Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

Mytel တာဝါတိုင်များဖြင့် လက်နက်ကြီးများထုတ်လုပ်နိုင်ဟု ​မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ အသိ​ပေး

မဟာမိတ်စစ်ဆင်ရေးအများစုတွင် အဆိုပါ တဖက်ပွင့် လက်နက်ကြီးများအား အသုံးပြုခဲ့ပြီးအထူးသဖြင့် ၂၀၂၂ ဧပြီအတွင်း ဖြစ်ပွားခဲ့သော ရေလယ်ကျွန်းစစ်ဆင်ရေးနှင့် လက်ယက်မစစ်ဆင်ရေး တိုက်ပွဲများတွင် စတင်အသုံးပြုခဲ့သည်ဟု CDSOM က ပြော သည်။

(စစ်အုပ်စုပိုင်ဆိုင်သည့် Mytel တာဝါတိုင်ဖြင့် လက်နက်များ ထုတ်လုပ်ရန် ဖြတ်​တောက်​နေစဥ်၊ ဓာတ်ပုံ - CDSOM)
(စစ်အုပ်စုပိုင်ဆိုင်သည့် Mytel တာဝါတိုင်ဖြင့် လက်နက်များ ထုတ်လုပ်ရန် ဖြတ်​တောက်​နေစဥ်၊ ဓာတ်ပုံ - CDSOM)

Mytel တာဝါတိုင်များဖြင့် တဖက်ပွင့်လက်နက်ကြီးများအပါအဝင် လက်နက်ကြီး “မမ” များကိုလည်း ကိုယ်ပိုင်ဖန်တီးတီထွင်မှုများဖြင့် ထုတ်လုပ်နိုင်ခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ – CDSOM က ယနေ့(ဇွန် ၉ ရက်)တွင် ထုတ်ပြန်သည်။

“တော်လှန်ရေးကာလမှာ ထိုက်သင့်တဲ့ကုန်ကြမ်း တစ်ခုအနေနဲ့ ရှိတယ်။သူ့(စစ်ကောင်စီ)အရိုးနဲ့ သူ့ကိုပြန်ထိုးနိုင်တဲ့အခွင့်အလမ်း တစ်ခုပဲ”ဟု CDSOM တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

အဆိုပါထုတ်လုပ်မှုများကို ယခုနှစ် တော်လှန်သင်္ကြန်ကာလအတွင်း အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး ထုတ်လုပ်ထားသော “မမ”များသည် ပေ ၂၀၀၀ နှင့်အထက်ပြေးနိုင်သည့်အပြင် စစ်ဆင်ရေးများတွင် အဝေးပစ်အနေဖြင့် အကောင်းဆုံး အသုံးပြုနိုင်မည်ဟု ဆို သည်။

(စစ်အုပ်စုပိုင်ဆိုင်သည့် Mytel တာဝါတိုင်ဖြင့် လက်နက်များ ထုတ်လုပ်ရန် ဖြတ်​တောက်​နေစဥ်၊ ဓာတ်ပုံ - CDSOM)
(စစ်အုပ်စုပိုင်ဆိုင်သည့် Mytel တာဝါတိုင်ဖြင့် လက်နက်များ ထုတ်လုပ်ရန် ဖြတ်​တောက်​နေစဥ်၊ ဓာတ်ပုံ – CDSOM)

မဟာမိတ်စစ်ဆင်ရေးအများစုတွင် အဆိုပါ တဖက်ပွင့် လက်နက်ကြီးများအား အသုံးပြုခဲ့ပြီးအထူးသဖြင့် ၂၀၂၂ ဧပြီအတွင်း ဖြစ်ပွားခဲ့သော ရေလယ်ကျွန်းစစ်ဆင်ရေးနှင့် လက်ယက်မစစ်ဆင်ရေး တိုက်ပွဲများတွင် စတင်အသုံးပြုခဲ့သည်ဟု CDSOM က ပြော သည်။

လက်ရှိတွင် တဖက်ပွင့်လက်နက်ကြီးများကို ပြန် လည်ပြင်ဆင် ထုတ်လုပ်လျက်ရှိပြီအရေအတွက် အများအပြား ထုတ်လုပ်နိုင်ရန် စီစဥ်လျက်ရှိကြောင်း အသိပေးသည်။

ထိုအပြင် မကြာမီအချိန်အတွင်း Mytel တာဝါတိုင်များမှတဆင့် လက်နက်ကြီး၊ လက်နက်ငယ်များ အမျိုးအစားပေါင်းစုံ ထပ်မံထုပ်လုပ်သွားမည်ဖြစ်ကာ လက်နက်ထုတ်လုပ်မှုမှ ရဲဘော်များအား လက်နက်အတော်အသင့် တပ်ဆင်ပေးနိုင်မည်ဟု CDSOM က ခန့်မှန်းသည်။

(စစ်အုပ်စုပိုင်ဆိုင်သည့် Mytel တာဝါတိုင်ဖြင့် လက်နက်များ ထုတ်လုပ်ရန် ဖြတ်​တောက်​နေစဥ်၊ ဓာတ်ပုံ - CDSOM)
(စစ်အုပ်စုပိုင်ဆိုင်သည့် Mytel တာဝါတိုင်ဖြင့် လက်နက်များ ထုတ်လုပ်ရန် ဖြတ်​တောက်​နေစဥ်၊ ဓာတ်ပုံ – CDSOM)

Mytel တာဝါတိုင်များသည် လက်နက်ထုတ်လုပ်ရေးအတွက် အကောင်းဆုံးကုန်ကြမ်းဖြစ်သည့်အပြင် အဆိုပါ တာဝါတိုင်မှထုတ်လုပ်သော လက်နက်များသည် မဟာမိတ်စစ်ဆင်ရေးများ၏ အရေးကြီးသည့်နေရာမှ ပါဝင်နေ ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ကြောင့် Mytel တာဝါတိုင်မှတဆင့် လက်နက်ကြီး၊ငယ်နှင့် (မမ)များ ပိုမိုထုတ်လုပ်ပြီး တိုက်ပွဲဝင်နိုင်ရန်နှင့် ထုတ်လုပ်မှုတွင် ပါဝင်သော ဆက်စပ်ကုန်ကြမ်းများအတွက် ပါဝင်အားဖြည့်ပေးရန်လည်း CDSOM က မေတ္တာရပ်ခံသည်။

အာဏာသိမ်းပြီးနောက်ပိုင်း တစ်နှစ်အတွင်းစစ်အုပ်စုပိုင်ဆိုင်သည့် Mytel တာဝါတိုင် ၅၀၀ခန့်ပျက်စီးခဲ့ပြီး စစ်ကိုင်းတိုင်း၌ သုံးပုံ နှစ်ပုံကျော်အထိရှိကြောင်း Data For Myanmar က ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးတွင် နိုင်ငံတော်နှင့်ပြည်သူ့အကျိုးစီးပွားအတွက်တိုက် ပွဲဝင်ရင်း ကျဆုံးခဲ့ရသဖြင့် မိသားစုနှင့်ထပ်တူထပ်မျှ ဆို့နင့်ကြေကွဲဝမ်းနည်းရသည်ဟု အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်လက်နက်ကြီးကျည် မိုးဗြဲမြို့ စျေးကုန်းရပ်ကွက်သို့ ကျရောက်ခဲ့ရာ ​ဒေသခံပြည်သူ နှစ်ဦးထိမှန်ပြီး တစ်ဦး သေဆုံးခဲ့ရသည်ဟု မိုးဗြဲဒေသခံတစ်ဦးက အသိပေးရေးသားထားသည်။

သတင်း

"အဲဒီအမျိုးသမီးကြီးက သူ့ခြံထဲတံမြက်စည်းလှဲနေတာပေါ့။ ခြံထဲပတ်လှဲတော့ မပေါက်သေးတဲ့ လက်နက်ကြီးကျည်တစ်လုံး သွားတွေ့တယ်။ ဒါကိုသူက ကောက်ပစ်မယ်အလုပ်မှာ ပေါက်ကွဲသွားတာ"ဟု IR Team မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

သတင်း

စစ်ကောင်စီ တပ်စွဲထားသော ပြည်ခိုင်ဖြိုးရုံး၊ စခန်းလိုင်းခန်း၊ ဘောလုံးကွင်းဖ indoor စခန်းဘန်ကာများ ကင်းပုန်းရှိရာနေများ မြို့နယ်မှူးအိမ်ယာ နှင့်တခြားနေရာများသို့ အသီးသီး လက်နက်ကြီးများ ထိမှန် ကျရောက်ခဲ့သည်ဟု SPDFက ဆိုသည်။