Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီနှင့် ဆွေးနွေးအပေးအယူပြုလုပ်မှုမှန်သမျှ တရားမဝင်ကြောင်း NUG ကြေညာ

စစ်ကောင်စီနှင့် ဆွေးနွေးညှိနှိုင်း အပေးအယူပြုလုပ်မှုများကို NUG နှင့် NUGကို ဆက်ခံသော မည်သည့်အစိုးရကမျှ အသိအမှတ်ပြုလက်ခံခြင်းရှိမည်မဟုတ်ကြောင်းလည်း အသိပေးကြေညာထားသည်။

စစ်ကောင်စီနှင့် ဆွေးနွေးအပေးအယူပြုလုပ်မှုမှန်သမျှ တရားမဝင်ကြောင်း NUG ကြေညာ

ယင်းသို့ ဆွေးနွေးအပေးအယူများကို NUG နှင့် NUG ကို ဆက်ခံသောမည်သည့်အစိုးရကမျှ အသိအမှတ်ပြုလက်ခံမည်မဟုတ်

အကြမ်းဖက်စစ်ကောင်စီနှင့် ဆွေးနွေးညှိနှိုင်း အပေး အယူပြုလုပ်မှုမှန်သမျှသည် တရားမဝင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ယနေ့ ထုတ်ပြန် ကြေညာသည်။

စစ်ကောင်စီနှင့် ဆွေးနွေးညှိနှိုင်း အပေးအယူပြုလုပ်မှုများကို NUG နှင့် NUGကို ဆက်ခံသော မည်သည့်အစိုးရကမျှ အသိအမှတ်ပြုလက်ခံခြင်းရှိမည်မဟုတ်ကြောင်းလည်း အသိပေးကြေညာထားသည်။

နိုင်ငံတော်၏ စစ်မှန်သောအချုပ်အခြာအာဏာသည် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲမှတဆင့် ပြည်သူလူထုက တရားဝင်အာဏာအပ်နှင်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ၌သာတည်ပြီးအကြမ်း ဖက်စစ်ကောင်စီသည် နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို မတရားသဖြင့်လုယူရန် ကြိုးစားနေသော အကြမ်းဖက်အဖွဲ့အစည်းသာ ဖြစ်သည်ဟု ထုတ်ပြန် သည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူလူထုထံမှ တိုက်ရိုက်ဆင်းသက် အပ်နှင်းထားသော တရားဝင်အုပ်ချုပ်ခွင့်အာဏာ (de jure power) မရှိသည့်အပြင် တိုင်းပြည်ကို လက်တွေ့ကျကျ နိုင်နင်းစွာအုပ်ချုပ်နိုင်သော အခွင့်အာဏာ (de facto power) လည်း လုံးဝမရှိသည့် တရားမဝင် အဖွဲ့အစည်းဖြစ်ကြောင်း ဖော်ပြ သည်။

အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ရာဇ၀တ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုတို့အတွက် ကမ္ဘာ့တရားခွင်တွင် ပြစ်ဒဏ်ချမှတ်ခံရမည့် အဖွဲ့အစည်းလည်းဖြစ်သည်ဟု ဆိုသည်။

လတ်တလောတွင် အကြမ်းဖက်စစ်ကောင်စီခေါင်း ဆောင်သည် ထိတွေ့တိုက်ပွဲမဖြစ်ပွားသော ​ဒေသများရှိတိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်အချို့နှင့် ငြိမ်းချမ်းရေးဖိတ်ခေါ်ဆွေးနွေးနေသည်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဖိတ်ခေါ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်သူများသည် ပြည်သူ လူထုကို သတ်ဖြတ်သည့်သွေးစွန်းသောလက်ကို အားပေးအားမြှောက်ပြုသူများ ဖြစ်သည်ဟု နိုင်ငံရေးလေ့လာစောင့်ကြည့်သူအချို့က သုံးသပ်ကြသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ဥက္ကဌ စဝ်ယွက်ဆစ်၊ မွန်ပြည်သစ်ပါတီ(NMSP) ဒုဥက္ကဌ နိုင်အောင်မင်း၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်လွတ်မြောက်ရေးတပ်မတော်(KNU/KNLA(PC))ဥက္ကဌ စောထော့လေး၊ ‘၀’ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)ဒုဥက္ကဌ ဦးလော့ ယာကုတို့က အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ရုံးအတွင်းနှင့် အပြင်၌ အချိန်ပြည့်လုံခြုံ​ရေးချထား​​သော​နောင်ချိုပညာ​ရေးမှူးရုံး၏ အ​​ပေါ်ထပ်အစည်းအ​ဝေးခန်းမတွင် ​ဗုံးပေါက်ကွဲခြင်းသည်စစ်​ကောင်စီတပ်လက်ချက်သာဖြစ်​ကြောင်း ​ဒေသခံများက​ပြောသည်။

သတင်း

ရန်ကုန်မြို့တွင် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်ထားပြီး အဖမ်းအဆီးများနေချိန်မှာပင် "မင်းတို့ရှို့တဲ့မီး မင်းတို့ပြန်လောင်စေ" ပြည်သူ့ကျိန်စာ စာသားအား ဝေဒပညာရှင်များ၏ ညွှန်ကြားစီရင်ပေးသည့် အင်းပြားများထည့်ချုပ်၍ ချိတ်ဆွဲခဲ့ခြင်း ဖြစ်သည်။

သတင်း

ပြီးခဲ့သည့်မေလ ၂၈ရက်နေ့ကဝက်လက်မြို့နယ်တွင်အင်အား၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသောစစ်တပ်အား လယ်ကွင်းပြင်တစ်နေရာတွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု မြင်းဖြူရှင်ပျောက်ကြားအဖွဲ့က ပြောသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးပေါ်ဒေသ၌ ယမန်နေ့ မေလ ၃၁ရက် မွန်းလွဲပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲမှာ ၁နာရီနီးပါးကြာခဲ့သည်ဟုဆိုသည်။