Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီအတွင်း​ရေးမှူး၏​ဆွေးမျိုး​လည်းဖြစ်၊ WHOဝန်ထမ်းလည်းဖြစ်​သောစစ်​ကောင်စီသတင်း​ပေးကို ​မော်လမြိုင်ပြည်သူ့ကာကွယ်​ရေးအဖွဲ့ ကသေနတ်ဖြင့်ပစ်သတ်

အောင်လင်းဒွေးနှင့်ဆွေမျိုးနီးစပ်တော်စပ်သူဖြစ်ပြီး စစ်ကောင်စီသတင်းပေးလုပ်နေသူ မျိုးမင်းထွဋ်ဆိုသူကို မော်လမြိုင်မြို့ သံလွင်ဥယာဥ်အနီးတွင် ဇွန် ၈ရက် ညနေက သေနတ်ဖြင့် ၅ ချက်ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း မော်လမြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – People’s Defense Organization – Mawlamyine က သတင်းထုတ်ပြန်ထားသည်။

မျိုးမင်းထွဋ်အသတ်ခံရပြီး​နောက် စစ်​ကောင်စီရဲများက စစ်​ဆေး​နေစဥ်။ ။ဓါတ်ပုံ-​​သံလွင်တိုင်း/CJ
မျိုးမင်းထွဋ်အသတ်ခံရပြီး​နောက် စစ်​ကောင်စီရဲများက စစ်​ဆေး​နေစဥ်။ ။ဓါတ်ပုံ-​​သံလွင်တိုင်း/CJ

●မျိုးမင်းထွဋ်သည်ဧည်စာရင်းစစ်ခြင်း၊ CDM များကိုခြိမ်း​ခြောက်ခြင်းတို့တွင်ပါဝင်ပြီး သက်ငယ်မုဒိန်းများကျူးလွန်ပြီး Sex Tape ဖြင့်အကြပ်ကိုင်တက်သူဟု​​မော်လမြိုင် PDO ထုတ်ပြန်

မော်လမြိုင်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကယမန်​နေ့ည​နေတွင် ​သေနတ်ဖြင့်ပစ်သတ်လိုက်သောWHOမြန်မာပြည်ရုံးဝန်ထမ်း မျိုးမင်းထွဋ်သည်စစ်ကောင်စီအတွင်း​ရေးမှူးဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့်ဆွေမျိုးတော်စပ်သူဖြစ်ကြောင်း ရဲတပ်ဖွဲ့တွင်းဖရဲသီးကအတည်ပြုသည်။

“မော်လမြိုင်မှာ မနေ့က ပွဲဆူသွားတဲ့သတင်း။ ဟုတ်တယ်။ အသတ်ခံရတဲ့သူက ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနဲ့ အမျိုးတော်တယ်လို့ သိထားတယ်” ဟု ရဲအရာရှိတစ်ဦးက People’s Spring သို့ပြောသည်။

အောင်လင်းဒွေးနှင့်ဆွေမျိုးနီးစပ်တော်စပ်သူဖြစ်ပြီး စစ်ကောင်စီသတင်းပေးလုပ်နေသူ မျိုးမင်းထွဋ်ဆိုသူကို မော်လမြိုင်မြို့ သံလွင်ဥယာဥ်အနီးတွင် ဇွန် ၈ရက် ညနေက သေနတ်ဖြင့် ၅ ချက်ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း မော်လမြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – People’s Defense Organization – Mawlamyine က သတင်းထုတ်ပြန်ထားသည်။

​မော်လမြိင် PDO ထုတ်ပြန်ချက်
​မော်လမြိင် PDO ထုတ်ပြန်ချက်

ထို့အပြင် အသတ်ခံရသူ မျိုးမင်းထွဋ်သည် ကမ္ဘာ့ကျန်းမာ​ရေးအဖွဲ့ (WHO) မြန်မာပြည်ရုံး၏ ယာဥ်​မောင်းတစ်ဦးဖြစ်​ကြောင်းWHO မြန်မာပြည်ရုံးက ယ​​​မန်နေ့ (ဇွန် ၈)တွင်သတင်းထုတ်ပြန်သည်။ ၎င်းသည် WHO မြန်မာပြည်ရုံးတွင် ယာဥ်​မောင်းအဖြစ် ငါးနှစ်နီးပါးလုပ်ကိုင်ခဲ့သူဖြစ်သည်။

“ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းသည် ယနေ့ ဇွန်လ ၈ ရက်နေ့ ညနေ၅နာရီဝန်းကျင်အချိန် မွန်ပြည်နယ်မော်လမြိုင်၌ လုံခြုံရေးဖြစ်ရပ်တစ်ခုတွင်ကျွန်ုပ်တို့ WHOမှဝန်ထမ်းဖြစ်သူ ဦးမျိုးမင်းထွဋ်အသက်ဆုံးရှံးသွားရကြောင်းကို အလွန်ဝမ်းနည်းစွာဖြင့် အတည်ပြုအပ်ပါသည်။ဦးမျိုးမင်းထွဋ်သည် ရုံးမှ အိမ်သို့အပြန် သံလွင်ဥယျာဉ်လမ်းတွင် ၎င်း၏ ကိုယ်ပိုင်မော်တော်ဆိုင်ကယ်စီးနင်းလာစဉ် သေနတ်ဖြင့်ပစ်ခံရပြီး ဖြစ်ရပ်၏ အသေးစိတ်အခြေအနေမှာ အတိအကျမသိရှိရသေးပါ။ကျွန်ုပ်တို့အားလုံး လုပ်ဖော်ကိုင်ဖက်၏မိသားစုနှင့် ထပ်တူထပ်မျှ အထူးဝမ်းနည်း ကြေကွဲရပါသည်”ဟု
WHO မြန်မာရုံးကထုတ်ပြန်ထားသည်။

WHO မြန်မာရုံးထုတ်ပြန်ချက်
WHO မြန်မာရုံးထုတ်ပြန်ချက်

​​မော်လမြိုင်မြို့နယ်ပြည်သူ့ကာကွယ်​ရေးအဖွဲ့ ထုတ်ပြန်ချက်တွင် မျိုးမင်းထွဋ်သည် စစ်ကောင်စီတပ်က ပြည်သူများအား ဧည့်စာရင်းများစစ်ဆေးရာတွင် ဦးဆောင်ပါဝင်တက်ပြီး စစ်​ကောင်စီရဲမှူးများနှင့်နီးစပ်သောဆက်ဆံရေးရှိသူဖြစ်ကြောင်း၊ CDM ဝန်ထမ်းများ၏ မိသားစုဝင်များအားခြိမ်းခြောက်အကြပ်ကိုင်နေသလို အရွယ်မရောက်သေးသောမိန်းမငယ်များအားခြေတော်တင်ဖျက်ဆီးနေသော သက်ငယ်မုဒိန်းကောင်ဖြစ်ပြီး Sex tape များရိုက်ကူးအကြပ်ကိုင်တက်သည်ကိုလည်းစုံစမ်းသိ့ရှိရသည်ဟု​ဖော်ပြထားသည်။

၎င်းသည်စစ်​ကောင်စီရဲများနှင့်ရင်းနှီးပြီး လူမှု​​ရေးရှုပ်​ထွေးကာ ၊မြို့တွင်း၌ အမည်ပျက်ရှိသူဖြစ်​ကြောင်းလည်း​ဒေသခံတစ်ဦးက​ပြောသည်။

အခြားမော်လမြိုင်မြို့ခံတစ်ဦးကလည်း”ခေတ်စကားနဲ့ပြောရရင် မုန့်ဟင်းခါးပွဲကြီးတစ်ပွဲစားလိုက်ရတယ်ပေါ့ဗျာ။ ဒီကောင်မျိုးမင်းထွန်းကနိုင်ငံခြားအဖွဲ့အစည်းတစ်ခုမှာ ဝန်ထမ်း။ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲစစ်ကောင်စီ ဘောမနေတဲ့ကောင်။ဒီကောင်သေတာမြို့အတွက်တော့သတင်း
ကောင်းပဲ” ဟု People’s Spring သို့ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ဇွန်လ ၄ရက်တွင် မိုင်းရှူးမြို့နယ်မြောက်ဘက်ရှိ SSPP/SSA ဌာနချုပ်လုံခြုံရေး တပ်စခန်းများဖြစ်သော)လွိုင်နိုင်းလမ်းခွဲအဝင်အနီးရှိ စခန်း၊ မန်ဝိန်းကျေးရွာအနီးရှိ စခန်း ၂ခုတို့အား ဇွန်လ ၁၀ရက်မတိုင်မီ ဖယ်ရှားပေးရန်အကြောင်းကြားလာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

သတင်း

အရပ်သားများ၏ အခွင့်အရေးများနှင့် လုံခြုံမှုကို ကာကွယ်ပေးရန် ထပ်လောင်းတောင်းဆိုခဲ့ပြီး ပြည်သူများအပေါ် အကြမ်းဖက်လုပ်ငန်းရပ်များကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။

သတင်း

ဇွန်လ ၆ရက်က မီးရှို့ဖျက်ဆီးမှုတွင် ပြည်ခိုင်ဖြိုးပါတီအမာခံနေအိမ်များနှင့် မုံရွာမြို့တွင် တာဝန်ကျနေသော ဒုရဲအုပ်တစ်ဦး၏ မိဘအိမ်လည်းပါဝင်သွားကြောင်း ကိုးတောင်ဘို့ပြည်သူ့ကာကွယ် ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

သတင်း

ဇွန်လ ၇ ရက်ကလည်း ကျိုက်ထိုမြို့နယ်အတွင်း စစ်အင်အားအပြည့်ဖြင့် မောင်းနှင်လာသော စစ်ကောင်စီယာဉ်တန်းကို ယမန်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၀ဦးသေဆုံးပြီး ၁၅ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ထုတ်ပြန်ထားသည်။