Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဦးဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ကိုအပေါ် သေဒဏ်ချမှတ်မှုကို အလွန်အမင်းစိတ်သောကဖြစ်မိကြောင်း ကုလထုတ်ပြန်

တရားမဝင်အာဏာသိမ်းစစ်ကောင်စီသည် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ NLD အမတ်ဟောင်း ကိုဖြိုးဇေယျာသော်အပါအဝင် လေးဦးကို သေဒဏ်ချမှတ်မှုအပေါ် အတည်ပြုကြောင်း ယမန်နေ့က ၎င်း၏ဝါဒဖြန့်မီဒီယာများမှ ကြေညာခဲ့သည်။

ဦးဂျင်မီ
ဦးဂျင်မီ

ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူနှစ်ဦးကို သေဒဏ်ချမှတ်မှုကို ဆက်လက်စီရင်မည့် မြန်မာ စစ်တပ်၏ ဆုံးဖြတ်ချက်အပေါ် အလွန်အမင်းစိတ်သောကဖြစ်မိကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေးဆို ခွင့်ရှိသူက ထုတ်ပြန်သည်။

ယင်းသည် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာ ချက်စာတမ်းအပိုဒ် ၃ပါ လူသားတစ်ဦး၏ ဘ၀၊ လွတ်လပ်မှု၊ လုံခြုံရေးရပိုင်ခွင့်ကို ဗြောင်ကျကျချိုးဖောက်ခြင်းဖြစ်သည်ဟု ကုလပြောရေးဆိုခွင့်ရှိသူ၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

တရားမဝင်အာဏာသိမ်းစစ်ကောင်စီသည် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ NLD အမတ်ဟောင်း ကိုဖြိုးဇေယျာသော်အပါအဝင် လေးဦးကို သေဒဏ်ချမှတ်မှုအပေါ် အတည်ပြုကြောင်း ယမန်နေ့က ၎င်း၏ဝါဒဖြန့်မီဒီယာများမှ ကြေညာခဲ့သည်။

ဦးဖြိုးဇေယျာသော်
ဦးဖြိုးဇေယျာသော်

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်သည် ပြည်သူလူထု၏ လွတ်လပ်စွာထုတ်ဖော်ပြော ဆိုခွင့်နှင့် သဘောထားအမြင်ကို လေးစားရန်၊ အခြေခံလွတ်လပ် ခွင့်နှင့်ရပိုင်ခွင့်များကို ကျင့်သုံးသူများကို ဖမ်းဆီးထိန်းသိမ်းကာ စွဲချက်တင်ထားမှုအားလုံးကို ပယ်ဖျက်ရန်နှင့် မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းပြန်လွှတ်ပေးရန် ထပ်လောင်းတောင်းဆိုကြောင်း ထုတ်ပြန်သည်။

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းတွင် ဥပဒေရှေ့မှောက်၌ တန်းတူညီမျှခွင့်မူများ၊ အပြစ်ကင်းစင်မှုကို မှတ်ယူခြင်း၊ လွတ်လပ်သော၊ ဓမ္မဓိဌာန်ကျသော တရားရုံးများက တရားမျှတပြီး အများပြည်သူရှေ့ကြားနာခွင့်နှင့် လူသားတစ်ဦ၏ခုခံပိုင်ခွင့်အတွက် လိုအပ်သော အာမခံချက်အားလုံးရရှိရေးစသည်တို့ကို ထည့်သွင်းပြဌာန်းထားသည်။

ထို့အပြင် သေဒဏ်ချမှတ်ခြင်းသည် အသက်ရှင်သန်ခွင့်ကို အပြည့်အ၀လေးစားမှုနှင့် သင့်မြတ်နိုင်မည်မဟုတ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က မှတ်ယူသည်။

လူ့ဂုဏ်သိက္ခာတိုးမြှင့်ရေးနှင့် လူ့အခွင့်အရေးအစဉ်ဖွံ့ဖြိုးရေးအတွက် (သေဒဏ်ချမှတ်ခြင်းကို) ပယ်ဖျက်မှုက လိုအပ်ကြောင်း ဖော်ပြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ကို သေဒဏ်ချမှုနှင့် ပတ်သက်၍ အမေရိကန်နှင့် အနောက်ဥရောပနိုင်ငံများက အနီးကပ်စောင့်ကြည့်ကာ ခြွင်းချက် မရှိ ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။

သတင်း

သေဒဏ်ချခံရသူတွေအများစုဟာ ရန်ကုန်တိုင်းကဖြစ်ပြီးစစ်အုပ်ချုပ်ရေးနယ်မြေအဖြစ်သတ်မှတ်ထားတဲ့ တောင်ဒဂုံ ၊မြောက်ဒဂုံ ၊ အရှေ့ဒဂုံ၊ ဒဂုံဆိပ်ကမ်း ၊ ရွှေပြည်သာ၊ လှိုင်သာယာ ၊ မြောက်ဥက္ကလာ မြို့နယ်တွေကဖြစ်ကြပါတယ်။

သတင်း

စစ်ကောင်စီမှတဆင့် လူသားချင်းစာနာမှုအကူအညီပေးမည်ဆိုပါက အမှန်တကယ်လိုအပ်နေသော ပြည်သူများကို အကူအညီပေးရန်ထက် ယင်းအကူအညီများကို စစ်ကောင်စီက လက် နက်သဖွယ်အသုံးပြုရန်ဖြစ်လာမည်ဟု NUG ၊ KNPP ၊ KNU နှင့် CNF တို့က ပူးတွဲထုတ်ပြန်သည်။

သတင်း

သေဒဏ်ချခံရသူတွေအများစုဟာ ရန်ကုန်တိုင်းကဖြစ်ပြီးစစ်အုပ်ချုပ်ရေးနယ်မြေအဖြစ်သတ်မှတ်ထားတဲ့ တောင်ဒဂုံ ၊မြောက်ဒဂုံ ၊ အရှေ့ဒဂုံ၊ ဒဂုံဆိပ်ကမ်း ၊ ရွှေပြည်သာ၊ လှိုင်သာယာ ၊ မြောက်ဥက္ကလာ မြို့နယ်တွေကဖြစ်ကြပါတယ်။