Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေး – မိုးကုတ်လမ်းရှိ စစ်ကောင်စီတပ်စွဲရာ တိုးဂိတ်အချို့တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိ

မတ္တရာဒေသခံတစ်ဦးကလည်း ယနေ့ မွန်းလွဲပိုင်းတွင် မန္တလေး – မိုးကုတ်လမ်းရှိ စစ်ကောင်စီတပ်စွဲရာ နေရာတစ်ခု တိုက်ခိုက်ခံရသည်ဟု ပြောသည်။

မတ္တရာ (ပကဖ)
မတ္တရာ (ပကဖ)

မန္တလေး – မိုးကုတ်လမ်းရှိ စစ်ကောင်စီတပ်စွဲရာ တိုးဂိတ်အချို့ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက ယနေ့ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့က အသိပေးသည်။

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် မန္တလေး – မိုးကုတ်ကားလမ်းပေါ် လက်ပံလှတိုးဂိတ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ယနေ့(မေလ ၃၀ရက်) နံနက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ​လေးဦးသေဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာပြင်းထန်ကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု မတ္တရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကို မတ္တရာ (ပကဖ) နှင့် စဉ့်ကူး (ပကဖ)တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အာဏာသိမ်း စစ်ကောင်စီ၏ လက်အောက်ခံဖြစ်သော စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ၊ တပ်စခန်းများ၊ စစ်ဆေးရေးဂိတ်များနှင့် စစ်ကောင်စီ အကြမ်းဖက် အစွယ်အပွားများကို အဓိက ပစ်မှတ်ထား၍ ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်းနှင့် ယင်းသို့တိုက်ခိုက်ရာတွင် ပြည်သူ လူထုထိခိုက်မှုမရှိအောင် အထူးသတိထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ္တရာ(ပကဖ)က ထုတ်ပြန် သည်။

မတ္တရာဒေသခံတစ်ဦးကလည်း ယနေ့ မွန်းလွဲပိုင်းတွင် မန္တလေး – မိုးကုတ်လမ်းရှိ စစ်ကောင်စီတပ်စွဲရာ နေရာတစ်ခု တိုက်ခိုက်ခံရသည်ဟု ပြောသည်။

“ ဒီနေ့ ၁ချက်ခွဲလောက်က ။ဖြစ်စဉ် ၂ခုလိုဖြစ်နေပြီ။ ကျွန်တော်တို့ သိတာက သပိတ်ကျင်းမှာ ဖြစ်တာသိတယ်။ သပိတ်ကျင်း ငွေတောင်တိုးဂိတ်မှာ။ ဖြစ်သွားတာ ဟုတ်တယ် ၁၅မိစနစ်လောက်ပဲ ကြာတယ်လို့ သပိတ်ကျဉ်းဘက်က ပြောတယ်။ အဲဒါကလည်း မတ္တရာ -မိုးကုတ်လမ်းပဲ”ဟု ဒေသခံက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

“မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတချို့ ဆုံးရှုံးတယ်လို့ကြားရပါတယ်၊ လူကော၊ လက်နက်ကော ဆုံးရှုံးတာမကြားမိသေးဘူး”ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။

သတင်း

"ခရိုနီအသိုင်းအဝိုင်းနဲ့ တော်တော်နီးနီးစပ်စပ်ရှိတယ်။ ပစ္စတိုခါးကြားထိုးပြီး သွားလာနေတဲ့သူတွေ အဲဒီ့ဆိုင်မှာရှိတယ်။ ပျူစောထီးတွေ။ "ဟု ၎င်းက ပြောသည်။

သတင်း

"ရဲကားနှစ်စီး၊ ပွိုင့်ကားတစ်စီး နဲ့ ဆိုင်ကယ်တစ်စီးပါတယ်။ထိတာက ဆိုင်ကယ်နဲ့ ရဲ တစ်ဦး ထိ သွားတာ"ဟု စော်ဘွားကြီးကုန်းရပ်ကွက် နေသူတစ်ဦးက ရှင်းပြသည်။

သတင်း

တိုက်ပွဲဖြစ်ပွားစဉ် အကြမ်းဖက်စစ်တပ်ကလက်နက်ကြီးများဖြင့် မနားတမ်းပြန်လည်ပစ်ခတ်မှုကြောင့် ဒေသခံ မဟာမိတ်တပ်ပေါင်းစုအဖွဲ့မှPDFရဲဘော် တစ်ဦးကျဆုံးခဲ့ရပြီး ( ၇ ) ဦးဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့ကြောင်း Seven People Defence Forceက ပြောသည်။