Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဝကောက်စခန်းအားဝင်စီးသော စစ်ကောင်စီတပ်ကို CDF ကန်ပက်လက် ပြန်လည်ပိတ်ဆို့ထားဟု တပ်မဟာမှူးပြော

CDF တပ်ရင်း(၂)ဝကောက်စခန်းကို ဝင်စီးသော စစ်ကောင်စီတပ်စစ်ကြောင်းကို CDF နှင့်အတူ PDF-SAW တပ်ရင်း – ၂(YRPA)မှ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၅ဦးခန့်သေတုံးကာ ၃၀ခန့်ဒဏ်ရာရခဲ့သည်။

CDF
CDF

▪️ကန်ပက်လက်မြို့ပေါ်တွင်ပါ တိုက်ပွဲဖြစ်နေ

တပ်ရင်း(၂)အထိုင်ချရာ ဝကောက်စခန်းအား ဝင်ရောက်စီးနင်းသည့် အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသကာကွယ်ရေးပူး ပေါင်းအဖွဲ့များက ပြန်လည်ပိတ် ဆို့ထားကြောင်း CDF ကန်ပက်လက်၏ တပ်မဟာမှူး Stephen Shing Thangက ယနေ့(ဇွန် ၁၁)တွင် အသိပေးသည်။

အဆိုပါ စစ်ကြောင်းသည် အင်အား ၁၈၅ဦးခန့်ဖြင့် ယမန်နေ့(ဇွန် ၁၀)ကတည်းက CDF ကန်ပက်လက် တပ်ရင်း (၂)၏ ဝကောက်စခန်းကို ဝင်ရောက်စီးနင်းခဲ့ရာ CDF ရဲဘော်များမှ လက်မလွှတ်စတမ်းပြန်လည်ခုခံခဲ့သော်လည်း ကျည်မလုံလောက်မှုကြောင့် စခန်းကို လက် လွှတ်ခဲ့ရသည်ဟု ဖော်ပြသည်။

ထို့ကြောင့် တပ်ရင်းသို့ဝင်ရောက်နေရာယူထားသော စစ်ကောင်စီတပ်များကို ယနေ့နံနက် ၇ နာရီခန့်ကတည်းက CDF ရဲဘော်များကပြန်လည်ဝိုင်းရံတိုက်ခိုက်နေကြောင်း အသိပေးသည်။

အလားတူ ဝကောက်စခန်းဝန်းကျင်အနီး တိုက်ပွဲဖြစ်ပွားချိန်နက် တပြိုင်နက်တွင် ကန်ပက်လက်မြို့ပေါ်၌လည်း စစ်ကောင်စီတပ်နှင့် CDF ရဲဘော်များ တိုက်ပွဲဆက်ဖြစ်နေကြောင်း CDF ကန်ပက်လက်၏ တပ်မဟာမှူး Stephen Shing Thang က ပြောသည်။

လက်ရှိတွင် စကောက်စခန်းအထိုင်မှ ပြန်ထွက်လာနိုင်ခြင်းမရှိသေးသော စစ်ကောင်စီတပ်စစ်ကြောင်းအား စစ်ကူပေးရန်ဟုယူဆရသော ကန်ပက်လက်မြို့ပေါ်မှ အင်အား ၁၀၀ခန့်ပါ စစ်ကြောင်းနှင့် မင်းတပ် (၂၇၄)တပ်ရင်းမှ အင်အား ၁၀၀ ခန့်ပါစစ်ကြောင်းတို့ လှုပ်ရှားလာနေကြောင်း ၎င်းက အသိပေးထားသည်။

CDF တပ်ရင်း(၂)ဝကောက်စခန်းကို ဝင်စီးသော စစ်ကောင်စီတပ်စစ်ကြောင်းကို CDF နှင့်အတူ PDF-SAW တပ်ရင်း – ၂(YRPA)မှ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၅ဦးခန့်သေတုံးကာ ၃၀ခန့်ဒဏ်ရာရခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၏ NUG Pay မိုဘိုင်းငွေပေးချေမှုကို မကြာခင် စတင်သုံးစွဲနိုင်တော့မည်ဟု NUG စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှု ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦးက မေလတွင် သတင်းမီဒီယာများကိုပြောကြားခဲ့ပြီးနောက် စစ်ကောင်စီဘက်က ပြည်သူလူထုကို ယခုလိုခြိမ်းခြောက်ခြင်းဖြစ်သည်။

သတင်း

ယနေ့နေ့လယ် ၁ နာရီခန့်က မြောင်နယ် ပန်းညိုရွာသို့ရောက်နေသော စစ်သားများသည် ဧရာဝတီမြစ်အတွင်း ရေဆင်းကူးရာ တစ်ယောက်မှာ ရေနစ်သွားသဖြင့် နှစ်ယောက်က ဆင်းပြီးဆယ်ရာသုံးယောက်လုံး ရေနက်သေဆုံးသွားခြင်းဖြစ်ကြောင်း ဖော်ပြသည်။

သတင်း

မကွေးတိုင်း ရေစကြိုမြို့နယ် သစ်ကြီးတောရွာကို မီးရှို့ပြီး ပြန်ထွက်လာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ကြောင်းနှင့် စစ်ကောင်စီတပ်များ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာ၍ ပြည်သူလူထုများ ဂရုစိုက်ရှောင်ရှားကြရန် ရေစကြို ပြည်သူ့ကာကွယ်ရေးတပ် (PDF)က အသိပေးသည်။

သတင်း

တော်လှန်ရေး ကြာရှည်လာသည်နှင့်အမျှ ပြည်သူမှ မွေးဖွားလာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နှင့် အကြမ်းဖက် စစ်ကောင်စီတပ်အကြား ထိတွေ့တိုက်ပွဲများ ပိုမိုများပြားလာကြောင်းလည်း သိရသည်။