Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေဦးတွင် ရွာမီးရှို့ပြီးပြန်​သောစစ်​ကောင်စီတပ်ကို PDFများပူး​ပေါင်းတိုက်ခိုက်၍​ သေဆုံးထိခိုက်မှုများ

ဗိုလ်မုတ်ဆိတ်အဖွဲ့၊Freedom Revolution Force (FRF)တပ်ဖွဲ့၊DRPA တပ်ဖွဲ့၊ရေဦးမြို့နယ် ပကဖပူးပေါင်းအဖွဲ့ စသည့်တပ်ဖွဲ့ တို့က ပူး​ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-ဗိုလ်မုတ်ဆိတ်အဖွဲ့)
(​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-ဗိုလ်မုတ်ဆိတ်အဖွဲ့)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင်ကျေးရွာတစ်ရွာအား မီးရှို့ဖျက်ဆီးသွားသည့်စစ်​ကောင်စီတပ်ကို ဒေသတွင်းပူးပေါင်းအဖွဲ့ကတိုက်ခိုက်ခဲ့ရာသေဆုံးထိခိုက်မှုများရှိကြောင်း ဗိုလ်မုတ်ဆိတ်အဖွဲ့က ပြောသည်။

ယမန်နေ့ကရေဦးမြို့နယ် ချမ်းသာရွာကိုမီးတင်ရှို့သွားသော အကြမ်းဖက်စစ်ကောင်စီတပ်များသည် ယနေ့ (ဇွန်လ ၈ ရက်) နံနက် ၇နာရီ ​ကျော်တွင် ၎င်းတို့စခန်းချရာသို့အပြန် ရွာမိဿာရွာ နှင့် ညောင်လှမူးဆုံကြားအရော​က်၌ပူးပေါင်းအဖွဲ့ကအသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်မုတ်ဆိတ်အဖွဲ့က ပြောသည်။

၁၀မိနစ်ခန့်ထိပ်တိုက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်မှ အသေအပျောက်ရှိကာ အတိအကျမသိရသေးကြောင်းဗိုလ်မုတ်ဆိတ်က ပြောသည်။

တော်လှန်ရေးအဖွဲ့ပေါင်းစုံမှလက်ဦးမှုဖြင့်ပြောက်ကြားတိုက်ခိုက်ခဲ့ကြပြီးတော်လှန်ရေးသမားများအထိအခိုက်မရှိကြောင်း ၊အကြမ်းဖက်စစ်တပ်ဘက်မှ (၁၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားကြောင်းဒေသခံတစ်ဦးကပြောသည်။

ဒဏ်ရာရစစ်သားများအားရေဦး- မုံရွာလမ်းပေါ်ဖြတ်သန်းသွားသော ကားများအား စစ်သားများကတားဆီးပြီးတင်သွားခဲ့ကြောင်းလည်း ဒေသခံတစ်ဦးက ပြောသည်။

ဗိုလ်မုတ်ဆိတ်အဖွဲ့၊Freedom Revolution Force (FRF)တပ်ဖွဲ့၊DRPA တပ်ဖွဲ့၊ရေဦးမြို့နယ် ပကဖပူးပေါင်းအဖွဲ့ စသည့်တပ်ဖွဲ့ တို့က ပူး​ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်တပ်သည်ယမန်နေ့(ဇွန်လ၇ရက်) ညနေပိုင်းကရေဦးမြို့နယ် ချမ်းသာရွာမှ ပြည်သူပိုင်နေအိမ်ပေါင်း ၁၁၀ခန့်ကိုမီးရှို့ဖျက်ဆီးသွားကြောင်းဒေသခံများကပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်အပြီးတွင် စစ်ကောင်စီယာဉ်တန်းနှင့်KNLA တပ်များ မိနစ်အနည်းငယ်အကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း၊KNLAနှင့်ပူးပေါင်းအဖွဲ့တို့ ထိခိုက်မှုမရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

သတင်း

တစ်ဖက်တွင်လည်း ကျပ်ထိုးရဲစခန်းသို့ စစ်ကူရန် မြစ်ခြေဘက်မှထွက်လာသည့် အကြမ်းဖက်စစ်ကားတစ်စီးနှင့် ကမ္မဘက်မှ ထွက်လာသည့် ရဲကား တစ်စီးအား မိုင်းဆွဲ တိုက်ခိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

သတင်း

အထူးသဖြင့် ဂန့်ဂေါမြို့နယ်တွင်အကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်း နှင့် ကြည်း ကြောင်း အသုံးပြု၍အင်အားဖြည့်တင်းမှုသည် ပြင်းထန်မည့် တိုက်ပွဲများ မကြာမီဖြစ်ပေါ်လာနိုင်သည်ဟုလည်း ၎င်းတို့က သုံးသပ်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်အတွင်း စစ်ကိုင်း-မုံရွာလမ်း၊ စစ်ကိုင်း-ရွှေဘိုလမ်းပိုင်းများအား ဖြတ်သန်းသွားလာကြမည့် ခရီးသွားပြည်သူကားများ၊ ကုန်တင်ယာဥ်များ၊ Express ကားများကို ည ၈ နာရီမှ နောက်တစ်နေ့နံနက် ၅ နာရီအတွင်း သွားလာဖြတ်သန်းခြင်းမပြုရန် ထုတ်ပြန်ထားပြီးဖြစ်ကြောင်း စစ်ကိုင်းခရိုင် တပ်ရင်း ၁ က သတိပေးသည်။