့ စစ်ကြောင်းထိုး၍ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသော စစ်​ကောင်စီတပ်နှင့် ပျူစောထီးများအား Urban ကျားကြီးဟု အမည်ပေးထားသော လက်နက်ကြီးဖြင့် ၁၀ချက်ခန့် တရစပ်ပစ်ခတ်တိုက်ခိုက်ခဲ့သ​ည်ဟု 27 Revolution Forceက ပြောသည်။

စစ်​ကောင်စီတပ်နှင့်ပျူစောထီးများမှ ပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိဘဲ ငြိမ်သက်သွားသည်ဟုဆိုပြီး အကြမ်းဖက်စစ်တပ်နှင့်ပျူစောထီးများဘက်မှ ဒဏ်ရာရသေဆုံးစာရင်းအား စုံစမ်းနေဆဲဖြစ်ကြောင်း 27 Revolution Forceက ပြောသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအား မဟာမိတ်အဖွဲ့များဖြစ်သော မြင်းခြံခရိုင်၊ တပ်ရင်း အမှတ် ၁၊ 27 Revolution Force၊ Yesagyo Revolution Group(YRG)၊ Urban Underground Revolution Force(UURF)၊ King Cobra တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု အသိပေးသည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ 27 Revolution Forceအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

မေလ ၂၅ ရက်​ နံနက်ပိုင်းကလည်း မြောင်မြို့နယ်၊ လှေတင်ဦးရွာနှင့် ကူးတို့ကုန်းရွာကြားသို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဒရုန်းဖြင့် အီနာဂါဗုံးသီး နှစ်လုံးကြဲကာ တိုက်ခိုက်ခဲ့သေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အင်အား ၃၀၀ ခန့်ရှိ အဆိုပါစစ်ကြောင်းနှစ်ခုမှာ မိုင်းဆွဲတိုက်ခိုက်ခံရခြင်းကြောင့် ထိခိုက်သေဆုံးများနိုင်ပြီး ထုတ်ပြန်ချက်၌ စာရင်းအတိအကျအား ဖော်ပြထားခြင်းမရှိသေးပေ။

သတင်း

ကသာ(ပကဖ)၏ တပ်ခွဲများဖြစ်သော ဗိုလ်မိုက် ဦးဆောင်သည့် အရှေ့ဘက်ကမ်း ပကဖ ၊ မိုးတား (ပကဖ) ဗိုလ်သာလိကာအဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ရင်း (၁၂) မဟာမိတ်ပူးပေါင်း တပ်များက ၁၀၇ ရှော့တိုက်ဒုံး ငါးလုံးဖြင့် ပစ်ခတ်ခဲ့ရာ သင်္ဘော တစ်စီးအား ၂လုံး ထိမှန်ခဲ့သည်ဟု ဖော်ပြသည်။

သတင်း

"YDF နဲ့ PDF စိုးမိုးနယ်မြေကို သူတို့ ပြန်ယူဖို့ ကြိုးစားနေတယ်။ဒါပေမယ့် မြေ​ပြင် စစ် ကြောင်းက နေမလာပဲ ဝေဟင်ကနေ သုံးသွားတာ တွေက ရန်သူ စခ တပ်တွေ မြေပြင်စိုးမိုး မှုမရှိဘူးဆိုတာ သက်သေပဲ"ဟု အထက်ပါ တာဝန်ရှိသူက ရှင်းပြသည်။

သတင်း

တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ​လေးဦးသေဆုံးကြောင်း၊ ဒရုန်းတပ်ဖွဲ့က စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ရာတွင်လည်း စစ်သား ၇ဦးခန့်သေဆုံးနိုင်ကြောင်း DGF-အောက်ချင်းတွင်းက ပြောသည်။