Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဝေဇယန္တာလမ်း City Mart အနီးတွင်ကားငါးစီးဆင့်တိုက်က​လေးငယ်တစ်ဦးအပါအဝင်​ ၄ ဦးဒဏ်ရာရ

ယာဥ်တိုက်မှုကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ်တစ် ဦးအပါအဝင် ၄ ဦး ထိဒဏ်ရာရရှိခဲ့သည်ဟု မျက်မြင်​တွေ့ရှိသူများက​ပြောသည်။

(ယာဥ်တိုက်မှု ဖြစ်ပွားပြီး​နောက်မြင်ကွင်း။ ။ဓါတ်ပုံ- သုခကာရီလူမှုကူညီ​ရေးအသင်း)
(ယာဥ်တိုက်မှု ဖြစ်ပွားပြီး​နောက်မြင်ကွင်း။ ။ဓါတ်ပုံ- သုခကာရီလူမှုကူညီ​ရေးအသင်း)

ရန်ကုန်မြို့တောင်ဥက္ကလာမြို့နယ်ရှိ ဝေဇယန္တာလမ်းမကြီးပေါ်ရှိ City Mart အနီးတွင် (ယနေ့ ဇွန်၈ရက်) နံနက် ၈နာရီဝန်းကျင်က ကား ၅ စီး ဆင့်တိုက်မှုဖြစ်ပွားခဲ့သည်။

ယာဥ်တိုက်မှုကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ်တစ် ဦးအပါအဝင် ၄ ဦး ထိဒဏ်ရာရရှိခဲ့သည်ဟု မျက်မြင်​တွေ့ရှိသူများက​ပြောသည်။

မီးပွိုင့်မိ၍ရပ်နေသည့် ကားများကို အိမ်စီးကားတစ်စီးက အရှိန်ဖြင့်​နောက်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးကားများအဆင့်ဆင့်တိုက်မိခြင်းဖြစ်သည်။ တိုက်ခံရသည့် ကားများထဲတွင် ကိုယ်ပိုင်ကား ၄စီး၊ ကုမ္ပဏီကား ၁ စီးပါဝင်ပြီး စက်ဘီးနှင့်တွန်းလှည်းဈေးသည်တစ်ဦးလည်းတိုက်မိသည့်အထဲတွင်ပါဝင်သည်ဟုမျက်မြင်​တွေ့ရှိသူများပြောသည်။

ဒဏ်ရာရသူများထဲမှ တစ်ဦးမှာလက်ကျိုးသွားပြီး ၊တစ်ဦးမှာ ဦး​ခေါင်းတွင် ဒဏ်ရာရရှိကာ ကျန် နှစ်ဦး အ​ခြေအ​နေကို မသိရ​သေး​ကြောင်း သုခကာရီလူမှုကူညီ​ရေးအသင်းက ထုတ်ပြန်ထားသည်။ဒဏ်ရာရသူများကို သုခကာရီအသင်းက ကူညီပို့​ဆောင်​ပေးခဲ့​ကြောင်လည်း​ဖော်ပြထားသည်။ ဒဏ်ရာရသူတစ်ဦးမှာ တွန်းလှည်း​ဈေးသည်တစ်ဦးဖြစ်​ကြောင်းလည်းသိရသည်။

(ယာဥ်တိုက်မှု ဖြစ်ပွားပြီး​နောက်မြင်ကွင်း။ ။ဓါတ်ပုံ- သုခကာရီလူမှုကူညီ​ရေးအသင်း)
(ယာဥ်တိုက်မှု ဖြစ်ပွားပြီး​နောက်မြင်ကွင်း။ ။ဓါတ်ပုံ- သုခကာရီလူမှုကူညီ​ရေးအသင်း)

ကားဖြင့်နောက်မှ တိုက်ခဲ့သူမှာထွက်​ပြေးရန်ကြိုးစားသဖြင့် အနီးအနားရှိပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့သည်ဟုလည်း မျက်မြင်​တွေ့ရှိသူများကပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

သေနတ်ဖြင့် ၅ချက်ခန့်ပစ်ခတ်ခဲ့သော်လည်း ထိမှန်သူမရှိကြောင်း၊ ကလစ်ဆိုင်ကယ် တစ်စီးကိုမူ အကြမ်းဖက်စစ်ကောင်မှ သိမ်းဆည်းသွားကြောင်း Monywa Roads Information က ဖော်ပြသည်။

News

တိုက်ခိုက်ခံရသော စစ်ကြောင်းသည် မေလ ၁၄ ရက်နေ့က ချောင်းဦးမြို့နယ်၊ ဆီပန်းကန်ရွာသို့ ဝင်ရောက်မီးရှို့ရာ ဒေသခံကာကွယ်ရေးတပ်များ၏ တိုက်ခိုက်မှုကိုခံရပြီး ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

News

ထိခိုက်ဒဏ်ရာရရှိတဲ့ ဒေသခံအမျိုးသမီးကိုတော့ ဒေသတွင်းက ကျန်းမာရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတဲ့ ကရင့်ကျန်းမာရေးနဲ့ လူမှုကူညီရေးဆေးလုပ်သားတွေကနေ ဘေးကင်းလုံခြုံရာကို ပို့ဆောင်ခဲ့ပြီး ဆေးကုသမှုပေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ

စစ်ပွဲ စတင်ချိန် ကတည်းက ရိုမေးနီးယားဟာ ယူကရိန်းကနေ တိမ်းရှောင်လာတဲ့ စစ်ပြေး ဒုက္ခသည် ၆ သိန်း ၂ သောင်းကျော်လောက်ကို ဝင်ရောက်ခွင့် ပေးခဲ့ပြီး ၈ သောင်းကျော်လောက်ကို နေရာထိုင်ခင်း စီစဉ်ပေးထားကြောင်း သိရပါတယ်။