Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ယောဒေသ၌ မြေပြင်ထိန်းချုပ်နိုင်မှုနည်းလာသည့် စစ်ကောင်စီတပ် လေကြောင်းထိုးစစ် ပိုလုပ်လာ၍ ပြည်သူနှင့်တော်လှန်ရေးအဖွဲ့များ ပိုသတိထားရန် YRPA သတိပေး

ယောဒေသအတွင်းရှိ လောင်းရှည် PDF၊ ကျောက်ထု PDF၊ ထီးလင်း PDF၊ ယောဒေသ PDF၊ ဂန့်ဂေါPDFနှင့် ဆော PDF တို့ ပူးပေါင်းပြီး YRPAကို စုဖွဲ့ကာ စစ်ကောင်စီတပ်ကို ပိုမိုထိရောက်စွာ တော်လှန်တိုက်ခိုက်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

(YRPA၏ (၅)ကြိမ်​မြောက်အစည်းအ​ဝေးကို ​မေလ၁၆ ရက်က ပြုလုပ်​နေစဥ်)

▪️မြစ်သာဆည်တစ်ဝိုက် ရဟတ်ယာဉ် ၅စီးဖြင့်တိုက်ခိုက်၍ PDFနှင့်ရွာသား ၇ဦးကျဆုံးမှုအပေါ် ဝမ်းနည်းကြောင်း ဖော်ပြ

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် ယောဒေသတွင် မြေပြင် ထိန်းချုပ်နိုင်မှု အလွန်နည်းပါးလာသောကြောင့် လေကြောင်း ထိုးစစ်ဆင်မှုများ ပိုမိုပြုလုပ်လာ၍ ပြည်သူများ ၊ တော်လှန်ရေးအဖွဲ့အစည်းများ အနေဖြင့် စစ်ရေးသတိ လေကြောင်းရန်သတိများ ပိုမိုသတိပြုရန် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု(YRPA) က သတိပေးသည်။

မေလ ၂၆ရက် က အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် ၅စီးဖြင့် မြစ်သာဆည်ဘောင်တစ်လျှောက်ရှိ ရွာများနှင့် PDF တပ်စခန်းများသို့ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့၍ PDF တပ်သားနှင့် ရွသားများ ၇ဦးကျဆုံးခဲ့ရသည့်အပေါ် ဝမ်းနည်းကြောင်း ကြေညာရာ၌ အထပ်ပါအတိုင်းသတိပေးခဲ့သည်။ကျဆုံး ရွာသားများနှင့် PDFများ၏ အရေအတွက်ကို စိစစ်နေဆဲ ဖြစ်သည်ဟုလည်း ဖော်ပြသည်။

(YRPA၏ (၅)ကြိမ်​မြောက်အစည်းအ​ဝေးကို ​မေလ၁၆ ရက်က ပြုလုပ်​နေစဥ်)

အဆိုပါ ဖြစ်စဉ်တွင် လက်နက်ခဲယမ်းပစ္စည်းများ ဆုံးရှုံးခဲ့ရကြောင်း၊ တော်လှန်ရေးအတွက် အသက်ကို စွန့်လွှတ်ခဲ့သော ရဲဘော်များအားလုံးကို YRPA တပ်ဖွဲ့ဝင်များအားလုံးက အလေးပြုကြောင်း ထုတ်ပြန်သည်။

YRPA အနေဖြင့်လည်း ယင်းဖြစ်စဉ်အတွက် မိတ်ဖက်အဖွဲ့များနှင့်ပေါင်းပြီး စစ်ကောင်စီတပ်ကို ပြင်းထန်စွာ လက်တုံ့ပြန်သွားမည်ဟုလည်း ကြေညာခဲ့သည်။

ယောဒေသအတွင်းရှိ လောင်းရှည် PDF၊ ကျောက်ထု PDF၊ ထီးလင်း PDF၊ ယောဒေသ PDF၊ ဂန့်ဂေါPDFနှင့် ဆော PDF တို့ ပူးပေါင်းပြီး YRPAကို စုဖွဲ့ကာ စစ်ကောင်စီတပ်ကို ပိုမိုထိရောက်စွာ တော်လှန်တိုက်ခိုက်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဖားကန့်မြို့တွင် မေလ ၂၃ ရက်က ဖြစ်ခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနှစ်ဦးသေဆုံးခဲ့ပြီးနောက် စစ်ကောင်စီဘက်က ယခုကဲ့သို့ တပ်အချိန်းအပြောင်းပြုလုပ်လာခြင်းဟု ဒေသခံများက သုံးသပ်ကြသည်။

သတင်း

အဆိုပါ ဖောက်ခွဲမှုကို စစ်ကောင်စီဘက်ကဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် မြိတ်တော်လှန်ရေးအင်အားစုများနှင့် ပြည်သူလူထုကြား အထင်အမြင်လွဲမှားအောင်ပုံဖျက်တိုက်ခိုက်ခြင်းသာ ဖြစ်သည်ဟုလည်း ​ဖော်ပြထားသည်။

သတင်း

အင်အား ၃၀၀ ခန့်ရှိ အဆိုပါစစ်ကြောင်းနှစ်ခုမှာ မိုင်းဆွဲတိုက်ခိုက်ခံရခြင်းကြောင့် ထိခိုက်သေဆုံးများနိုင်ပြီး ထုတ်ပြန်ချက်၌ စာရင်းအတိအကျအား ဖော်ပြထားခြင်းမရှိသေးပေ။

သတင်း

ယနေ့နံနက် ၉ နာရီခွဲက မြောင်မှထွက်လာသော စစ်ကောင်စီတပ်ကို လက်ယက်မရွာနှင့် အောင်ချမ်းသာရွာကြားတွင် တစ်ဖက်ပွင့် Mytel အမြှောက်ကြီးသုံးလုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။