Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကန့်ဘလူမြို့နယ်ရှိ ကိုင်းမ​ကျေးရွာကို စစ်ကောင်စီတပ်က ယ​နေ့နံနက် မီးရှို့ဖျက်ဆီး​နေ

စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ခန့်သည် ကွက်သစ်ကျေးရွာ အောင်သဒ္ဓိကျောင်းဝင်းအတွင်း တပ်စွဲထားပြီး အနီးဝန်းကျင်ကျေးရွာများကို အကြမ်းဖက်တိုက်ခိုက်နေသည်ဟု ဒေသခံများက ပြောသည်။

ကန့်ဘလူမြို့နယ်
ကန့်ဘလူမြို့နယ်

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ရှိ ကိုင်းမ​ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့နံနက် ၁၀နာရီခန့်မှစတင်ကာ မီးရှို့ဖျက်ဆီးနေသည်ဟု ဒေသခံများက ပြောသည်။

အိမ်ခြေ ၃၀၀ခန့်ရှိသည့် ကိုင်းမရွာကို ယမန်နေ့(ဇွန် ၄ရက်)ညက စစ်ကြောင်းထိုးပြီးနောက် ယနေ့ (ဇွန် ၅ ရက်)နံနက်တွင် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အရပ်သားတွေကို ပစ်မှတ်ထားပြီး လုပ်နေတာ။ ရွာခံတွေ ထွက်ပြေးနေကြရတယ်။ လက်နက်သာ ရှိနေရင် ကောင်းမှာဗျာ။ရသလောက် ကူညီကြပါ”ဟု ကိုးတောင်ဘို့ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်တစ်ဦးက ပြော သည်။

ကိုးတောင်ဘို့ရွာ အပါအဝင် အနီးဝန်းကျင်ကျေးရွာများတွင် ဇွန်လ၂ရက်ကတည်းက စစ်ကောင်စီသည် စစ်ကြောင်းထိုးမွှေနှောက်နေခြင်း ဖြစ်သည်။ ဇွန်လ ၃ရက် နေ့လယ်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာနှစ်စင်းဖြင့် လေကြောင်းမှ တိုက်ခိုက်ပြီးနောက် တပ်ဖွဲ့ဝင် ၁၀၀ခန့်ကို ရဟတ်ယာဥ်ဖြင့် ပို့ဆောင်ခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ခန့်သည် ကွက်သစ်ကျေးရွာ အောင်သဒ္ဓိကျောင်းဝင်းအတွင်း တပ်စွဲထားပြီး အနီးဝန်းကျင်ကျေးရွာများကို အကြမ်းဖက်တိုက်ခိုက်နေသည်ဟု ဒေသခံများက ပြောသည်။

ယနေ့ မီးရှိူ့ဖျက်ဆီးမှုကြောင့် ထိခိုက်ပျက်စီးမှုအခြေ အနေကို မသိရေသေးသော်လည်း ဇွန်လ ၂ရက်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုတွင် အရပ်သားသုံးဦး သေဆုံးခဲ့ရသည်။

စစ်ကောင်စီသည် ယခုအခါ ကန့်ဘလူမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုပိုမိုပြုလုပ်လာပြီး ကန့်ဘလူ – နတ်အင်း- စံပယ်နံ့သာလမ်း​ကြောတ​စ်လျှောက် အကြမ်းဖက်စစ်​ကောင်စီတပ်သား ၂၅၀ဝန်းကျင် တပ်ချထားကြောင်း၊ ဖုန်းလိုင်းများလည်း ဖြတ်​တောက်ထား၍ ယခုရက်ပိုင်း ခရီးသွားလာခြင်းများ မပြုလုပ်သင့်ကြောင်း ဒေသတွင်း သတင်း​များ​ဖော်ပြ​ပေး​နေသည့် Infinity Group က သတ််ိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

"အဆုံးထိတိုက်မှာဗျ။ (အခက်ခဲဘယ်လောက်ရှိရှိ) ကျွန်တော်တို့ ခေါင်းမခဲဘူး။ PDF တွေများလာပြီ။ ဒီကောင်တွေ အပြင်ထွက်ရဲထွက်လာကြည့် စောင့်ကြည့်ပြီး ဆော်မှာ"ဟု တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မင်းကင်း)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

သတင်း

ထိခိုက်ကျဆုံးများနေသည် စစ်ကောင်စီတပ်သည် ၎င်းတို့၏ ထိခိုက်ကျဆုံး အခြေအနေကို အမြဲသတင်းထိန်ဝှက်ထားပြီး ကျဆုံးမှုမရှိလေဟန် တပ်တွင်း၌ ဝါဒဖြန့်လေ့ရှိကြောင်း ဖော်ပြထားသည်။

သတင်း

JF -17 တိုက်လေယာဉ်ဟာ တရုတ်နဲ့ပါကစ္စတန် ပူးပေါင်းထုတ်လုပ်တဲ့အပေါ့စားတိုက်ခိုက်ရေးလေယာဉ်ဖြစ်ပြီး မြန်မာစစ်တပ်ဟာ ၂၀၁၅ ခုနှစ်က ပထမဆုံး ဝယ်ယူခဲ့ပါတယ်။

သတင်း

တတိယနှစ် သင်္ချာအထူးပြုကျောင်းသားဖြစ်သူ ကိုဉာဏ်ကိုဝင်း ကို စစ်ကောင်စီတပ်ဟာ ဖမ်းဆီးတဲ့နေရာမှာတင် နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း ကိုဉာဏ်ကိုဝင်း ရဲ့သူငယ်ချင်းတွေ သတင်းပို့လာတယ်လို့ ကျောင်းသားသမဂ္ဂကဆိုထားပါတယ်။