Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဝန်းသိုမြို့နယ် ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားပြီး ကျေးရွာရှစ်ရွာမှ ​ဒေသခံပြည်သူ ၅,၀၀၀​ကျော် စစ်ဘေးရှောင်နေရ

နမ်းခမ်းရွာအနီးတွင် ဇွန်လ ၅ ရက် ညနေပိုင်းကဖြစ်ပွားသော ထိတွေ့တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်(ဝန်းသို)မှ ရဲဘော်ခြောက်ဦး ထိခိုက်ဒဏ်ရာရထားပြီး တစ်ဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေကြောင်းလည်း WR Team က အသိပေးသည်။

ဝန်းသိုမြို့နယ်
ဝန်းသိုမြို့နယ်

စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များကြား ယခုရက်ပိုင်းအတွင်း တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျက်ရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ၏ ဖော်ပြချက်များအရသိရသည်။

တိုက်ပွဲဖြစ်ပွားသည့် ဒေသများမှာ ဝန်းသို့မြို့နယ် နမ်းခမ်းကျေးရွာ၊ ဂျိုးတောင်ကျေးရွာနှင့် တောင်ဘို့လှကျေးရွာများအနီးတွင် ဇွန်လ ၅ ရက်မှ ၇ရက် (ယနေ့) အထိ ဖြစ်ပွားလျက်ရှိသည်။

ထို့ကြောင့် နမ်ခမ်း၊ ဂျိုးတောင်နှင့် တောင်ဘို့လှ အနီးဝန်ကျင်ကျေးရွာများအပါအဝင် ကျေးရွာရှစ်ရွာမှ ဒေသခံပြည်သူ ၅,၄၃၄ ဦးခန့် စစ်ဘေးရှောင်နေရကြောင်း ဝန်းသို အခြေစိုက်တော်လှန်ရေးအင်အားစု WR Team က ယနေ့(ဇွန် ၇) အသိပေးထုတ်ပြန်သည်။

နမ်းခမ်းရွာအနီးတွင် ဇွန်လ ၅ ရက် ညနေပိုင်းကဖြစ်ပွားသော ထိတွေ့တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်(ဝန်းသို)မှ ရဲဘော်ခြောက်ဦး ထိခိုက်ဒဏ်ရာရထားပြီး တစ်ဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေကြောင်းလည်း WR Team က အသိပေးသည်။

ဝန်းသိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်များသည် ယမန်နေ့(ဇွန် ၆)ညပိုင်းတွင် ဝင်ရောက်သောင်းကျန်းကာ နေအိမ်အချို့အား မီးရှို့ဖျက်ဆီးပြီးနောက် ယနေ့နံနက်ပိုင်းတွင် တောင်ဘို့လှရွာသို့ဝင်၍ မီးရှို့ဖျက်ဆီးမှုများဆက်လက်ကျူးလွန်နေကြောင်း သိရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ်များ၊ ပျူစောထီးများနှင့် အနီးကပ်နေထိုင်ခြင်းမပြုကြရန် ထပ်မံ မေတ္တာရပ်ခံထားသည်။

သတင်း

အခုချိန်ဟာ မိုးတွင်းကာလဖြစ်လို့ တိုက်ပွဲကြောင့် တိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေမှာ အခက်အခဲများစွာကြုံတွေ့နေရကြောင်း ကေအဲန်ယူ သထုံမြို့နယ် တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

သတင်း

"ဒီသပိတ်ရဲ့ အ‌ရွေ့တစ်ခုက ဘယ်လောက်ထိပြောင်းလဲနိုင်တယ်ဆိုတဲ့ အခြေအနေအပေါ်မှာတော့ မူတည်တာပေါ့။နိုင်ခြေရှိဖို့က Customerသည် အဓိကကျတယ်။Customer ကကျွန်‌တော်တို့ကို ဝန်းရံမယ်ဆိုရင် ဒီသပိတ်နိုင်ပါမယ်။"ဟု ၎င်းက ပြောသည်။

သတင်း

စစ်ကောင်စီတပ်က ကိုးတောင်ဘို့ရွာအနီးဝန်းကျင်ရှိ ကိုင်းမကျေးရွာကို ဇွန်လ ၅ရက်က မီးရှို့ဖျက်ဆီးပြီးနောက် ပေါက်ကုန်းနှင့် နှောကုန်းအပါအဝင် ကျေးရွာလေးရွာကို ယနေ့(ဇွန် ၆ရက်) နံနက်ကစတင်ကာ ထပ်မံမီးရှို့နေသည်ဟု ဒေသခံများက ပြောသည်။