Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ယုန်သလင်းရွာအထက်တန်းကျောင်း ဗုံးပေါက်ကွဲမှု တော်လှန်ရေးအဖွဲ့များနှင့် လုံးဝမပတ်သက်​ကြောင်း ဟင်္သာတ PDF ထုတ်ပြန်

ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများအား သွေးခွဲသည့် အထက်ပါလုပ်ရပ်များအား အကြမ်းဖက်စစ်ကောင်စီနှင့်၎င်း၏ လက်အောက်ခံ အဖွဲ့အစည်းများမှ ထပ်မံ ပြုလုပ်လာနိုင်ပါသဖြင့် မြို့ရွာနေပြည်သူများအနေဖြင့် အထူးဂရုပြုနေထိုင်ကြပါရန်လည်း ဟင်္သာတမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထပ်မံသတိပေးထားသည်။

ဟင်္သာတ PDF
ဟင်္သာတ PDF

ဧရာဝတီတိုင်း ဟင်္သာတမြို့နယ် ယုန်သလင်းကျေးရွာအထက်တန်းကျောင်း ဗုံးပေါက်ကွဲမှုမှာ တော်လှန်ရေး များနှင့် လုံးဝမပတ်သက်ဘဲ PDFများနှင့် လူထုကြား သွေးခွဲရန် စစ်ကောင်စီက ပြုလုပ်ခြင်းဟု ဟင်္သာတပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ဟင်္သာတမြို့နယ် ယုန့်သလင်းတိုက်နယ် ယုန်သလင်းကျေးရွာအထက်တန်းကျောင်းဝန်းအတွင်း ဇွန်လ ၁ရက် ညက ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုမရှ်ိခဲ့သော်လည်း ယင်းလုပ်ရပ်သည် PDFများ၏ လုပ်ရပ်ဖြစ်ကြောင်း စစ်ကောင်စီက သတင်းမှား လွှင့်ခဲ့သည်။

အဆိုပါ ဗုံးပေါက်ကွဲမှုသည်” ဟင်္သာတမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှလည်းကောင်း၊ မိမိတို့နှင့် မဟာမိတ်ဖြစ်သော တော်လှန်ရေး အင်အားစုများမှလည်းကောင်း၊ လုံးဝ လုပ်ဆောင်ခဲ့ခြင်းမဟုတ်ကြောင်းပြည်သူများအား အသိပေးထုတ်ပြန်လိုက်ပါသည်”ဟု ဟင်္သာတမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ဇွန်လ၂ ရက်တွင် ထုတ်ပြန်ခြင်းဖြစ်ပြီး အပြစ်မဲ့ပြည်သူများ ထိခိုက်မည့် ထိုကဲ့သို့သောလုပ်ရပ်များအား လုပ်ဆောင်မည် မဟုတ်ကြောင်းနှင့် NUGအစိုးရမှ ချမှတ်ထားသည့် မူဝါဒလမ်းစဉ်များအတိုင်း အစဉ် တစိုက် လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူထုအား အသိပေးသည်။

ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများအား သွေးခွဲသည့် အထက်ပါလုပ်ရပ်များအား အကြမ်းဖက်စစ်ကောင်စီနှင့်၎င်း၏ လက်အောက်ခံ အဖွဲ့အစည်းများမှ ထပ်မံ ပြုလုပ်လာနိုင်ပါသဖြင့် မြို့ရွာနေပြည်သူများအနေဖြင့် အထူးဂရုပြုနေထိုင်ကြပါရန်လည်း ဟင်္သာတမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထပ်မံသတိပေးထားသည်။

မေလ ၃၁ရက်ကလည်း နောင်ချိုမြို့နယ် ပညာရေးမှူးရုံး ဗုံးပေါက်ကွဲခဲ့ရာ ကျောင်းအုပ်ဆရာမတစ်ဦး သေဆုံးပြီး ရှစ်ဦးဒဏ်ရာရခဲ့သည်။ အဆိုပါ ဗုံးပေါက်ကွဲမှုသည် PDFများနှင့် လုံးဝမပတ်သက်ဘဲ စစ်ကောင်စီ၏ လက်ချက်သာဖြစ်ကြောင်း မြို့ခံကျောင်းဆရာမများနှင့် ပညာရေးဝန်ထမ်းများက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကိုင်းခရိုင် တပ်ရင်း (၁) နှင့် မိုးကြိုးပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ဦးကျော်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကြောင်း စစ်ကိုင်းခရိုင်တပ်ရင်း (၁) ကပြောသည်။

သတင်း

ပြည်သူများနှင့်အတူ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ကျဆုံးရေးလုပ်ငန်းများတွင် အရှိန်မြှင့်ဆောင်ရွက်သွားမည်ဟု CDSOM က ပြောသည်။

သတင်း

တိုက်ခိုက်မှု​ကြောင့်စစ်ကောင်စီတပ်ဘက်က သေဆုံးမှုများနိုင်သည်ဟု ဧရာနဂါးညီနောင်ပြည်သူကာကွယ်ရေးပြောက်ကျားတပ်က ထုတ်ပြန်ထားသည်။တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ကသေနတ်ဖြင့်ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်းသိရသည်။

သတင်း

စစ်ကောင်စီတပ်များသည် ယနေ့တွင် စစ်းဇယ်ရွာနှင့်ရေပုတ်ရွာများကို မီးရှို့ဖျက်ဆီးသွားခဲ့ရာ လက်တုံ့ပြန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။