Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဘာသာရေးလွတ်လပ်ခွင့် စိုးရိမ်ဖွယ်အကောင်းဆုံးနိုင်ငံများစာရင်းတွင် မြန်မာပါဝင်

အမေရိကန်က ထုတ်ပြန်သော ဘာသာရေးလွတ်လပ်ခွင့်စိုးရိမ်ဖွယ်အကောင်းဆုံးနိုင်ငံများစာရင်းတွင် မြန်မာ၊ တရုတ်၊ အီထရီယာ၊ အီရန်၊ မြောက်ကိုရီးယား၊ ပါကစ္စတန်၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ တာဂျစ်ကစ္စတန်နှင့် တာ့ခ်မီနစ္စတန် တို့ ပါဝင်သည်။

2021 Report on International Religious
2021 Report on International Religious

စစ်အာဏာသိမ်းပြီနောက်ပိုင်း မြန်မာနိုင်ငံ၏ ဘာသာရေးလွတ်လပ်ခွင့်သည် ပိုမိုဆိုးရွားလာခဲ့ပြီး အမေရိကန်၏ စိုးရိမ်ဖွယ်အကောင်းဆုံးနိုင်ငံများစာရင်းတွင် ပါဝင်လာသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အရပ်သားအစိုးရကို ဖယ်ရှားပြီးနောက် လူနည်းစု ဘာသာခြားများနှင့် လူမျိုးဘာသာကွဲများကို ခြိမ်းခြောက်မှုများ၊ ဖမ်းဆီးထိန်းသိမ်းမှုများနှင့် ပစ်မှတ်ထားအကြမ်းဖက်မှုများ ပိုမိုဖြစ်ပွားခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အစီရင်ခံစာ၌ ဖော်ပြသည်။

စစ်တပ်ရေးဆွဲပြဌာန်းခဲ့သော ၂၀၀၈ အခြေခံဥပဒေတွင် လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ကို ခွင့်ပြုထားသော်လည်း အာဏာသိမ်းချိန်ကစ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆိုးရွားသည့်လူ့ အခွင့်အရေးချိုးဖောက်မှုများကို ကျယ်ပြန့်စွာကျူးလွန်လာကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံး(OHCHR)က ၂၀၂၁ ဒီဇင်ဘာတွင် ဖော်ပြသည်။

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကရင်နီ(ကယား)ရှိ ခရစ်ယာန်ဘုရားကျောင်းများကို ဗုံးခွဲတိုက်ခိုက်ခြင်း၊ ပစ်ခတ်ခြင်း၊ ရန်ကုန်တိုင်းတွင် အစ္စလာမ်ဘာသာဝင်အမျိုးသားတစ်ဦး၏ရုပ်အ​လောင်းကို အမျိုးသမီးအဝတ်အစားများဝတ်ဆင်ပြီး နှုတ်ခမ်းနီဆိုးပေးကာ တွဲလျောင်းချိတ်ထားခြင်း၊ ချင်း ပြည်နယ်ရှိ ခရစ်ယာန်သင်းအုပ်ဆရာတို့ကို သတ်ဖြတ်ခြင်း စသည့်တို့ကို ကျူးလွန်ခဲ့ကြောင်း အစီရင်ခံစာ၌ ဖော်ပြသည်။

အမေရိကန်က ထုတ်ပြန်သော ဘာသာရေးလွတ်လပ်ခွင့်စိုးရိမ်ဖွယ်အကောင်းဆုံးနိုင်ငံများစာရင်းတွင် မြန်မာ၊ တရုတ်၊ အီထရီယာ၊ အီရန်၊ မြောက်ကိုရီးယား၊ ပါကစ္စတန်၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ တာဂျစ်ကစ္စတန်နှင့် တာ့ခ်မီနစ္စတန် တို့ ပါဝင်သည်။

စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့များသည် မူဆလင်အများစုဖြစ်သည့် ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုများနှင့် လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအပါအဝင် နှိပ်စက်ညှဉ်းပန်းမှုများကို ကျူးလွန်ခဲ့ခြင်းနှင့် ဆက်လက်ကျူးလွန်လျက်ရှိသော်လည်း ပြစ်ဒဏ်ခံရခြင်းမှ လုံးဝနီးပါး ဆက်လက်ကင်းလွတ်နေကြောင်း အမေရိကန်က ထုတ်ပြန်သည်။

၂၀၁၇ တွင် ရိုဟင်ဂျာ ၁ သန်းနီးပါးကို ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးစေမှုနှင့်ပတ်သက်၍ မြန်မာစစ်တပ်သည် လူမျိုးတုန်းသတ်ဖြတ်မှု(Genocide)နှင့် လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သော ရာဇဝတ်မှုများ ကျူးလွန်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က မတ်လက သတ်မှတ် ကြေညာခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

News

CNA သတင်းဌာနကို သံရုံးဘက်က ဖြေကြားချက်မှာဆိုရင် သောကြာနေ့တိုင်း လူ ၃၅၀ ကနေ ၄၀၀ ကြားတုံကင်ယူနိုင်အောင် စီစဉ်ပေးထားပြီး တုံကင်ရထားသူတွေကိုရုံးဖွင့်ရက်တွေမှာ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးဖို့အတွက် လူ ၇၀ ကနေ ၈၀ ကြားဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။

News

NUG သည် အာဆီယံဥက္ကဌနှင့် အာဆီယံအထူးကိုယ်စားလှယ်အဖွဲ့ထံသို့ ရှေ့ဆက်ဆောင်ရွက်မည့် နည်းလမ်းများကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးရန် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ယခုအချိန်ထိ ပြန်လည် ဆက်သွယ်မှုမရှိသေးကြောင်း NUGက ထုတ်ပြန်သည်။

News

ဆိုင်ကလုန်မုန်တိုင်းအရှိန်ကြောင့်မေလ ၈ရက်နေ့မှ ၁၅ရက်နေ့အတွင်း မြန်မာကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တွင် လေတိုက်နှုန်း တစ်နာရီ ၃၅မိုင်မှ ၄၅ မိုင်ခန့် အထိ တိုက်ခတ်နိုင်ကြောင်းနှင့် လှိုင်း အမြင့် ၈ ပေမှ ပေ ခန့်အထိရောက်ရှိနိုင်သည်ဟုသတိပေး ထားသည်။

News

အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံရှိ လူသားချင်းစာနာမှုအကူအညီအရေးပေါ်လိုအပ်နေသူများထံသို့ ထိရောက်စွာထောက်ပံ့ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတကာမှ ပံ့ပိုးလုပ်ဆောင်နိုင်မည့်နည်းလမ်းများကို ပါဝင်ပတ်သက်သူများအားလုံးနှင့် ဆွေးနွေးတိုင်ပင်၍ ဝိုင်းဝန်းအဖြေရှာနိုင်ရန် သုံးသပ်ဆွေးနွေးခဲ့သည်ဟု ဆိုသည်။