Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်နယ် ​ဟောင်းပါးစာသင်​ကျောင်းအတွင်း ယ​နေ့ည ​ပေါက်ကွဲမှုမှာ စစ်​ကောင်စီလက်ပါး​စေများ၏ လက်ချက်ဟု ​ဒေသခံများ သုံးသပ်

တိုက်ပွဲများ မကြာခဏဖြစ်နေသည့် ဖားကန့်မြို့တွင် စစ်ကောင်စီက စာသင်ကျောင်းများ ဖွင့်ရန်ကြိုးစားနေသလို KIAနှင့် PDFကို အကြမ်းဖက်အဖွဲ့အဖြစ် ဝါဒဖြန့်နေ သည်ဟု ဒေသခံများက ပြောသည်။

ဖားကန့်
ဖားကန့်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာစာသင်ကျောင်းဝင်းအတွင်း ယနေ့ည မိုင်းဖောက်ခွဲခံရပြီး စာသင်ကျောင်းများသည် တိုက်ပွဲနယ်မြေဖြစ်လာမည်ကိုစိုးရိမ်ကြောင်း ဒေသခံများက ပြောသည်။

ဟောင့်ပါးအုပ်စု ဟောင်ပါးကျေးရွာစာသင်ကျောင်းဝင်းအတွင်း ယနေ့(ဇွန် ၄ ရက်) ည ၈နာရီခန့်တွင် မိုင်းပေါက် ကွဲခဲ့ခြင်း ဖြစ်သည်။

“ပေါက်ကွဲမှုက အသံကျယ်တယ်။ ညမို့အပြင် ထွက်မကြည့်ရဲဘူး။ ထိခိုက်ပျက်စီးမှုကို မသိရသေးဘူး”ဟု ဖားကန့် ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲများ မကြာခဏဖြစ်နေသည့် ဖားကန့်မြို့တွင် စစ်ကောင်စီက စာသင်ကျောင်းများ ဖွင့်ရန်ကြိုးစားနေသလို KIAနှင့် PDFကို အကြမ်းဖက်အဖွဲ့အဖြစ် ဝါဒဖြန့်နေ သည်ဟု ဒေသခံများက ပြောသည်။

“စစ်တပ်က သတင်းမှားတွေ လိုက်ဖြန့်နေတာရှိတယ်။ ကျောင်းတွေကို PDF နဲ့ KIAက မိုင်းခွဲလိမ့်မယ်ဆိုပြီး။ အခုက အဲ့ဒီလိုအကွက် ဖန်တီးတာလို့ ကျွန်တော်ထင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ဟောင်ပါးကျေးရွာသည် စစ်ကောင်စီ၏ ​ထောက်တိုင်အကြီးစားဟု လူသိများသည့် ရှမ်းနီလက်နက်ကိုင်အဖွဲ့ အခြေစိုက်လှုပ်ရှားရာဒေသဖြစ်၍ ယနေ့ည မိုင်းဖောက်ခွဲမှုကို ဒေသခံများက ရှမ်းနီအဖွဲ့ကိုလည်း သံသယရှိနေသည်။

“စာသင်ကျောင်းတွေကို ပစ်မှတ်ထားပြီး မတည်မငြိမ်လုပ်တာမျိုး စစ်တပ်ရော ရှမ်းနီရော လုပ်ရဲတာ ကျွန်တော်တို့သိတယ်။ စာသင်ကျောင်းတွေက တိုက်ပွဲနေရာ ဖြစ်လာမှာစိုးတယ်”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

​ဒေသခံများက ထိုသို့မှတ်ချက်​ပေးမှုအ​ပေါ် ရှမ်းနီအဖွဲ့ထံဆက်သွယ်​မေးမြန်းရာ ဆက်သွယ်၍ မရခဲ့​ပေ။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ဇွန် ၂ ရက်နေ့ မနက် ၅ နာရီခွဲအချိန်ခန့်က ပိန္နဲတော၊ လေးကေ၊ ဝင်းတာပန်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲ့စခန်းတွေဆီကို ရိက္ခာပို့ဖို့ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ နယ်မြေခံ KNLA တပ်မဟာ ၁ တပ်ဖွဲ့တို့အကြား ဝီယော်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ခြောက်ဦးသေဆုံးကာ ငါးဦးဒဏ်ရာရရှိခဲ့တယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားတာပါ။

သတင်း

ဇွန်လ ၂ရက်ကလည်း ပိန္နဲတော၊ လေးကေ၊ ဝင်းတာပန်တို့ရှိ စစ်ကောင်စီစခန်းများသို့ ရိက္ခာပို့ရန်လာသောစစ်ကောင်စီ တပ်ဖွဲ့များနှင့် နယ်မြေခံ KNLAတပ်ဖွဲ့တို့ ဝီယော်ကျေးရွာအနီးတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ခြောက်ဦးသေကာ ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားကြောင်း ဖော်ပြသည်။

သတင်း

ဒေသကာကွယ်ရေးတပ်များက ထပ်မံတိုက်ခိုက်နိုင်သည်ဟု သတင်းစကားကြောင့် စစ်ကောင်စီတပ်က စုံစင်ဖျားကျေးရွာနှင့် သရက်ချောင်းမြို့ ရဲစခန်းများကို အင်အားအလုံးအရင်း ဖြည့်တင်းနေသည်ဟု ဒေသခံများက ပြောသည်။ လက်ရှိတင် သရက်ချောင်းမြို့ပေါ်တွင်လည်း လုံခြုံရေးတင်းကြပ်ထားသည်။

သတင်း

ယနေ့နံနက်ပိုင်းတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းတစ်ကြောင်းနှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်များကြား ချင်း တွင်းမြစ်အနောက်ဘက်ရှိ မုဋ္ဌောရွာအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။