Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီမိုကရေစီလိုလားသူများအား ကွပ်မျက်ရန်ထုတ်ဖော်ပြောကြားမှု အမေရိကန် ပြင်းထန်စွာရှုတ်ချ

မတရားဖမ်းဆီးထိန်းသိမ်းထားသူများအားလုံးကို ပြန်လွှတ်ပေးရန် အမေရိကန်က တောင်းဆို ကြောင်းလည်း နက်ဒ်ပရိုက်စ်၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ NLD အမတ်ဟောင်း ကိုဖြိုးဇေယျာသော် အပါအဝင် ဒီမိုကရေစီလိုလားသူများကို ကွပ်မျက်ရန် စစ်အာဏာရှင်၏သတင်းထုတ်ပြန်ချက်ကို အမေရိကန်က ပြင်းထန်စွာရှုတ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြော ကြားလိုက်သည်။

“ဒီမိုကရေစီလိုလားသည့် အတိုက်အခံခေါင်းဆောင်များကို ကွပ်မျက်ရန် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်း၏ သတင်းထုတ်ပြန်ချက်သည် စစ်အာဏာရှင်အဖွဲ့အစည်းက လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကို ဂရုမစိုက်ကြောင်း သာဓကပြလျက်ရှိပြီး အမေရိကန်ပြည်ထောင်စုက ပြင်းထန်စွာ ရှုတ်ချပါသည်”ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ဒ်ပရိုက်စ်က ပြောသည်။

မတရားဖမ်းဆီးထိန်းသိမ်းထားသူများအားလုံးကို ပြန်လွှတ်ပေးရန် အမေရိကန်က တောင်းဆို ကြောင်းလည်း နက်ဒ်ပရိုက်စ်၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးကလည်း စစ်ကောင်စီ၏ သေဒဏ်ပေးမှုသည်ရက်စက်ကြမ်းကြုတ်သော ဆုံးဖြတ်ချက်ဖြစ်ပြီး ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။

တရားမ၀င်သည့် စစ်အစိုးရက ကျင့်သုံးနေသော အကြမ်းဖက်ဝါဒကို သတ္တိရှိရှိရင်ဆိုင်နေသည့် မြန်မာလူမျိုးများကို ပြင်သစ်က လေးစားပြီး ဆက်လက်၍ ထောက်ခံသွားမည်ဟုလည်း ပြင်သစ်သံရုံးက ထုတ်ပြန်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

ဗီဒီယို

လေယာဉ်မှူးဟာ ထောက်လှမ်းရေး အရာရှိတွေရဲ့ စစ်ဆေး မေးမြန်းမှုကို ခံခဲ့ရပါတယ်။ ကနဦး အခြေအနေအရ သူဟာ ကန့်သတ် လေပိုင်နက်မှန်း မသိဘဲ ကမ်းခြေဖက် ချဉ်းကပ် ပျံသန်းမိခဲ့တာလို့ လေယာဉ်မှူးက ဝန်ခံထားပါတယ်။ သူဟာ အရပ်ဖက် လေကြောင်း ပျံသန်းမှု စည်းမျဉ်းတွေကို ဖောက်ဖျက်မိတဲ့အတွက်တော့ ဖြေရှင်းရဦးမှာ...

ဗီဒီယို

ရဲတွေက တိုင်ကြားမှု ရရချင်း ၃ မိနစ်အတွင်း ဆေးရုံကို ရောက်အောင် သွားနိုင်ခဲ့တာကြောင့် အသေအပျောက်က ဒီထက် ပိုမများခဲ့တာလို့ ပြောပါတယ်။ ရဲတွေ ဆေးရုံကို ရောက်ရောက်ချင်း သေနတ်သမားဟာ အဆောက်အအုံ ဒုတိယထပ်ကနေ ဆီးကြို ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဆောင်းပါး

တပ်မတော် အာဏာသိမ်းမှု စတင်ချိန် ကတည်းက ဘိုင်ဒန်ရဲ့ အစိုးရက ဒီအခြေအနေကို တွန်းလှန်ဖို့ အမေရိကန်ရဲ့ တာဝန် ဝတ္တရားအပေါ် အသိအမှတ်ပြုဖို့ ကျွန်တော် တိုက်တွန်းခဲ့ပါတယ်။

သတင်း

အထက်လွှတ်တော် ရီဗက်ပလစ်ကန်ခေါင်းဆောင်အမတ် မက်ကောနဲလ်က မေ ၂၅ ရက်တွင် ပြုလုပ်သော မြန်မာ့ဒီမိုကရေစီ ကူညီထောက်ပံ့ရေးအမေရိကန်၏မဟာဗျူဟာကြားနာပွဲ၌ ဘိုင်ဒင် အစိုးရအဖွဲ့ကိုယ်စားလှယ်များကိုတောင်းဆိုခဲ့ခြင်းဖြစ်သည်။