Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သရက်​ချောင်းမြို့နယ်တွင်တိုက်ပွဲနှစ်ကြိမ်ဖြစ်

တိုက်ပွဲအတွင်းစစ်ကောင်စီတပ်များဘက်က ​သေဆုံးထိခိုက်မှုရှိသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဘက်မှ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်များနှင့် နီးစပ်သူတစ်ဦးကပြောသည်။

သရက်​ချောင်းမြို့နယ်တွင်တိုက်ပွဲ
သရက်​ချောင်းမြို့နယ်တွင်တိုက်ပွဲ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်၊ သဲချောင်းကြီးရွာတွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ကြား ယမန်နေ့ (ဇွန်၃ ရက်)ည​နေပိုင်းကတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းဒေသခံများပြောသည်။

သဲချောင်းကြီးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ ဇွန် ၃ ရက်နေ့လယ် ၁၂နာရီခွဲခန့်မှစ၍ည​နေ ၄ နာရီ ဝန်းကျင်အထိတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ကျွဲခြံရွာနှင့် ဝင်းကဖော်ရွာ များကို လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ဒေသခံများက​ပြောသည်။

တိုက်ပွဲအတွင်းစစ်ကောင်စီတပ်များဘက်က ​သေဆုံးထိခိုက်မှုရှိသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဘက်မှ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်များနှင့် နီးစပ်သူတစ်ဦးကပြောသည်။

“၄နာရီလောက်အထိ တိုက်ပွဲဖြစ်သွားတယ်။ နောက်ပိုင်းတော့ ငြိမ်သွားပြီး သရက်ချောင်းရဲစခန်းကို ဝင်တိုက်မှာကြောက်လို့ အင်အားတွေဖြည့်နေတယ်ပြောကြတယ်”ဟု ​ဒေသခံတစ်ဦးက​ပြောသည်။

စစ်ကောင်စီတပ်က စုံစင်ဖျားရွာနှင့် သရက်ချောင်းမြို့နယ် ရဲစခန်းများကို အင်အားဖြည့်တင်းနေသည်ဟုလည်း မျက်မြင်သက်သေများကပြောသည်။

စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် သဲချောင်းကြီး၊ ကျွဲခြံ၊ ဝင်းကဖော် အပါအဝင် အနီးအနားရှိကျေးရွာများမှ ရွာသားများဟာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများကပြောသည်။

ထိုအပြင် ဇွန် ၃ ရက်မနက်ပိုင်းကသရက်ချောင်းမြို့နယ်၊ ကင်းရှေ့ရွာနှင့် မိုးရွှေကုန်းရွာကြားတွင် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ ပါသည့်ကားကို ဒေသခံကာကွယ်ရေးတပ်များက ပစ်ခတ်တိုက်ခဲ့သေးသည်။ ထိုတိုက်ခိုက်မှုကြောင့် နှစ်ဖက် အပြန်အလှန် မိနစ် ၂၀ခန့်ကြာတိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများက​ပြောသည်။သို့​သော် တိုက်ပွဲတွင် နှစ်ဖက်ထိ့ခိုက်​ကျဆုံးမှု အ​ခြေအ​နေကိုမူ မသိရ​သေး​ပေ။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တိုက်ပွဲကို ပူးပေါင်းအဖွဲ့မှ လက်ဦးမှုရယူခဲ့ရာ စစ်ကောင် စီတပ်များအကျဆုံးများခဲ့ပြီး လွိုင်ကော်အမြောက်တပ်၊ ကယန်းသာယာဂိတ် ၊ လွိုင်လင်ဂိတ်တို့မှ လက်နက်ကြီးများဖြင့် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူ ပေးခဲ့ရ ကြောင်း အသိပေးသည်။

သတင်း

ကိုးကန့်နဲ့ ကေအိုင်အေပူးပေါင်းတပ်ဖွဲ့ရှိရာ အထူးဒေသ(၁) တာမိုင်ပေါ်ဒေသ မိုင်တောင်အနောက်ဘက်တောင်ကုန်းမှာ ပြီးခဲ့တဲ့ မေလ ၃၀ ရက်ညနေက စစ်ကောင်စီတပ်ဖွဲ့တွေဟာ စတင်ဝင်ရောက်လာခဲ့တာပါ။

သတင်း

ဇွန်လ၂ရက်တွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ အထိနာသဖြင့် ထားလဲနှင့် နန်းဖဲတို့တွင် လေကြောင်းပစ်ကူဖြင့် လာ​ရောက်တိုက်ခိုက်ခဲ့ရသည်။

သတင်း

အာဏာမသိမ်းခင်က ​နေရပ်စွန့်ခွာထွက်​ပြေး​​နေရ​သောစစ်​ရှောင်ပြည်သူ သုံးသိန်းခွဲခန့် ရှိခဲ့ပြီး အဓိကအားဖြင့် ကချင်၊ရခိုင်၊ ချင်းနှင့် ရှမ်း စ​သောပြည်နယ်များမှဖြစ်ကြောင်း လည်း OCHA က အစီရင်ခံသည်။