Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KIAနှင့် MNDAAတပ်စွဲရာနေရာသို့ ထပ်မံထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရ၊ နှစ်ရက်ဆက်တိုက်ပွဲဖြစ်

မေလ ၃၁ရက်တွင် ပူးပေါင်းတပ်ဖွဲ့ရှိရာ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီးနောက် ဇွန်လ ၁ရက်တွင်လည်း မုံးကိုးခရိုင်၊ တာမုန်းပေါ်ဒေသ နမ်မူတံတား၌ ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

KIA, MNDAA
KIA, MNDAA

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ကိုးကန့်တပ်မတော်(MNDAA) ပူးပေါင်း တပ်ဖွဲ့တို့ တပ်စွဲထားသည့် ဒေသသို့စစ်ကောင်စီတပ်က ထိုစစ်ဆင်ရန်ထပ်မံစစ်ကြောင်းထိုးလာ၍ ကြားဖြတ်တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ကြောင်း MNDAA တပ်မှ ကိုရန်ရန်က ပြောကြားသည်။

မေလ ၃၁ရက်တွင် ပူးပေါင်းတပ်ဖွဲ့ရှိရာ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီးနောက် ဇွန်လ ၁ရက်တွင်လည်း မုံးကိုးခရိုင်၊ တာမုန်းပေါ်ဒေသ နမ်မူတံတား၌ ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“ကျွန်တော်တို့ MNDAA တပ်မဟာ (၅၁၁)နဲ့ KIA တပ်မဟာ(၆) တပ်ရင်း (၃၆)တို့ ရဲ့ ပူးပေါင်း တပ်စခန်းကို စကစ တပ်က ထိုးစစ်ဆင်ဖို့ ဆက်လက်ချီတက်လာတာပေါ့။ ထပ်မံချီတပ်လာတော့ ပူးပေါင်းတပ်ဖွဲ့က အထူးဒေသ(၁) မုံးကိုးခရိုင် တာမုန်းပေါ်ဒေသ နမ်မူတံတားမှာ သွားပြီးတော့ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်။” ဟု ကိုရန်ရန်က ပြောသည်။

တိုက်ပွဲသည် ၃၀နီးပါး ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက် အခြေအနေ ကို မသိရသော်လည်း KIA/MNDAA ပူးပေါင်းတပ်မှ ထိခိုက်ကျဆုံးမရှိဟု ဆိုသည်။ မေလ ၃၁ရက်က မုံးပေါ် ဒေသ၌ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု ကိုရန်ရန်က ပြောကြားထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယခု စစ်ဆင်ရေးအတွင်း ဒရုန်းများထိခိုက်ပျက်စီးမှုရှိသော်လည်း ရဲဘော်များ ထိခိုက်ကျဆုံးမရှိဟု အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်ဘက်မှ ဒရုန်း၊လက်နက်ကြီးများနှင့်တိုက်ခိုက်၍ (ပကဖ)တစ်ဦး ကျဆုံးကာ ရဲဘော်လေးဦး ထိခိုက်ဒါဏ်ရာရရှိခဲ့ကြောင်း အသိပေးသည်။

သတင်း

KNLA KNDO ပူးပေါင်းတပ်ဖွဲ့ဘက်ကတော့ နှစ်ဦးကျဆုံးခဲ့ပြီး (၁၁) ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့တာပါ။

သတင်း

ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ပြည်သူများ စစ်ကားများအနီးနားသို့ ကပ်မလိုက်ကြပါရန် လည်း မေတ္တာရပ်ခံသည်။