Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြောင်နယ်သို့ ရောက်နေသော စစ်ကောင်စီတပ်သားသုံးဦး ဧရာဝတီမြစ်အတွင်း ရေဆင်းကူးရာမှ ရေနစ်သေ

ယနေ့နေ့လယ် ၁ နာရီခန့်က မြောင်နယ် ပန်းညိုရွာသို့ရောက်နေသော စစ်သားများသည် ဧရာဝတီမြစ်အတွင်း ရေဆင်းကူးရာ တစ်ယောက်မှာ ရေနစ်သွားသဖြင့် နှစ်ယောက်က ဆင်းပြီးဆယ်ရာသုံးယောက်လုံး ရေနက်သေဆုံးသွားခြင်းဖြစ်ကြောင်း ဖော်ပြသည်။

မြောင်မြို့နယ်
မြောင်မြို့နယ်

မြောင်မြို့နယ်သို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်မှ တပ်သားသုံးဦးသည် ယနေ့(ဇွန် ၁၁)နေ့လယ်ပိုင်းက ဧရာဝတီမြစ်အတွင်းရေ ဆင်းကူးစဥ် ရေနစ်သေဆုံးခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့(CDSOM)က ထုတ်ပြန်သည်။

ယနေ့နေ့လယ် ၁ နာရီခန့်က မြောင်နယ် ပန်းညိုရွာသို့ရောက်နေသော စစ်သားများသည် ဧရာဝတီမြစ်အတွင်း ရေဆင်းကူးရာ တစ်ယောက်မှာ ရေနစ်သွားသဖြင့် နှစ်ယောက်က ဆင်းပြီးဆယ်ရာသုံးယောက်လုံး ရေနက်သေဆုံးသွားခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“ဒီကောင်တွေက မနေ့(ဇွန် ၁၀)ညနေထဲက ပန်းညိုရွာကို ရောက်နေတာဗျ။ အဲဒါကို ဒီနေ့နေ့ လယ်ပိုင်ရောက်တော့ ဧရာဝတီမြစ်ထဲ ရေဆင်းကူးရင်း သုံးယောက်လုံးရေနစ်​သေသွားတာ”ဟု CDSOM မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုနွေဦးက ပြောသည်။

ထိုကိစ္စကြောင့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ပန်းညိုရွာ၌ပင် ညအိပ်တပ်စွဲထားနိုင်ခြေရှိကြောင်း ၎င်းက ဆက်ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ ယခုရက်ပိုင်းအတွင်း မြောင်မြို့နယ်သို့ စစ်ကြောင်းနှစ်ကြောင်းခွဲ၍ ဝင်ရောက်သောင်းကျန်းလျက်ရှိရာ မြောင်တောင်ပိုင်းသို့ဝင်နေသည့်စစ်ကြောင်းမှာ ပခုက္ကူဘက်ကူးသွားကြောင်း သိရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဇွန်လ ၁၀ရက်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင် စီတပ်ကို PRFက မိုင်းလေးလုံးဖြင့် စတင်ခုခံတိုက်ခိုက်ခဲ့ပြီး နာရီဝက်ကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

ယနေ့ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က အနည်းဆုံး ၆ဦး သေဆုံးနိုင်ပြီး ကာကွယ်ရေးပူးပေါင်းတပ်မှ ထိခိုက်မှုမရှိဟု ဖော်ပြသည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၏ NUG Pay မိုဘိုင်းငွေပေးချေမှုကို မကြာခင် စတင်သုံးစွဲနိုင်တော့မည်ဟု NUG စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှု ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦးက မေလတွင် သတင်းမီဒီယာများကိုပြောကြားခဲ့ပြီးနောက် စစ်ကောင်စီဘက်က ပြည်သူလူထုကို ယခုလိုခြိမ်းခြောက်ခြင်းဖြစ်သည်။

သတင်း

CDF တပ်ရင်း(၂)ဝကောက်စခန်းကို ဝင်စီးသော စစ်ကောင်စီတပ်စစ်ကြောင်းကို CDF နှင့်အတူ PDF-SAW တပ်ရင်း - ၂(YRPA)မှ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၅ဦးခန့်သေတုံးကာ ၃၀ခန့်ဒဏ်ရာရခဲ့သည်။