Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အင်္ဂပူမြို့ရှိ အမှတ်(၅)လေ့ကျင့်ရေးတပ်ရင်းဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက မြို့ပေါ်နှင့် ကျေးရွာများတွင် အရပ်သားအသွင်ယူကာ စုံစမ်းထောက်လှမ်းနေ

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ် ကွင်းကောက်မြို့ရှိ အမှတ်(၅)လေ့ကျင့်ရေးတပ်ရင်းဂိတ်ကို ဧရာဝတီတိုင်းအခြေစိုက်ဧရာနဂါးညီနောင်ပြည်သူကာကွယ်ရေး ပြောက်ကျားတပ်က ဇွန် ၂ရက်ညတွင် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

အင်္ဂပူမြို့
အင်္ဂပူမြို့

အင်္ဂပူမြို့ရှိ စစ်ကောင်စီ၏ အမှတ်(၅)လေ့ကျင့်ရေးတပ်ရင်းဂိတ် မိုင်းဖောက်ခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်နှင့်ရဲများသည် မြို့ပေါ်နှင့် ကျေးရွာများတွင် အရပ်သားအသွင်ယူကာ သတင်းစုံစမ်းထောက် လှမ်းနေကြောင်း ပြည်သူ့ကာကွယ်ရေး ရဲဘော်များက ပြောသည်။

“စစ်ခွေးဂိတ် မိုင်းခွဲခံရပြီးကတည်းက လူစိမ်းတွေ တွေ့လာရတယ်။ ပုံစံတွေက စုတ်စုတ်ပြတ်ပြတ်နဲ့။ ကိုယ့်ရွာထဲ လူစိမ်းတွေ့ရင် သံသယနဲ့စောင့်ကြည့်ပေးကြပါ”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ် ကွင်းကောက်မြို့ရှိ အမှတ်(၅)လေ့ကျင့်ရေးတပ်ရင်းဂိတ်ကို ဧရာဝတီတိုင်းအခြေစိုက်ဧရာနဂါးညီနောင်ပြည်သူကာကွယ်ရေး ပြောက်ကျားတပ်က ဇွန် ၂ရက်ညတွင် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

အကြီးစားမိုင်း ၆လုံးဖြင့် ဖောက်​ခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီအထိအခိုက်များနိုင်ကြောင်း ဧရာနဂါးညီနောင်ပြည်သူကာကွယ်ရေး ပြောက်ကျားတပ်က ထုတ်ပြန် သည်။

အမှတ်(၅)လေ့ကျင့်ရေးတပ်ရင်းဂိတ်အား တိုက်ခိုက်ခဲ့သည့် ညတွင် အင်္ဂပူမြို့နယ်ရှိ ပုသိမ် – မုံရွာလမ်းမိုင်တိုင်၆၁/၆၂ကြား၊ လှံထောင်ကွင်းရွာအနီးမှ မိုင်းတယ်တာဝါတ်ိုင်ကိုလည်း မိုင်းအကြီးစားနှစ်လုံးအသုံးပြုကာ ဧရာနဂါးညီနောင်ပြည်သူကာကွယ်ရေးပြောက်ကျား တပ်က ဖောက်ခွဲဖျက်စီးခဲ့သေးသည်။

“ကျွန်တော်တို့ မစ်ရှင်တွေ ဆက်တိုက်ရှိတယ်။ လူထုအနေနဲ့ သတိဝိရိယလေးနဲ့ နေဖို့လည်း အကြိမ်ကြိမ်မေတ္တာရပ်ခံပါတယ်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

တတိယနှစ် သင်္ချာအထူးပြုကျောင်းသားဖြစ်သူ ကိုဉာဏ်ကိုဝင်း ကို စစ်ကောင်စီတပ်ဟာ ဖမ်းဆီးတဲ့နေရာမှာတင် နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း ကိုဉာဏ်ကိုဝင်း ရဲ့သူငယ်ချင်းတွေ သတင်းပို့လာတယ်လို့ ကျောင်းသားသမဂ္ဂကဆိုထားပါတယ်။

သတင်း

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကရင်အမျိုးအသားကာကွယ်ရေးတပ်ဖွဲ့ KNDO ပူးပေါင်းတပ်ဖွဲဘက်ကတော့ ခုနှစ်ဦးကျဆုံးခဲ့ပြီး (၂၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

သတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ခန့်သည် ကွက်သစ်ကျေးရွာ အောင်သဒ္ဓိကျောင်းဝင်းအတွင်း တပ်စွဲထားပြီး အနီးဝန်းကျင်ကျေးရွာများကို အကြမ်းဖက်တိုက်ခိုက်နေသည်ဟု ဒေသခံများက ပြောသည်။

သတင်း

အဖွဲ့သားများ၏ အသက်အားလုံးကို မိမိအသက်နှင့်လဲ၍ ရဲဝံ့စွာ ပြန်လည်ခုခံရင်း ကျဆုံးခဲ့ရသော သပိတ်ကျင်းမြို့နယ် ဗိုလ်လင်းယုန်Local ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်02 အား အလေးနီပြုကြောင်း သပိတ်ကျင်းမြို့နယ် (ပကဖ) TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က ပြောသည်။