Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျိုက်ထိုတွင် စစ်ယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ် ၁၀ဦးသေဟု KNUထုတ်ပြန်

စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်အပြီးတွင် စစ်ကောင်စီယာဉ်တန်းနှင့်KNLA တပ်များ မိနစ်အနည်းငယ်အကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း၊KNLAနှင့်ပူးပေါင်းအဖွဲ့တို့ ထိခိုက်မှုမရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ - KNU

ကျိုက်ထိုမြို့နယ်အတွင်း စစ်အင်အားအပြည့်ဖြင့် မောင်းနှင်လာသော စစ်ကောင်စီယာဉ်တန်းကို ယမန်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၀ဦး သေဆုံးပြီး ၁၅ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက သတင်းထုတ်ပြန်သည်။

ပဲခူးမှ သထုံမြို့ဘက်သို့ ဦးတည်မောင်းနှင်လာသည့် စစ်ကောင်စီတပ်ကို ဇွန်လ ၇ရက် နံနက်က ကျိုက်ထိုမြို့နယ် ဒေါင်းတောင်အရောက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ – KNU

စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်အပြီးတွင် စစ်ကောင်စီယာဉ်တန်းနှင့်KNLA တပ်များ မိနစ်အနည်းငယ်အကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း၊KNLAနှင့်ပူးပေါင်းအဖွဲ့တို့ ထိခိုက်မှုမရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ယခုတစ်ပတ်အတွင်း၌ KNU သထုံခရိုင်အတွင်း အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံတပ်များမှ စစ်ရေးလှုပ်ရှားမှုများနှင့် စစ်အင်အားတိုးချဲ့လာခြင်းကြောင့် နယ်မြေခံ KNLA/KNDO ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များအကြား မကြာခဏ ထိတွေ့ပစ်ခတ်မှုများဖြစ်ပွားလျှက် ရှိသည်ဟု ဆိုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဖရူဆိုမြို့နယ်တွင်လည်း ဘောလခဲမှ ဖရူဆိုမြို့သို့ ဦးတည်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ယာဥ်အစီးရေ ၄၀ပါ ထောက်ပို့ယာဥ်တန်းကို ဇွန်လ၁ ရက်မှ ၃ ရက်အထိ ကရင်နီတပ်မတော် (KA) နှင့် KNDF တို့မှ လောကျေခူနှင့် မာခရော်ရှေးကျေးရွာတို့တွင် တိုက်ခိုက်ခဲ့သည်။

သတင်း

နိုင်ငံဝင်ငွေရရှိသည့် လုပ်ငန်းများကို အလုပ်လုပ်ရက်တစ်ရက်အတွင်း တစ်​ဒေါ်လျှင် ၁၈၅၀ကျပ်နှုန်းဖြင့် ကျပ်ငွေအဖြစ်ပြောင်းလဲရမည်ဟု စစ်ကောင်စီက ဧပြီ ၃ ရက်က စတင်ညွန့်ကြားဖိအား​ပေးခဲ့သည်။ ညွှန့်ကြားချက်ကို မလိုက်နာပါက ​အ​ရေးယူမည်ဟုလည်းခြိမ်း​ခြောက်ထားသည်။

သတင်း

တစ်ဖက်တွင်လည်း ကျပ်ထိုးရဲစခန်းသို့ စစ်ကူရန် မြစ်ခြေဘက်မှထွက်လာသည့် အကြမ်းဖက်စစ်ကားတစ်စီးနှင့် ကမ္မဘက်မှ ထွက်လာသည့် ရဲကား တစ်စီးအား မိုင်းဆွဲ တိုက်ခိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

သတင်း

ဗိုလ်မုတ်ဆိတ်အဖွဲ့၊Freedom Revolution Force (FRF)တပ်ဖွဲ့၊DRPA တပ်ဖွဲ့၊ရေဦးမြို့နယ် ပကဖပူးပေါင်းအဖွဲ့ စသည့်တပ်ဖွဲ့ တို့က ပူး​ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။