Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဦးဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင် လူပုဂ္ဂိုလ်လေးဦးကို ကွပ်မျက်ရန် ဆုံးဖြတ်ချက်အ​ပေါ် ပြင်းထန်စွာရှုတ်ချကြောင်း ပြင်သစ်ထုတ်ပြန်

“တရားမ၀င်သည့် စစ်အစိုးရက ကျင့်သုံးနေသော အကြမ်းဖက်ဝါဒကို သတ္တိရှိရှိရင်ဆိုင်နေသည့် မြန်မာလူမျိုးများကို ပြင်သစ်က လေးစားပြီး ဆက်လက်၍ ထောက်ခံသွားပါမည်” ဟု မြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံရုံးက ဖော်ပြသည်။

ဦးဂျင်မီ
ဦးဂျင်မီ

▪️စစ်ကောင်စီ၏ အကြမ်းဖက်ဝါဒကို သတ္တိရှိရှိရင်ဆိုင်နေသည့် မြန်မာလူမျိုးများကို ပြင်သစ်က လေးစားပြီး ဆက်လက်ထောက်ခံမည်ဟုဆို

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ NLD ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်အပါအဝင် လူပုဂ္ဂိုလ်လေးဦးကို စစ်ကောင်စီက ကွပ်မျက်ရန်ဆုံးဖြတ်ခြင်းကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ပြင်သစ်သံရုံးက ယနေ့ထုတ်ပြန်သည်။

“တရားမ၀င်သည့် စစ်အစိုးရက ကျင့်သုံးနေသော အကြမ်းဖက်ဝါဒကို သတ္တိရှိရှိရင်ဆိုင်နေသည့် မြန်မာလူမျိုးများကို ပြင်သစ်က လေးစားပြီး ဆက်လက်၍ ထောက်ခံသွားပါမည်” ဟု မြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံရုံးက ဖော်ပြသည်။

ဦးဖြိုးဇေယျာသော်
ဦးဖြိုးဇေယျာသော်

စစ်ကောင်စီ၏ သေဒဏ်ပေးမှုသည် ရက်စက်ကြမ်း ကြုတ်သော ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီး လွတ်လပ်မှုကို ခုခံကာကွယ်သူများကို နောက်တစ်ကြိမ် ထပ်မံပစ်မှတ်ထားရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းနှင့် နိုင်ငံအတွင်း သေဒဏ်ပေးဆောင်မှုနှင့်ပတ်သက်၍ အနှစ်သုံးဆယ်ကျော် ဆိုင်းငံ့ထားမှုကို ဖောက်ဖျက်ခြင်းသည် ကြီးမား သောဆုတ်ယုတ်မှုတစ်ခုဖြစ်ကြောင်း ထုတ်ပြန်သည်။

ထို့အပြင် အာဏာသိမ်းမှုရလဒ်ကြောင့် နိုင်ထက်စီးနင်း ဖမ်းဆီးထားသူများ အားလုံးကို ပြန်လွှတ်ပေးရန်၊ စစ်တပ်မှကျူးလွန်နေသည့် အကြမ်းဖက်မှုများ အဆုံးသတ်ရန်နှင့် သက်ဆိုင်သူအားလုံး အပါအဝင် တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်များ ဖေါ်ဆောင်ရန် တောင်းဆိုချက်များကို ပြင်သစ်က ထပ်လောင်းအတည်ပြုသည်။

စစ်တပ်သည် အာဏာသိမ်းပြီးနောက် စစ်ခုံရုံးများက သေဒဏ် ၁၁၃မှုကို နိုင်ထက်စီးနင်း ချမှတ်ခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

စစ်ကောင်စီအနေဖြင့် တရားစီရင်ရေးကို ဥပဒေမဲ့အညိုးအတေး အာဃာတများနှင့် စိတ်ထင်ရာ တစ်ဖက်သတ် လုပ်ဆောင်နေခြင်းဖြစ်ပြီး သေဒဏ်ကို အတည်ပြုလုပ်ဆောင်ခြင်းသည် ကြီးလေးသည့်ပြစ်မှုကြီးကို ကျူးလွန်ခြင်းဖြစ်ကြောင်း ဖော်ပြထားပြီး ထိုသို့ဆောင်ရွက်မှုအပေါ် ထိရောက်စွာ အရေးယူသွားမည်ဟု ထုတ်ပြန်သည်။

သတင်း

တရားမဝင်အာဏာသိမ်းစစ်ကောင်စီသည် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ NLD အမတ်ဟောင်း ကိုဖြိုးဇေယျာသော်အပါအဝင် လေးဦးကို သေဒဏ်ချမှတ်မှုအပေါ် အတည်ပြုကြောင်း ယမန်နေ့က ၎င်း၏ဝါဒဖြန့်မီဒီယာများမှ ကြေညာခဲ့သည်။

သတင်း

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ကို သေဒဏ်ချမှုနှင့် ပတ်သက်၍ အမေရိကန်နှင့် အနောက်ဥရောပနိုင်ငံများက အနီးကပ်စောင့်ကြည့်ကာ ခြွင်းချက် မရှိ ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။

News

သမ္မတ ဘိုင်ဒင်ဟာ အာရှခရီးစဉ်ရဲ့ ပထမဆုံးအဖြစ် တောင်ကိုရီးယား သမ္မတ ယွန်းဆတ်ရိုးနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် ဂျပန်နိုင်ငံကိုသွားရောက်ကာ ဂျပန်ဝန်ကြီးချုပ်ကီရှီဒါနဲ့ ဆက်လက်တွေ့ဆုံခဲ့ပါသေးတယ်။