Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းမူတွင် စစ်​ကောင်စီတပ်က ပြည်သူ​လေးဦးကို​ပြေးခိုင်းပြီး​သေနတ်ဖြင့်ပစ်သတ်

ဇွန်လ ၅ရက်နေ့ကမြင်းမူမြို့နယ်၊ကန်ဖျားရွာနှင့် ဂုံညှင်းဆိပ်ကျေးရွာများသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်အား မိုင်းသုံးလုံးဆွဲကာ တိုက်ခိုက်ခံခဲ့ရသည်။

(အကြမ်းဖက်စစ်တပ် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ပြည်သူအချို့နှင့် မီးရှို့ဖျက်ဆီးခံရသည့်အဆောက်အအုံများအား တွေ့ရစဥ်။ ။ဓါတ်ပုံ-PAFD)
(အကြမ်းဖက်စစ်တပ် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ပြည်သူအချို့နှင့် မီးရှို့ဖျက်ဆီးခံရသည့်အဆောက်အအုံများအား တွေ့ရစဥ်။ ။ဓါတ်ပုံ-PAFD)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ပြည်သူ​လေးဦးအားပြေးခိုင်းပြီး ​နောက်မှ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဇွန်လ ၅ရက်နေ့ကမြင်းမူမြို့နယ်၊ကန်ဖျားရွာနှင့် ဂုံညှင်းဆိပ်ကျေးရွာများသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်အား မိုင်းသုံးလုံးဆွဲကာ တိုက်ခိုက်ခံခဲ့ရသည်။

ထို​နောက်ဇွန် ၅ ရက် မွန်းလွဲ ၁ နာရီခွဲအချိန်တွင် အကြမ်းဖက်စစ်တပ်သည် ထီးဆောင်းရွာမှ ကန်ဖျားရွာဘက်ကိုအင်အား ၈၀ ဝန်းကျင်ဖြင့် ဝင်ရောက်လာပြီး ကန်ဖျားရွာတောထဲရှိ​တွေ့​သောတဲများကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ကန်ဖျားရွာသားတစ်ဦးကိုလည်းပစ်ခတ်သတ်ဖြတ်ခဲ့​ကြောင်း ​​​​ဒေသခံများက ပြောသည်။

ထို့နောက် ရွာသားအချို့အားဖမ်းဆီးပြီး ရွာသားလေးဦးအား ပြေးခိုင်းပြီး ​နောက်မှ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးက ဖော်ပြသည်။

“အရပ်သားလက်နက်မဲ့လူငယ်များကိုပါ မင်းတို့လွတ်အောင်ပြေးဟုဆိုပြီး အမဲလိုက်သလိုပစ်ခတ်ကြတာကြောင့်ရွာသား ၄ ဦး သေဆုံးတယ်လို့ကနဦးကြားသိခဲ့ရပါတယ်”ဟု မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးကထုတ်ပြန်သည်။

(အကြမ်းဖက်စစ်တပ် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ပြည်သူအချို့နှင့် မီးရှို့ဖျက်ဆီးခံရသည့်အဆောက်အအုံများအား တွေ့ရစဥ်။ ။ဓါတ်ပုံ-PAFD)
(အကြမ်းဖက်စစ်တပ် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ပြည်သူအချို့နှင့် မီးရှို့ဖျက်ဆီးခံရသည့်အဆောက်အအုံများအား တွေ့ရစဥ်။ ။ဓါတ်ပုံ-PAFD)

ထိုအပြင် ​ဒေသခံတစ်ဦးကလည်း “ရွာကဦးလေးကြီးတစ်ယောက်က ဖိနပ်ကို ကုန်းကောက်လိုက်ချိန်မှာ စစ်သားတစ်ယောက်က မြင်သွားတော့ ပြေးမယ်လို့ထင်ပြီး အဲဒီလူကြီးကို ပါးစပ်ကိုဟခိုင်းတယ် ။ပါးစပ်ထဲကိုပဲ သေနတ်ထိုးထည့်ပြီး ပစ်ထည့်လိုက်တယ်။ နောက်အမျိုးသမီးတစ်ဦးကိုလည်း လက်ကိုင်အိပ်ထဲ ရှိသမျှ ထုတ်ခိုင်းလိုက်တာ ရွှေနဲ့ ငွေ အမြောက်များထွက်လာလို့ အတင်းအဓမ္မလုယူသွားပါတယ် ။ စုစုပေါင်းကာလတန်ဖိုးကတော့ သိန်းတစ်ရာ လောက်ရှိတယ်။”ဟု စစ်​ကောင်စီတပ်က ပြည်သူများအ​ပေါ်ကျူးလွန်ပုံကိုပြောသည်။

အကြမ်းဖက်စစ်တပ်သည် အထက်ပါသတ်ဖြတ်ခံရသူများအပါအဝင် ကန်ဖျားရွာမှ ပြည်သူစုစုပေါင်း (၇)ဦးအားသတ်ဖြတ်သွားပြီး ဓားစာခံ(၁၁)ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့(PAFD)က ပြောသည်။

ကန်ဖျားရွာတောကျောင်း မြတ်စောညီနောင် ဘုရားအာရုံခံတန်ဆောင်း ၊ တောရကျောင်းနှင့် ဘုရားပတ်လည်တောတဲများကိုလည်း စစ်ကောင်စီတပ်ဖွဲ့ကမီးရှို့ခဲ့ကြပြီး စေတီသာမီးမလောင်ဘဲကျန်ခဲ့ကြောင်းမြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးက ဖော်ပြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်သားများမှာအထိ အခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီးထပ်မံ၍တိုက်ပွဲများဖြစ်ပွားနိုင်သောကြောင့်ပြည်သူများအနေဖြင့်သတိပြုနေထိုင်ရန်လည်း ဂန့်ဂေါတပ်ရင်း(ယောဒေသ)က တိုက်တွန်းသည်။

သတင်း

ဦးထွန်းထွန်းဝင်းသည် စစ်ကောင်စီနှင့် ပူးပေါင်းကာဒလန်အကြီးစားအဖြစ် လှုပ်ရှားနေ၍ ဒေသခံကာကွယ် ရေး တပ်ဖွဲ့များမှ အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း အပြစ်မဲ့ပြည်သူများနှင့်ပတ်သက်ပြီး မဟုတ်မမှန်ပြောဆိုကာ စစ်ကောင်စီထံအကြိမ်ကြိမ် သတင်းပေးပို့မှုများ ပြုလုပ်ခဲ့သည်ဟု ဖော်ပြထားသည်။

သတင်း

ဇွန်လ ၈ရက် နံနက် ၁၀နာရီ ၄၀မိနစ်ခန့်တွင် ဆောမြို့နယ် ကျောက်ထုမြို့ ဂုံဘိုရပ်ကွက်နေ ဦးကျော်မြင့်၏ နေအိမ်သို့ စစ်ကောင်စီတပ်မှ အင်အား ၃၀ခန့်ဖြင့် ရောက်ရှိလာပြီး အိမ်တံခါးကိုဖျက်ဆီးခဲ့သည်ဟု ဆို သည်။

သတင်း

စစ်ကောင်စီ တပ်မ(၁၀၁)လက်အောက်ခံ တပ်ရင်းများဖြစ်သော ခလရ(၂၅၆)နှင့် ခလရ(၂၅၈) တပ်ရင်းကို ဇွန်လ ၈ ရက် နံနက် ၁နာရီတွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။